ဂိဖု ဗုဒ္ဓရုပ်ပွားတော်ကြီး
ဂိဖုဗုဒ္ဓရုပ်ပွားတော်ကြီး (岐阜大仏) သည် ဂျပန်နိုင်ငံ၊ ဂိဖုစီရင်စု၊ ဂိဖုမြို့တော်၊ ရှိုးဟိုးဂျိတွင် တည်ရှိသည်။ Kinpouzan Shōhō ကျောင်း၏ ၁၁ ဆက်မြောက် ဘုန်းတော်ကြီး Ichyuu က ၁၉၇၀ ဝန်းကျင်တွင် တည်ဆောက်ရန် စိတ်ကူးရခဲ့သည်။ Ichyuu သည် ထိုဘုရားကြီး မပြီးခင် ၁၈၁၅ ခုနှစ်တွင် ဆုံးခဲ့သည်။ သို့သော် သူ၏ အမွေဆက်ခံသူဘုန်းတော်ကြီး Kohshuu လက်ထက် ၁၈၃၂၊ ဧပြီလတွင် ပြီးစီးခဲ့သည်။ တည်ဆောက်မှုသည် ၃၈ နှစ် ကြာမြင့်ခဲ့သည်။ ရုပ်ပွားတော်သည် ဂျပန်နိုင်ငံတွင် ထောင်လိုက်အနေအထားရှိပြီး ကြီးမားသည့် ရုပ်ပွားတော်များထဲမှ တစ်ခုလည်း ဖြစ်သည်။[၁][၂]
တည်ဆောက်ခြင်း
ပြင်ဆင်ရန်ရုပ်ပွားတော်ကြီးသည် ၎င်း၏ တည်ဆောက်ထားသည့် နည်းလမ်းကြောင့် သူများနှင့်မတူ ထူးခြားသည်။ ပထမအနေဖြင့် အလယ်တိုင်သည် ၁.၈ မီတာရှိပြီး ginkgo သစ်သားဖြင့် ပြုလုပ်ထားသည်။ ဗုဒ္ဓပုံစံကိုမူ ဝါးဖြင့် ရာဇမတ်ကွက်ပြုလုပ်ကာ လုပ်ထားသည်။ ထိုဝါးတို့ကို ရွံ့စေးတို့ဖြင့် လိမ်းကျံထားပြီး ပိဋကတ်များကို ထိုရွှံ့စေးများအပေါ်တွင် ရေးထားသည်။ နောက်ဆုံးတွင် ထိုပိဋကတ်တို့ကို သစ်စေနှင့် ရွှေရောင်အချပ်များဖြင့် ဖုံးအုပ်ထားသည်။[၂]
အတိုင်းအတာများ
ပြင်ဆင်ရန်- ရုပ်တု၏ အမြင့် = ၁၃.၇ မီတာ (၄၄.၉ ပေ)
- မျက်နှာတော်၏ အလျား = ၃.၆၃ မီတာ (၁၁.၉ ပေ)
- မျက်လုံး၏ အလျား = ၀.၆၆ မီတာ (၂.၂ ပေ)
- နား၏ အလျား = ၂.၁၂ မီတာ (၇ ပေ)
- ပါးစပ်၏ အကျယ် = ၁.၃၁ မီတာ (၄.၃ မီတာ)
- နှာခေါင်း၏ အရှည် = ၀.၃၆ မီတာ (၁.၂ ပေ)[၂]
သွားရောက်ရန်
ပြင်ဆင်ရန်JR ဂိဖုရထားဘူတာ (စင်္ကြံ - ၁၁) သို့မဟုတ မိုင်တဲဆုဂိဖုရထားဘူတာ (စင်္ကြံ - ၄) နှင့် နဂရသို့သွားမည့် မည်သည့် ဘတ်စကားဖြင့်မဆို သွားလာနိုင်သည်။
ရုပ်ပုံများ
ပြင်ဆင်ရန်-
Shōhō-ji
-
Shōhō-ji
ကိုဩဒိနိတ်: 35°25′57″N 136°46′19″E / 35.432416°N 136.771903°E
ကိုးကား
ပြင်ဆင်ရန်- ↑ Gifu Great Buddha။ Gifu Convention and Visitors Bureau။ June 5, 2007 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ၂.၂ Gifu Shouhouji Daibutsu။ Kinpouzan Shouhouji Temple။ 11 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 30, 2010 တွင် ပြန်စစ်ပြီး။