ဂဝံဓလေ့
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
ဆရာကြီး လုစ် (G H Luce) က Laterite culture ဟု စတင်ခေါ်ခဲ့သည်။ သူပေးတဲ့ နမူနာ့က ဇုတ်သုတ်ရွာ ထီးစောင်းဘုရား umbrella slanting pagoda နှင့် ဆင်တပ်မြင်းတပ် တံတိုင်းတို့ ဖော်ပြ ထားသည်။ ဆင်တပ်မြင်းတပ်ကို မြိုတံတိုင်း လို့လုစ် ဖော်ပြပေမယ့် မြို့ ဘယ်မှာရှိမှန်း ဖော်ပြမသွားဘူး။ သူ မသိ မမြင်ခဲ့ သေးလို့ပါပဲ။ ဂဝံ မြို့တော်ဟောင်းတွေ အများကြီးရှိသည်။
မြစ်ဝမှာတောင်တန်းရှိရင် တောင်အခြေကုန်းစောင်းမှာ ဂဝံလွင်ပြင်ရှိမယ်။Escarpment လို့ခေါ်တယ်သထုံမြို့ဟောင်းကြီးတည်ထားတဲ့ မြသပိတ်တောင်အနောက်စောင်းဟာ အကောင်းဆုံးနမူနာပါပဲ။ အဲဒီဂဝံမြေလွာရဲ့အောက်မှာမိခင်မြေလွှာ mother rock ကဂရက်နိုက် လိပ်သဲ နှမ်းဖတ်ကျောက်ပေါ့မော်လမြိုင် လမ်းပေါ်က မုတ်ပလင် ကျောက်မိုင်းရောက်တဲ့အခါကြည့်ပေါ့။ ဂဝံကုန်းတွေပေါ် သစ်တော ဝါးတောတွေ ပေါက်နေတော့အရွက်တွေအကိုင်းခြောက်တွေကြွေပီးမြေဆွေး မြေညို တစ်လွာအပေါ်ကဖုံးအုပ်နေမှာပေါ့ လူတွေ မြို့ရွာတည် အိမ်ဆောက်လုပ်တော့ သစ်တောကိုခုတ်ထွင်ရှင်းလင်းပြီးမြို့တည်တယ်။ မိုးများပီး ပင်လယ်နဲ့နီးတဲ့နေရာဖြစ်လို့ရေလွတ်တဲ့ ကုန်း ဗွက်မပေါက်တဲ့နေရာကိုရွေးတာပဲမြို့ကြီးဆိုတော့ ကျုံးတူးရတယကျုံးထဲရေသွင်းဖို့လိုတော့တောင်ကျစမ်းရေလိုချင်လို့တောင်ခြေ တောင်စောင်းကို ရွေးရတာလဲပါမယ်။ သထုံလိုပဲ ကျိုက်ကသာ ဇုတ်သုတ် စတဲ့မြို့ကြီးတွေ ကတိုက် မရမ်းကုန်း တုံဝန်း ဆင်မြူကျွန်း မုသင် စတဲ့မြို့ကုန်းငယ်တွေ မွန်ပြည်နယ် ကရင်ပြည်နယ် တကြောလုံးက ရွာဟောင်းကုန်းတွေဟာဂဝံနဲ့မကင်းပါဘူး။ ရန်ကုန်တိုင်း နဲ့ ပဲခူးတိုင်းအတွင်း မှာလဲဘဲ ရှာရင် တွေ့ပါတယ် ဥပမာ ပဲခူးတိုင်း ဝေါမြို့နယ်ကကြုံတူ လိုနေရာမျိုး ရန်ကုန်တိုင်း သံလျင် ကျောက်တန်း ကထမလုံ ကျိက်ခမီ နဲ့ ပါဒကြီးလိုနေရာတွေပေါ့။
ဂဝံကိုမြေကဘယ်လိုထုတ်ယူရသလဲ ယနေ့ခေတ်ဂဝံကျောက်ထုတ်ကျင်းတွေကိုလိုက်ကြည့်ရင်
ထုတ်လုပ်ပုံနည်းကိုသိမယ်။ မြေပြင်မှာလေးထောင့်ကျင်းတွေနဲ့တနိုင်တပိုင်ထုတ်ကြတာပဲ။
ဂင်္ဝနှစ်မျိုးထုတ်တယ်။ အရင့် နဲ့ အနု ဆိုပါတော့။ အရင့် က အောက်ခံရေကျော water table နဲ့ပို ဝေး ပိုမြင့်ပြီး
ပိုပီးခြောက်သွေ့တယ် ပိုမာတယ်။ သဘာဝရေ နေ လေ တို့ရဲ့ တိုက်စားပြုပြင်မှုကြောင့် အနီရောင်ရှိတယ်။
သူ့ကိုလမ်းခင်းဘို့ထုတ်ယူတာပဲ။ ပြဿနာမရှိပါဘူး။ လေးထောင့်ကျင်းနဲ့တူးထုတ်တဲ့ ဂဝံကတော့
အောက်ခံရေနဲ့နီးလို့ အရောင်ဖြော့ပီး စေးထန့်ထန့်ရှိတယ်။ လိုတဲ့အရွယ်ကို စို့တွေ ပေါက်ချွန်းတွေနဲ့ တိုင်းတာပီးထုတ်တာပဲ။ အုတ်ချပ်ဆိုရင် တစ်တောင်၊ တစ်ထွာ၊တစ်မိုက် အရွယ်လောက်ပဲ ထုတ်မှာပေါ့။
ဘုရားဆင်းတုတစ်ဆူထုဖို့ဆိုရင်တော့ တစ်လံ ၆ပေလာက်အရွယ်အနည်းဆုံး ခုတ်ပီးထုတ်ရတော့မယ်။
ကျင်းထဲမှာထတ်နေတုံး အရုပ်ကို ပြီအောင်ထုဆစ်ရမှာဖြစ်တယ်။ အပြင်ရောက်ပြီးလေသလပ်သွားတာနဲ့
မာကျွတ်ကြွတ် ဖြစ်သွားမယ်။ ဂဝံ အုတ်ကို မီးမဖုတ်ရတဲ့အုတ် unburnt brick လို့ခေါ်ကြတယ်။
ကျေက်ဆစ်ဂဝံရုပ်တုအရွယ်ဘယ်လောက်တွေ့ဖူးကြသလဲကြုံတူဘုရားမှာခြင်သေ့နှစ်ကောင်
အမြင့် ၆ပေကျော်လောက်ရှိမယ် မြေမီးဖုတ်စဉ့်ကွင်းရုပ်ကြွချပ်တွေ လက်ရေးစင်းအုတ်ချပ်တွေနဲပူးတွဲ
တွေ့ရတာကိုထောက်ရင် အစောပိုင်းခေတ်လက်ရာပဲတစ်ပေခွဲအရွယ်ခြင်သေ့မျက်နှာ ရုပ်တု၊ ဂဠုံ ရုပ်တုလဲရှိ
သေးတယ်။ ဇုတ်သုတ် ဆင်ထပ်မြင်းထပ်တံတံတိုင်းမှာတော့ တစ်ရုပ်ကိုဂဝံနစ်ပြား ဆက်ပြီးထုထားတယ်။
panelတစ်ခုအကြား အထောင်ညှပ်တဲ့ဂဝံတုံးကျတော့ တစ်လုံထဲပဲ မျက်နာဖက်ကို
ကလသာအိုး(မဂ်လာရှိခြင်းအမှတ်) သုံးလုံးဆင့်ထပ်နေပုံ ထုတယ်။ အောက် ၊အထက် ဖောင်းလုံး ဖောင်းပြား
တန်းတွေ ဂဝံကျေက်ဆစ်ပြီးညပ်တယ်။ ကျိုက်ထီးဆောင်းက ဂဝံကျေက်ဆစ်ရပ်တွေက ရှားပါးပစ္စည်းတွေပဲ။
ဘိနပ်တော် နဲ့ ပစ်စရံက ဂဝံအုတ်ကြီးတွေရဲ့ အရွယ်အစားဟာ အသေးဆုံးအရွယ်က လူတစ်ယောက်
အုတ်နှစ်ချပ်သယ်နိုင်တယ်။ အလတ်စားအရွယ်ကိုတော့ အုတ်တစ်ချပ်ကိုလူ ၂၀ က၂၅ ယောက်သယ်ရမယ်။
အကြီးဆုံးအရွယ်အုတ်ကိုတော့ လူ ၇၀ က ၈၀လောက်သယ်မှရွေ့နိုင်မယ်လို့ ဆိုတယ်။ ပန်းတင်ခုံ၊ဆွမ်းတင်ခံ၊ ဆီမီတိုင်၊ထီးတုင် ၊ထီးရွက်၊ တံခွန်တိုင်၊အရံစေတီ၊အရံဆင်းတု၊ နစ်ကျိပ်ရှစ်ဆူဘုရားကျောက်ဆစ်ပြား၊
လှေခါးရံတိုင် သရက်ကင်း စတာ တွေ အားလုံး ဂဝံ ရုပ်တုတွေပဲ။Open museum ကြီးဖြစ်တယ်။
ဒါပေမယ့် စိတ်ပါလက်ပါ လေ့လာသူနည်းသေးလို့ အားမရပါဘူး။ု
ဒီလောက်များတဲ့ပမာဏ ကျတော့၁၀ ပေပတ်ဘည်လောက်လေးထောင့်ကျင်းလေးနဲ့ထုတ်လို့မဖြစ်
တော့ဘူး၊ကျင်းကြီးနဲ့တူး တော့မယ်အဲဒီလိုကျောက်ထုတ်ပြီးကျန်နေတဲ့ မြေပြင်အမှတ်အသားကိုလဲရှာ
ကြည်ရပါမယ်။ ရှာရင်တွေ့ကာတယ်။ ဆင်တပ်မင်းတပ်ဘေးမှာရေကန်ဟောင်းကြီးက
ကျေက်ကျင်းဟောင်းဲပေါ့။ ထီးဆောင်းဘုရားတောင်ဘက်စောင်းမှာလဲ ဒီလိုကျင်းဟောင်း ရှိတယ်။
ကျိုက်ကသာဘုရားအနီးမှာလဲ ရေကန်ဟောင်းရှိတာပဲ။ သထုံရွှေစာ ရံ ဘုရားရောက်တဲ့အခါ
အရှေ့ဘက်စောင်းတန်းရဲ့ မြောက်ဘက်မှာတွေရမယ့်ရေကန်ကြီး(လိပ်ကန်)ဘုရားတွေတည်တုံး
က အုတ်တူးခဲ့ တဲ့ကျင်းကြီးပေါ့။ ဒီလို တည်ဆောက်ပစ်စည်း material ထုတ်တဲ့နေရာquarry site
တွေကိုလဲရှာတတ်ဖို့ လိုအပ်ပါမယ်။