ဂရင်းအမှတ်တရဆေးရုံ သည် သီရိလင်္ကာနိုင်ငံ၊ မနိပေမြို့တွင် တည်ရှိသည့် အကျိုးမအမြတ်မယူသည့်ဆေးရုံတစ်ခု ဖြစ်သည်။ ၎င်းကို ၁၈၄၈ တွင် ဒေါက်တာဆာမျူရယ်ဖစ်ဂရင်း (Dr Samuel Fisk Green) က တည်ထောင်ခဲ့သည်။ ပရဟိတာဆေးရုံတစ်ခုဖြစ်ပြီး Jaffna Diocese of the Church of South India (JDCSI) က လုပ်ငန်းဆောင်တာများကို လုပ်ဆောင်လျက်ရှိသည်။

Green Memorial Hospital
Jaffna Diocese of the Church of South India
Map
ပထဝီဝင်ဆိုင်ရာ
တည်နေရာManipay, Jaffna District, Northern Province, Sri Lanka
ကိုဩဒိနိတ်9°43′34.20″N 79°59′53.40″E / 9.7261667°N 79.9981667°E / 9.7261667; 79.9981667ကိုဩဒိနိတ်: 9°43′34.20″N 79°59′53.40″E / 9.7261667°N 79.9981667°E / 9.7261667; 79.9981667
အဖွဲ့အစည်း
ဂရုစိုက်မှုစနစ်Charitable
ငွေကြေးအထောက်အပံ့Non-profit hospital
သမိုင်းကြောင်း
တည်ထောင်ခဲ့1848

ပညာရေး ပြင်ဆင်ရန်

ဤဆေးရုံသည် သီရိလင်္ကာနိုင်ငံရှိ ပထမဆုံးသော ဆေးဘက်ဆိုင်ရာကျောင်းတစ်ခု ဖြစ်ခဲ့သည်။ ဒေါက်တာဂရင်းသည် ၆၀ ကို အမေရိကန် - သီရိလင်္ကာမစ်ရှင်၏ အစိတ်အပိုင်းတစ်ခုအဖြစ် နှစ် ၃၀ ကြာသက်တမ်းတွင် ၎င်းဆေးရုံကို အသုံးပြုကာ ဒေသခံ ၆၀ ကို ဆရာဝန်များဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးခဲ့သည်။ ဂရင်းအမှတ်တရဆေးရုံသည် တောင်အာရှတွင် ဒုတိယမြောက်သက်တမ်းအရှည်ကြာဆုံး သင်ကြားရေးဆေးရုံတစ်ခု ဖြစ်သည်။

လူနာစောင့်ရှောက်မှု ပြင်ဆင်ရန်

၂၀ ရာစုအလယ်ပိုင်းတွင် ဤဆေးရုံသည် ချမ်းသာသူများးနှင့် ဆင်းရဲသူများကို ဆေးဝါးစောင့်ရှောက်မှုပေးသည့်နေရာတစ်ခု ဖြစ်ခဲ့သည်။ ပြည်တွင်းစစ်ကြောင့် ၂၀၀၄ ခုနှစ်တွင် ဆေးရုံသည် ချွတ်ယွင်းသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။[၁] ဤဆေးရုံသည် သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖနာကျွန်းဆွယ်ရှိ ဦးစားပေး ဆေးဘက်ဆိုင်ရာနေရာတစ်ခုအဖြစ် သတ်မှတ်ခြင်း မခံခဲ့ရပေ။[၂][၃] ၂၀၁၇ ခုနှစ်တွင် များစွာသော ပြင်ဆင်မှုများ၊ ပြန်လည်ပြင်ဆင်မှုများကို လုပ်ဆောင်ခဲ့သည်။

ဆေးရုံ၏ ညွှန်ကြားရေးမှူးများ ပြင်ဆင်ရန်

Hospital Leadership
Director(s) Years Nationality Citation
Samuel Fisk Green 1848-1873 American
Mary Scott, Thomas Scott 1893-1913 Canadian [၄]
Isabella Curr 1902 (interim) Scottish

မိတ်ဖက်အဖွဲ့များ ပြင်ဆင်ရန်

မနိပေသူနာပြုကျောင်း ပြင်ဆင်ရန်

ဂရင်းအမှတ်တရဆေးရုံ၏ ညွှန်ကြားရေးမှူးဖြစ်သူ Mary Elizabeth MacCallam Scott သည် သူနာပြုများအား လေ့ကျင့်သင်ကြားပေးသည့် ကျောင်းတစ်ခုကို တည်ထောင်ခဲ့သည်။ ၎င်းကျောင်းကို Willis F. Pierce သူနာပြုကျောင်းဟု အမည်ပေးခဲ့သည်။ ယခုအခါ ထိုကျောင်းကို မနိပေသူနာပြုကျောင်းဟု ခေါ်ဆိုပြီး ဒေသတွင်းရှိ သူနာပြုများ၏ အရည်အသွေးတိုးတက်စေရန် လုပ်ဆောင်ပေးလျက်ရှိသည်။

ဆေးသိပ္ပံအင်စတီကျု ပြင်ဆင်ရန်

ဆေးသိပ္ပံအင်စတီကျုမှ အာရုံကြောပြန်လည်ရှင်သန်ရေးဝန်ဆောင်မှု၊ ဆေးဘက်ဆိုင်ရာအခမဲ့ဝန်ဆောင်မှု၊ Gabriella Rasaiah pediatric အစီအစဉ်၊ အမျိုးသမီးကျန်းမာရေးစင်တာတစ်ခုနှင့် ဂရင်းအမှတ်တရဆေးရုံမှာကဲ့သို့ပင် ပညာရေးဆိုင်ရာအစီအစဉ်များကို ထောက်ပံ့ပေးလျက်ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. You must specify title = and url = when using {{cite web}}.။ Friends of Manipay Hospital။ 3 January 2021 တွင် ပြန်စစ်ပြီး။
  2. Vijayakumar၊ James (2007)။ Green Memorial Hospital, Manipay။ Global Ministries။ 2007-12-29 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-10-31 တွင် ပြန်စစ်ပြီး။
  3. Ambihaipahar၊ R (November 11, 1998)။ Scientific Pioneer: Dr.Samuel Fisk Green။ Colombo: Dhuhlasi Publications။ pp. 130ISBN 955-8193-00-3
  4. Mary, Mary (1897-11-27). "Woman's Medical Mission, Ceylon." (in en). Journal of the American Medical Association XXIX (22): 1126–1126. doi:10.1001/jama.1897.02440480042013. ISSN 0002-9955.