[၁] အရှင်အာနန္ဒာထေရ်၏ မေးလျှောက်ထားချက်အရ “ကဿပဘုရားရှင် လက်ထက်တော်အခါက ဤနေရာ၌ ဂဝေသီအမှူးရှိသော ဥပါသကာ ငါးရာတို့ ရဟန်းပြုကြပြီး အဆင့်ဆင့် လွန်ကဲသည်ထက်လွန်ကဲ မွန်မြတ်သည်ထက် မွန်မြတ်သော တရားတို့ကို အားထုတ်ကြခြင်းကြောင့် “အနုတ္တရဝိမုတ္တိ” (အရဟတ္တဖိုလ်)ကို မျက်မှောက်ပြုနိုင်ကြပုံကို မိန့်ကြားတော်မူပြီး “ငါတို့လည်း အဆင့်ဆင့် လွန်ကဲသည် ထက်လွန်ကဲ မွန်မြတ်သည်ထက် မွန်မြတ်သော “အနုတ္တရဝိမုတ္တိဓမ္မ”ကို မျက်မှောက်ပြု နိုင်အောင် အားထုတ်ကြရမည်-ဟု ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၁၈၉-၁၉၂။ အံ၊မြန်၊၂၊၂၄၁-၅။ အံ၊ဋ္ဌ၊၃၊၆၃-၄။ အံ၊ဋီ၊၃၊၅၄-၅၅။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ စတုတ္ထပဏ္ဏာသက(၁၈) ၃-ဥပါသကဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ