ဂိုကန်နဝိဟာရ (Sinhala: ගෝකන්න විහාරය) သည် သီရိလင်္ကာနိုင်ငံအရှေ့ပိုင်းစီရင်စု၊ ထရင်ကိုမလီးမြို့တွင် တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်သည် ဖရဒ်ရစ်ခံတပ်၏ ဝင်ပေါက်နှင့် နီးကပ်စွာတည်ရှိပြီး ခံတပ်ဝင်းအတွင်းထဲတွင် တည်ရှိသည်။

ဂိုကန်နဝိဟာရ
ගෝකන්න විහාරය
The entrance way of the Vihara preises
ဂိုကန်နဝိဟာရ သည် Central Trincomalee တွင် တည်ရှိသည်
ဂိုကန်နဝိဟာရ
Central Trincomalee အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာFort Fredrick, Trincomalee, Sri Lanka
ကိုဩဒိနိတ်08°34′36.4″N 81°14′29.8″E / 8.576778°N 81.241611°E / 8.576778; 81.241611ကိုဩဒိနိတ်: 08°34′36.4″N 81°14′29.8″E / 8.576778°N 81.241611°E / 8.576778; 81.241611
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
ခရိုင်Trincomalee
စီရင်စုEastern Province, Sri Lanka
နိုင်ငံသီရိလင်္ကာနိုင်ငံ
ဗိသုကာ
ဗိသုကာ အမျိုးအစားစေတီပုထိုးများ
ပြီးစီး3rd century AD

သမိုင်းကြောင်း ပြင်ဆင်ရန်

သီရိလင်္ကာနိုင်ငံ၏ ရှေးဟောင်းသုတေသနဌာန၏ ထုတ်ပြန်ချက်များအရ ထရင်ကွန်မလီးကို ရှေးခေတ်အခါက ဂိုကန်နအဖြစ် သိခဲ့ကြသည်ဟု ဆိုသည်။ မဟာဝံသကျမ်းစာတွင်လည်း ဂိုကန်နဝိဟာရကို ဘုရင် Mahasen က သုံးရာစု (၂၇၅ - ၃၀၁ အေဒီ) တွင် Swami ကျောက်ဆောင်ပေါ်တွင် တည်ရှိနေသည့် ရှီဝကျောင်းတော်ကို ဖျက်ဆီးကာ တည်ခဲ့သည်ဟု ဆိုသည်။ ယနေ့အချိန်တွင် ထိုကျောက်ဆောင်ပေါ်တွင် Koneswaram Kovil သည် တည်ရှိလျက်ရှိသည်။ ဘုရင် Agbo V လက်ထက်တွင် ကျောင်းတော်ကို ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး တရားဟောခန်းမဆောင်တစ်ခုကိုလည်း တိုးချဲ့တည်ဆောက်ခဲ့သည်။

တမီလ်ဘာသာစကားဖြင့် ရေးသားထားသည့် ကျောက်စာတစ်ခုကို ခံတပ်၏ အဓိကဝင်ပေါက်အနီးတွင် တွေ့ရှိခဲ့ကြသည်။ ထိုကျောက်စာတွင် ထိုနေရာ၌ ဟိန္ဒူကျောင်းတော်တည်ရှိခဲ့သည်ဟု ဖော်ပြထားသည်။ ထိုဟိန္ဒူကျောင်းတော်ကို ပေါ်တူဂီတို့က ဖျက်ဆီးခဲ့ကြသည်။ နောက်ပိုင်းတွင် ဟိန္ဒူကျောင်းတော်ကို ၁၉၆၃ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ကြသည်။

လက်ရှိကာလ ပြင်ဆင်ရန်

၁၉၆၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ယဉ်ကျေးမှုရေးရာဝန်ကြီးဌာန၏ ထရင်ကွန်မလီးအစိုးရတာဝန်ရှိသူက Koneswaram Kovil ၏ အရှေ့ဘက်ရှိ ဗောဓိပင်သည် ဖျက်ဆီးခြင်းခံခဲ့ရသည်ဟု ဖော်ပြထားသည်။[၁] မကြာသေးမီက ရေငုပ်သမားများသည် တစ်ဝက်တစ်ပျက်နစ်မြုပ်နေသည့် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာကျောက်စာများကို အနီးအနားရှိ ပင်လယ်ပြင်ဧရိယာတွင် တွေ့ရှိခဲ့ကြပြီး ၎င်းတို့ကို ကမ်းခြေသို့ ဆောင်ယူခဲ့ကြသည်။[ကိုးကားချက်လိုသည်]

ကိုးကား ပြင်ဆင်ရန်

  1. Cyril Mathew (1983)။ An Appeal to UNESCO to Safeguard and Preserve the Cultural Property in Sri Lanka Endangered by Racial Prejudice, Unlawful Occupation, Or Wilful Destruction28 October 2014 တွင် ပြန်စစ်ပြီး