ဂလန်ဒေးဘန်ဂလို သည် သီရိလင်္ကာနိုင်ငံ၊ Bandarawela မြို့တွင် တည်ရှိသည့် ဗြိတိသျှခေတ် အိမ်တစ်ခု ဖြစ်သည်။ ယခုအခါ ဤအိမ်သည် Bandarawela ဗဟိုကောလိပ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

Glendale Bungalow
အထွေထွေ အချက်အလက်များ
မြို့Bandarawela
နိုင်ငံSri Lanka
ဖောက်သည်Bandarawela Central College

သမိုင်းကြောင်း ပြင်ဆင်ရန်

ဒုတိယကမ္ဘာစစ်အရှိန်မြင့်လာသည့်အချိန် ၁၉၄၂ ခုနှစ် ဂျပန်တော်ဝင်ရေတပ်မှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကျောင်းစာသင်ကလေးများကို ကိုလံဘိုမှ ရွှေ့ပြောင်းခဲ့ရသည်။ ကိုလံဘိုမြို့ရှိ ထင်ရှားသည့် ကျောင်းများစွာကို ပိုမိုလုံခြုံသည် ဘန်ဒရာဝီလမြို့ (Bandarawela) သို့ ပြောင်းရွှေ့ခဲ့ကြသည်။ ၁၉၄၂ ခုနှစ်တွင် ကိုလံဘိုမြို့ရှိ တော်ဝင်ကောလိပ် ၁-၃ ခုသည် တာရတ်လမ်းရှိ ယာယီပရဝုဏ်နေရာရှိ ဘန်ဂလိုမှ ဘန်ဒရာဝီလမြို့ရှိ ဂလန်ဒေးဘန်ဂလိုသို့ ပြောင်းရွှေ့ခဲ့ရသည်။ ၁၉၄၄ ခုနှစ် နောက်ပိုင်းတွင် တော်ဝင်မူကြိုကျောင်းသည်လည်း ဂလန်ဒေးသို့ ပြောင်းရွှေ့ခဲ့ရသည်။ ကျောင်းကို ကိုလံဘိုမြို့သို့ လုပ်ငန်းဆောင်တာများ မရွှေ့ပြောင်းမီ ၁၉၄၈ ခုနှစ်အထိ ကိုလံဘိုမြို့၊ တော်ဝင်ကောလိပ်၏ ဘန်ဒရာဝီလာကျောင်းခွဲအဖြစ် ထားရှိခဲ့သည်။ [၁]

တော်ဝင်ကောလိပ်ကို ခွဲထွက်လာပြီးနောက်တွင် ကျန်ရှိနေခဲ့သည့် ပရဝုဏ်မြေ၌ ကျောင်းအသစ်တစ်ခုကို ထူထောင်ခဲ့သည်။ ၂၆ ဧက (၁၁၀၀၀၀ စတုရန်းမီတာ) ကျယ်ဝန်းသည့် ဂလန်ဒေးရှိ မြေပေါ်တွင် မစ္စတာ ဟုတ် (Hoak) က ကျောင်းအသစ် ပေးအပ်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ဝန်ကြီးချုပ် Sir John Kotelawala က ကောလိပ်၏ အဓိကကျောင်းဆောင်နှင့် နှစ်ထပ်ပါသည့် အဆောက်အဦတစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ကျောင်းကို ဘန်ဒရာဝီလအထက်တန်းကျောင်းဟု အမည်ပြောင်းလဲခဲ့သည်။ ၁၉၇၂ ခုနှစ် နောက်ပိုင်းတွင် Bandarwela Madya Maha Vidyalaya (ဘန်ဒရာဝီလဗဟိုကောလိပ်) ဖြစ်လာခဲ့သည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. St. Thomas’ College, Bandarawela - Sixty years ago။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 May 2021 တွင် ပြန်စစ်ပြီး။
  2. History of Bandarawela Central College Archived 2013-07-25 at the Wayback Machine.