ဂိုချန်လျန်

စင်ကာပူနိုင်ငံသား ဘီလျံနာ စီးပွားရေးသမားတစ်ဦး

ဂိုချန်လျန် (၁၉၂၇ မွေး) သည် စင်ကာပူနိုင်ငံသား ဘီလျံနာ စီးပွားရေးသမားတစ်ဦး ဖြစ်ပြီး သုတ်ဆေးနှင့် အပေါ်ဆေးများ ထုတ်လုပ်သော ဝူသလမ် ဦးပိုင် ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဖြစ်သည်။[၁]

ဂိုချန်လျန်
မွေးသက္ကရာဇ် ၁၉၂၇
စင်ကာပူ
နိုင်ငံသား စင်ကာပူ
အလုပ်အကိုင် Nippon Paint တည်ထောင်သူ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၀.၂ ဘီလျံ (၂၀၂၀ ဒီဇင်ဘာ)


ဘဝအစ ပြင်ဆင်ရန်

ဂိုချန်လျန်အား စင်ကာပူတွင် မွေးဖွားသည်။[၂] သူသည် ဝူဆောင်ချန် နှင့် လီရှုရင်းတို့၏ သားဖြစ်သည်။[၃]

အလုပ်အကိုင် ပြင်ဆင်ရန်

သူသည် ပထမဆုံး အိမ်သုတ်ဆေးဆိုင်ကို ၁၉၅၅ တွင် စင်ကာပူ၌ စတင်တည်ထောင်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် နီပွန် အိမ်သုတ်ဆေး၏ အဓိက ဖြန့်ဖြူးသူ ဖြစ်လာခဲ့သည်။[၄]အိမ်သုတ်ဆေး လုပ်ငန်း နှင့် အိမ်ရာ ဖော်ထုတ်ခြင်းလုပ်ငန်းများတွင် ပါဝင်နေသော ဝူသလမ် ဦးပိုင် ကုမ္ပဏီကို ၁၉၇၄ ခုနှစ်တွင် အိမ်ခြံမြေ လုပ်ငန်း လုပ်ဆောင်ရန် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။[၁]

ကိုယ်ရေးကိုယ်တာ ပြင်ဆင်ရန်

သူသည် စင်ကာပူနိုင်ငံတွင် နေထိုင်သည်။ သူ၏ ဂိုဖောင်ဒေးရှင်းသည် ပရဟိတ လုပ်ငန်းဆောင်တာ အချို့အတွက် အများအပြား လှူဒါန်းခဲ့သည်။[၅][၆]

သူ့တွင် ဂိုဟပ်ဂျင်း ဆိုသော သားတစ်ဦးရှိပြီး ၂၀၁၈ မတ်လကတည်းက နိပွန်သုတ်ဆေးလုပ်ငန်း၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိကာ ပုဂ္ဂလိက ဖက်စပ်လုပ်ငန်း တစ်ခု ဖြစ်သော နစ်ပ်ဆီး ကိုလည်း လုပ်ကိုင်လျှင် ရှိသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Wong၊ Sterling (January 19, 2015)။ Raffles Hotel Job Helps Make Goh Cheng Liang Singapore's Richest။ Bloomberg LLC။ 6 June 2015 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Forbes profile: Goh Cheng Liang။ 11 December 2020 တွင် ပြန်စစ်ပြီး။
  3. 立邦漆背后的百亿富豪:从贫穷子弟到亚洲"油漆大王"的励志转身 (in zh-cn) (2018-04-27)။
  4. Our History။ 17 January 2015 တွင် ပြန်စစ်ပြီး။
  5. $12m gift for leukaemia research။ The Straits Times Singapore။ 14 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 June 2015 တွင် ပြန်စစ်ပြီး။
  6. Goh Foundation Endowed Scholarship။ Singapore Management University။ 6 June 2015 တွင် ပြန်စစ်ပြီး။