ဂယ်လီမီးပြတိုက်
ဂယ်လီမီးပြတိုက် သည် သီရိလင်္ကာနိုင်ငံ၊ ဂယ်လီမြို့တွင် တည်ရှိသည့် မီးပြတိုက်တစ်ခု ဖြစ်သည်။[၂] သီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်က ထိန်းသိမ်းထားသည်။ ဤမီးပြတိုက်သည် သီရိလင်္ကာရှိ သက်တမ်းအကြာမြင့်ဆုံး မီးပြတိုက်ဖြစ်သည်။[၃][၁]
Galle Lighthouse | |
တည်နေရာ | Galle Fort Galle Southern Province Sri Lanka |
---|---|
OS grid | [၁] |
ကိုဩဒိနိတ် | 6°01′28.48″N 80°13′09.76″E / 6.0245778°N 80.2193778°Eကိုဩဒိနိတ်: 6°01′28.48″N 80°13′09.76″E / 6.0245778°N 80.2193778°E |
တည်ဆောက်ခဲ့ | 1848 (first) |
ပထမဆုံးမီးထွန်း | 1939 (current) |
အလိုအလျောက် | yes |
ဆောက်လုပ်ရေး | concrete and stone |
မီးပြတိုက်ပုံစံ | cylindrical tower with balcony and lantern |
အမှတ်အသား | white tower and lantern |
မီးပြတိုက်အမြင့် | ၂၆.၅ မီတာ (၈၇ ပေ) |
ဆုံချက်အမြင့် | ၂၈ မီတာ (၉၂ ပေ) |
ပါဝါရင်းမြစ် | mains electricity |
အလင်းရင်းမြစ် | mains power |
အကွာအဝေး | ၄၇ ရေမိုင် (၈၇ ကီလိုမီတာ; ၅၄ မိုင်) |
ဝိသေသလက္ခဏာ | Fl (2) W 15s. |
Admiralty number | F0830 |
NGA number | 27284 |
ARLHS number | SLI-0018 |
အော်ပရေတာ | Sri Lanka Ports Authority[၁] |
သမိုင်းကြောင်း
ပြင်ဆင်ရန်ဂယ်လီတွင် ပထမဆုံးသော မီးပြတိုက်ကို ၁၈၄၈ ခုနှစ်တွင် ဗြိတိသျှတို့က ဆောက်လုပ်ခဲ့သည်။ [၂][၄]၎င်းသည် ၂၄.၄ မီတာ (ပေ ၈၀ ) အမြင့်ရှိသည့် သံမီးပြတိုက်တစ်ခု ဖြစ်သည်။ ပြတိုက်ကို အင်္ဂလန်မှ တင်သွင်းသည့် သံကြွပ်ပြားများဖြင့် တည်ဆောက်ထားသည်။ [၄][၅] ၎င်းကို ဗြိတိသျှဗိသုကာပညာရှင် အလက်ဇန်းဒါးဂေါ်ဒန်က ဒီဇိုင်းရေးဆွဲကာ Pimlico ၏ အင်ဂျင်နီယာဖြစ်သူ Messrs. Robinsonက ဆောက်လုပ်ခဲ့သည်။ [၆][၇]မီးပြတိုက်သည် အဖြူရောင်ဆေးခြယ်ထားပြီး ဂယ်လီဆိပ်ကမ်း၏ အနောက်ဘက်တွင် တည်ရှိသည့် ဂယ်လီခံတပ်၏ အနောက်တောင်ဘက်နေရာဖြစ်သည့် Utrtecht ခံတပ်နေရာတွင် တည်ရှိသည်။ ဤမီးပြတိုက်တွင် ၁၉ ကီလိုမီတာ (၁၂ မိုင်) အဝေးမှ မြင်နိုင်သည့် prolate ရောင်ပြန်များကို တပ်ဆင်ထားသည်။ ဤမီးပြတိုက်သည် ၁၉၃၆ ခုနှစ်တွင် မီးရှို့ကာ ဖျက်ဆီးခံခဲ့ရသည်။[၆][၈][၉] In July 1936 it was destroyed by fire.[၁][၂]
လက်ရှိ ၂၆.၅ မီတာ (၈၇ ပေ) မြင့်သည့် ကွန်ကရစ်မီးပြတိုက်သည် ၁၉၃၉ ခုနှစ်က တည်ဆောက်ခဲ့သည့် ၁၀၀ မီတာခန့် (၃၃၀ ပေ) မြင့်သည့် မီးပြတိုက်ကို ပြန်လည်ကာ တည်ဆောက်ထားခြင်း ဖြစ်သည်။ [၁][၂]
မီးပြတိုက်သည် ရှေးဟောင်းဂယ်လီခံတပ်နှင့် နံရံတစ်ခုသာခြားသည်။ မီးပြတိုက်သည် နည်းဗျူဟာအရ အငူ၏ တောင်ဘက်အစွန်ပိုင်းတွင် တည်ရှိသည်။ ခံတပ်ကတုတ်ရှိ လမ်း၏အထက် ၆ မီတာ (၂၀ ပေ) ခန့်တွင် တည်ဆောက်ထားသည်။ ၎င်းခံတပ်ကတုတ်ကို Point Utrecht Bastion ဟု ခေါ်ကြပြီး ၎င်းမှနေ၍ ဂယ်လီဆိပ်ကမ်းသို့ ဝင်ရောက်လာသည့် မည်သည့်သင်္ဘောကိုမဆို ကောင်းစွာမြင်တွေ့နိုင်သည်။[၁]
ပြင်ပလင့်များ
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ တမ်းပလိတ်:Cite rowlett
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ Galle Light။ Lighthouse Explorer။ Foghorn Publishing။ 22 December 2014 တွင် ပြန်စစ်ပြီး။
- ↑ List of Lighthouses in Sri Lanka။ The Team Traveller။ 14 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 July 2014 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ "Accounts and Papers of the House of Commons" (1850) 53. Parliament of Great Britain.
- ↑ Sailing Directions for the West Coast of India - Issue 159။ United States Hydrographic Office။ 1920။ p. 167။
- ↑ ၆.၀ ၆.၁ "The Civil Engineer and Architect's Journal" (1847) 10.
- ↑ Lewis, Miles (2012). "Construction History". Iron Lighthouses 27: 23–64. Construction History Society.
- ↑ "The Artizan" (December 1874) 5.
- ↑ AS02: Lighthouses of Sri Lanka။ The World Lighthouse Hub။ 6 March 2020 တွင် ပြန်စစ်ပြီး။