ဂါဘီရွန်း သည် လစ်ဗျားဆာဟာကသဲကန္တာရ၏ Idehan Ubari ကန္တရာဒေသတွင် တည်ရှိသည့် ကြီးမားသည့် အိုအေစစ်ရေကန်တစ်ခု ဖြစ်သည်။ လစ်ဗျားနိုင်ငံ အနောက်တောင်ပိုင်းဒေသ၏ ဖက်ဇန်ဒေသ၊ ဆာဘာခရိုင်နှင့်  Wadi al Hayaa ခရိုင်တို့တွင် တည်ရှိသည်။

ဂါဘီရွန်း သည် လစ်ဗျားနိုင်ငံ တွင် တည်ရှိသည်
ဂါဘီရွန်း
Gaberoun location in Libya
Gaberoun Oasis, the lake and sand dunes.

ကန်၏ အရှေ့မြောက်ဘက်ကမ်းခြေတွင် ခရီးသွားများအတွက် ကမ့်နေရာတစ်ခုတည်ရှိသည်။ ၎င်းနေရာတွင် လသာဆောင်များ၊ အိပ်စက်အနားယူသည့်တဲများ၊ လက်ဆောင်ပစ္စည်းဆိုင်များ ရှိသည်။ ကန်၏ ရေသည် ဆားအတော်ပါဝင်လျက်ရှိသည်။ ခြင်များလည်း များစွာ ရှိပြီး အထူးသဖြင့် နွေရာသီတွင်ဖြစ်သည်။ အောက်တိုဘာလမှ မေလသည် သွားရောက်လည်ပတ်ရန် အကောင်းဆုံး ရာသီဥတု ဖြစ်သည်။

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုဩဒိနိတ်: 26°48′11″N 13°32′7″E / 26.80306°N 13.53528°E / 26.80306; 13.53528

ကိုးကား ပြင်ဆင်ရန်