ဂရေစီကားကို ၁၄ ဩဂုတ် ၁၉၃၈ တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ညောင်ပင်ရပ်(အရှေ့)၌ မစ္စတာရော်ဘင်ကားနှင့် ဒေါ်သိန်းမေတို့က ဖွားမြင်သည်။ ၎င်းသည် ကချင်တိုင်းရင်းသူ ဖြစ်ကာ မြန်မာအမည်မှာ မခင်မိုးအေး ခေါ်၍ ဖခင်က လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ကြီးကြပ်ရေးအရာရှိ ဖြစ်သည်။

တန်းကျော်ပြေးချန်ပီယံ
ဂရေစီကား
ဇာတိ အမည်မခင်မိုးအေး
မွေးဖွား၁၄ ဩဂုတ် ၁၉၃၈
ဗန်းမော်၊ ညောင်ပင်ရပ်(အရှေ့)
ပညာရေးဝိဇ္ဇာဘွဲ့၊ ရန်ကုန်တက္ကသိုလ်
မိခင်ကျောင်းဗန်းမော်အထက်တန်းကျောင်း
အလုပ်အကိုင်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး
တက်ကြွလှုပ်ရှားနှစ်များ၁၉၅၄-၁၉၇၉
မိဘ(များ)မစ္စတာရော်ဘင်ကား၊ ဒေါ်သိန်းမေ
ရရှိသည့်ဆုများရွှေ ၂ ဆု၊ ငွေ ၁ ဆု၊ ကြေး ၂ ဆု

ဂရေစီကားသည် မွေးချင်း ၄ ဦးအနက် တတိယမြောက် ဖြစ်ပြီး၊ ငယ်စဉ် ဗန်းမော်မြို့ အထက်‌တန်းကျောင်း၌ ပညာ ဆည်းပူးသည်။ ၁၉၅၄ ခုတွင် ဗန်းမော်အထက်တန်း‌ကျောင်းမှပင် တက္ကသိုလ်ဝင်တန်း အောင်မြင်ကာ ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ရာ ဝိဇ္ဇာဘွဲ့ ရသည်။

နိုင်ငံတကာပြိုင်ပွဲ ပြင်ဆင်ရန်

ဂရေစီကားသည် ၁၉၅၄ ခုတွင် မီတာ ၈၀ တန်းကျော် ပြေးပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ မီတာ ၁၀၀ ပြေးပွဲတို့၌ မြန့်မာလက်ရွေးစင် ဖြစ်လာပြီးနောက် ၁၉၅၉ ခုနှစ် ပထမအကြိမ် ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင် မီတာ ၈၀ တန်းကျော် ပြေးပွဲ၌ ပထမ ရွှေတံဆိပ်၊ ၁၉၆၁ ခုနှစ် ဒုတိယအကြိမ် ကျွန်းဆွယ် ပြိုင်ပွဲ၌ မီတာ ၈၀ တန်းကျော် ပြေးပွဲတွင် ဒုတိယ ငွေတံဆိပ်၊ အလျားခုန်တွင် တတိယကြေးတံဆိပ်တို့ ရသည်။

၁၉၆၂ ခုနှစ် ဖင်လန်နိုင်ငံ၌ ကျင်းပသော လူငယ် အားကစား ပွဲတော်၌ မီတာ ၈၀ တန်းကျော်ပြေးပွဲတွင် စတုတ္ထဆု ရပြီး၊ ၁၉၆၅ ခုနှစ် တတိယအကြိမ် ကျွန်း‌ဆွယ်ပြိုင်ပွဲ အလျားခုန်အလျားခုန်၌ ပထမရွှေတံဆိပ်၊ မီတာ ၈၀ တန်းကျော်၌ တတိယကြေးတံဆိပ်၊ ၁၉၆၆ ခုနှစ် ပဉ္စမအကြိမ် အာရှအိုလံပစ်ပြိုင်ပွဲတွင် အလျားခုန်၌ ဆဋ္ဌမဆုတံဆိပ်တို့ကို ရသည်။

ဘဝနှောင်းပိုင်း ပြင်ဆင်ရန်

ဂရေစီကားသည် အားကစားမှ အနားယူပြီးနောက် အားကစားနှင့် ကာယပညာဦးစီးဌာနတွင် နည်းစနစ်မှူးအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ပြီး နည်းစနစ်မှူးအဖြစ်မှလည်း ၁၉၇၉ ၌ အငြိမ်းစား ယူသည်။ ဂရေစီကားသည် နိုင်ငံဂုဏ်ဆောင် အားကစားချန်ပီယံ တစ်ဦး ဖြစ်သည်။[၁]

ဆက်စပ် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး (ဖေဖော်ဝါရီလ၊ ၂၀၁၃)။ ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ။ မဇ္ဈိမစာပေ။ p. ၄၄။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)