ခုဒ္ဒကပဌအဋ္ဌကထာ၊ မင်္ဂလာသုတ္တအဖွင့်၌ဂါထာဟူသောပုဒ်ကို 'အက္ခရပဒနိယမိတဂန္ထိတေနဝစနေန'ဟူ၍ အဋ္ဌကထာဆရာ ရှင်မဟာဗုဒ္ဓွဃောသ ဖွင့်ဆိုအပ်သည်နှင့် လျော်စွာ အက္ခရာ ပုဒ်တို့ကို သတ်မှတ်၍ ဖွဲ့ဆိုရေးသားအပ်သော ပါဠိအဖွဲ့ကို ဂါထာဟု ခေါ်သည်။ ဂါထာကို ပဇ္ဇဟူ၍လည်းကောင်း၊ သိလောကဟူ၍ ၎င်း ခေါ်ဆိုသေးသည်။ ဂါထာသည် မြန်မာမှု၌ ကဗျာနှင့် သဘောတူသည်။ သို့ဖြစ် ၍ ဂါထာသည် ပါဠိကဗျာပင်ဖြစ်သည်။

တစ်ဂါထာ၌ လေးပါဒရှိသည်။ မတြာအရေအတွက်ဖြင့် သတ်မှတ်ဖွဲ့ဆိုအပ်သော ဂါထာ၊ အက္ခရာ အရေအတွက်ဖြင့် သတ်မှတ်ဖွဲ့ဆိုအပ်သော ဂါထာဟူ၍ ဂါထာ ၂ မျိုးရှိပြန်သည်။ မတြာဆိုသည်မှာ မျက်စိတစ်မှိတ် လျှပ်စစ်တစ်ပြက် လက် ဖျက် တစ်တီးကာလကို ခေါ်သည်။ သာမန်အားဖြင့် အ၊ ဣ၊ ဥ ဟူသော အက္ခရာများသည် တမတြာရှိ၏။ အသံပေါ့သော ကြောင့် လဟု ခေါ်သည်။ အာ၊ ဤ၊ ဦ၊ ဧ၊ ဩ ဟူသော အက္ခရာများသည် နှစ်မတြာရှိ၏။ အသံလေးသောကြောင့် ဂရုဟု ခေါ်သည်။

မတြာအရေအတွက်အားဖြင့် သတ်မှတ်ဖွဲ့ဆိုအပ်သော ဂါထာ မျိုးကို မတြာဝတ္တိဂါထာဟု ခေါ်သည်။ ထိုမတြာဝတ္တိဂါထာ သည်

  1. အရိယာဂါထာမျိုး
  2. ဂီတိဂါထာမျိုး
  3. ဝေတာလီဂါထာမျိုး
  4. မတ္တာသမကဂါထာမျိုး

ဟူ၍ လေးမျိုးပြားသည်။


  1. ဆဋ္ဌောခိလလဟုဇော်ဝါ၊ ၁၂ မတြာ၊
  2. ဂယုတညေဆဂ္ဂဏာနဇောဝိသမေ။ ၁၈ မတြာ၊
  3. အရိယာယန္တဒ္ဓေလော၊ ၁၂ မတြာ၊
  4. ဆဋ္ဌောန္တေဂေါဂဏာဆညေ ၁၅ မတြာ

အထက်ပါ ဂါထာ၌ ပထမ၊ ဒုတိယနှစ်ပါဒဟူသော ရှေ့ ထက်ဝက်တွင် မတြာ ၃ဝ၊ တတိယ၊ စတုတ္ထနှစ်ပါဒဟူသော နောက်ထက်ဝက်တွင် မတြာ ၂၇၊ ပေါင်း ၅၇ မတြာဖြင့် သတ် မှတ် ဖွဲဲ့ဆိုထားသည်။ ဤဂါထာမျိုးကို အရိယာဂါထာမျိုးဟု ခေါ်သည်။


  1. သဗ္ဗံပထမဒလေယဒိ၊ ၁၂ မတြာ
  2. လက္ခဏမရိယာယဝတ္တမုဘယေသု။ (၁၈ မတြာ)
  3. ယဿာဒလေသုယုတ္တံ၊ ၁၂ မတြာ
  4. ဝတ္တာသာဂီတိဝတ္တယတိလလိတာ။ ၁၈ မတြာ


အထက်ပါဂါထာ၌ ရှေ့ထက်ဝက်တွင် မတြာ ၃ဝ၊ နောက် ထက်ဝက်တွင် မတြာ ၃ဝ၊ ပေါင်း မတြာ ၆ဝ ဖြင့် သတ်မှတ် ဖွဲ့ဆိုထားသည်။ ဤဂါထာမျိုးကို ဂီတိဂါထာမျိုးဟု ခေါ်သည်။

  1. ဝိသမေဆသိယုံကလာမုခေ၊ ၁၄ မတြာ
  2. သမေတွဋ္ဌရလဂါတတောပရိ။ (၁၆ မတြာ)
  3. ဝေတာလီယံတမုစ္စတေ၊ ၁၄ မတြာ
  4. လဟုဆက္ကံနနိရန္တရံသမေ။ ၁၆ မတြာ


အထက်ပါ ဂါထာ၌ ပထမပါဒတွင် ၁၄ မတြာ၊ ဒုတိယ ပါဒတွင် ၁၆ မတြာ၊ တတိယပါဒတွင် ၁၄ မတြာ၊ စတုတ္ထ ပါဒတွင် ၁၆ မတြာ၊ ပေါင်း ၆ဝ မတြာဖြင့် သတ်မှတ်ဖွဲ့ဆို ထားသည်။ ဤဂါထာမျိုးကို ဝေတာလီဂါထာမျိုးဟု ခေါ်သည်။


  1. ယမတီတလက္ခဏဝိသေသယုတံ၊ ၁၆ မတြာ
  2. မတ္တာသမာဒိပါဒါဘိဟိတံ။ ၁၆ မတြာ
  3. အနိယတဝတ္တပရိမာဏသဟိတံ၊ ၁၆ မတြာ
  4. ပထိတံဇနေသုပါဒါကုလကံ။ ၁၆ မတြာ

အထက်ပါ ဂါထာ၌ ပါဒတိုင်းတွင် ၁၆ မတြာစီ အညီအမျှထား၍ ၆၄ မတြာဖြင့် သတ်မှတ်ဖွဲ့ဆိုထားသည်။


ဤဂါထာမျိုးကို မတ္တာသမကဂါထာမျိုးဟု ခေါ်သည်။ အက္ခရာအရေအတွက်အားဖြင့် သတ်မှတ်ဖွဲ့ဆိုအပ်သော ဂါထာမျိုးကို ဝဏ ္ဏဝတ္တိဂါထာဟု ခေါ်သည်။ ထိုဝဏ္ဏ ဝတ္တိဂါထာသည်

  1. သမဝတ္တိ၊ လေးပါဒလုံးတူညီသောဂါထာ
  2. အဎ္ဍသမဝတ္တိ၊ ထက်ဝက်(၂ပါဒစီ)တူညီသောဂါထာ
  3. ဝိသမဝတ္တိ၊တစ်ပါဒနှင့်တစ်ပါဒ မတူညီသောဂါထာဟူ၍ သုံးမျိုးပြားသည်။


  1. ယံ ဒု န္နိ မိတ္တံ အ ဝ မ င်္ဂ လ ဉ္စ၊

ဂ ဂ လ ဂ ဂ လ လ ဂ လ ဂ ဂ

  1. ယော စာ မ နာ ပေါ သ ကု

ဏ ဿ သ ဒ္ဒေါ။ ဂ ဂ လ ဂ ဂ လ လ ဂ လ ဂ ဂ

  1. ပါ ပ ဂ္ဂ ဟော ဒု ဿု

ပိ နံ အ က န္တံ၊ ဂ ဂ လ ဂ ဂ လ လ ဂ လ ဂ ဂ

  1. ဗု ဒ္ဓါ နု ဘာ ဝေ န

ဝိ နာ သ မေ န္တု။ ဂ ဂ လ ဂ ဂ လ လ ဂ လ ဂ ဂ

အထက်ပါဂါထာသည် ၁၁ လုံးစီ အညီအမျှသတ်မှတ်ဖွဲ့ ဆိုထားအပ်သော ဝဏ္ဏဝတ္တိဂါထာမျိုးဖြစ်၏။ လေးပါဒလုံး ဂရုလဟု ဂိုဏ်းနေ ဂိုဏ်းထားတူညီသောကြောင့်သမဝတ္တိ ဂါထာဟု ခေါ်သည်။ (ဂရု ကို ဂ ငယ်ဖြင့်၎င်း၊ လဟု ကို လငယ်ဖြင့်၎င်း ပြထားသည်။)

  1. စ တူ ဟ ပါ ယေ ဟိ သ ဝိ

ပ္ပ မု တ္တော၊ လ ဂ လ ဂ ဂ လ လ ဂ လ ဂ ဂ

  1. ဆ စ္စာ ဘိ ဌာ နာ နိ အ ဘ

ဗ္ဗ ကာ တုံ။ ဂ ဂ လ ဂ ဂ လ လ ဂ လ ဂ ဂ

  1. ဣ ဒ မ္ပိ သံ ဃေ ရ တ နံ

ပ ဏီ တံ၊ လ ဂ လ ဂ ဂ လ လ ဂ လ ဂ ဂ

  1. ဧ တေ န သ စ္စေ န သု ဝ

တ္ထိ ဟော တု။ ဂ ဂ လ ဂ ဂ လ လ ဂ လ ဂ ဂ

အထက်ပါဂါထာသည်လည်း ၁၁ လုံးစီ အညီအမျှဖွဲ့ဆိုထား အပ်သော ဝဏ္ဏဝုတ္ထိဂါထာမျိုး ဖြစ်၏။ သို့သော် ပထမပါဒနှင့် တတိယပါဒ၊ ဒုတိယပါဒနှင့် စတုတ္တပါဒအားဖြင့် ၂ ပါဒစီ ဂရု လဟု ဂိုဏ်းနေဂိုဏ်းထား တူညီသောကြောင့် အဎ္ဍသမဝုတ္တိ ဂါထာဟု ခေါ်သည်။

ခရောပွင့်အမှတ်ပါ အက္ခရာများသည် ပါဒဆုံး ဂရု(ပါဒန္တဂရု)များ ဖြစ်ကြ၏။ ဂိုဏ်းအကြောင်းတွင် ရှုပါ။
  1. အ နေ က ဇာ တိ သံ သာ ရံ၊

လ ဂ လ ဂ လ ဂ ဂ ဂ

  1. သ ာ ဝိ ဿံ အ နိ ဗ္ဗိ သံ။

ဂ ဂ ဂ ဂ လ ဂ လ ဂ

  1. ဂ ဟ ကာ ရံ ဂ ဝေ သ န္တော၊

လ လ ဂ ဂ လ ဂ ဂ ဂ

  1. ဒု က္ခာ ဇာ တိ ပု န ပ္ပု နံ။

ဂ ဂ ဂ လ လ ဂ လ ဂ အထက်ပါဂါထာသည် ၈ လုံးစီ အညီအမျှဖွဲ့ဆိုထားအပ် သော ဝဏ္ဏဝုတ္တိဂါထာမျိုးဖြစ်၏။ လေးပါဒလုံး တစ်ပါဒနှင့် တပါဒ ဂရု လဟု ဂိုဏ်းနေ ဂိုဏ်းထား မတူသောကြောင့် ဝိသမဝုတ္တိဂါထာဟု ခေါ်သည်။ မြန်မာပြည်၌ ဤရှစ်လုံးဖွဲ့ ဂါထာမျိုးကို အဖွဲ့များသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)