ဂိုနဂေါလဝိဟာရ
ဂိုနဂေါလဝိဟာရ သည် သီရိလင်ကာလနိုင်ငံ၊ အမ်ပါရာခရိုင် (Ampara)တွင် တည်ရှိသည့် ရှေးဟောင်းဂူကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်ကို ဒေသခံများက ပန်းချိသီးဂိရိယ (သိဂိရိယငယ်) ဟု သိကြသည်။ ကျောင်းတော်သည် သိဂိရိယ (Sigiriya)ရှိ ဆေးရေးပန်းချီများနှင့် ဆင်တူသည့် ဆေးရေးပန်းချီများ ရှိသည်။ ကျောင်းတော်သည် Ampara – Gonagolla လမ်းရှိ Kohombana လမ်းဆုံ၏ အရှေ့ဘက် ၄.၈ ကီလိုမီတာ (၃.၀ မိုင်) အကွာတွင် တည်ရှိသည်။ ကျောင်းတော်ကို သီရိလင်္ကာနိုင်ငံအစိုးရက ရှေးဟောင်းသုတေသနနယ်မြေတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။[၁] ၎င်းကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် အစိုးရဂေဇက်အမှတ် ၁၈၈၄ တွင် ကြေညာခဲ့သည်။[၂]
ဂိုနဂေါလဝိဟာရ | |
---|---|
ගොනාගොල්ල විහාරය | |
A drip ledged cave with frescoes chamber at right side | |
အချက်အလက်များ | |
တည်နေရာ | Gonagolla, Ampara, Sri Lanka |
ကိုဩဒိနိတ် | 07°24′55.9″N 81°39′20.6″E / 7.415528°N 81.655722°Eကိုဩဒိနိတ်: 07°24′55.9″N 81°39′20.6″E / 7.415528°N 81.655722°E |
ဘာသာရေး နှီးနွယ်မှု | Buddhism |
ခရိုင် | Ampara |
စီရင်စု | Eastern Province, Sri Lanka |
နိုင်ငံ | သီရိလင်္ကာနိုင်ငံ |
အမွေအနှစ် သတ်မှတ်ခြင်း | Archaeological protected monument (10 October 2014) |
ဗိသုကာ | |
ဗိသုကာ အမျိုးအစား | Buddhist Temple |
ဗိသုကာ စတိုင် | Cave temple |
သမိုင်း
ပြင်ဆင်ရန်ရှင်းလင်းသည့် အထောက်အထားတစ်ခုမှာ ကျောင်းတော်ရှိဂူများကို ရှေးခေတ် Vedda လူမျိုးများက ပိုင်ဆိုင်ခဲ့ကြသည်ကို ကျောင်းတော်ပရဝုဏ်နယ်မြေအနီးအနားတွင် ရှိနေသည့် ဆေးရေးပန်းချီများကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ထိုအထဲမှ ကျောက်ဂူတစ်ခုတွင် ရှေးခေတ်နံရံဆေးရေးပန်းချီများ ကျန်ရှိနေသည်။ ၎င်းပန်းချီများသည် သိဂိရိယ (Sigiriya) ရှိ ဆေးရေးပန်းရီများနှင့် ဆင်တူနေသည်ကို မြင်တွေ့နိုင်သည်။ ထို့အပြင် ကျောင်းတော်အတွင်းတည်ရှိနေသည့် နှစ်ခုထက်ပိုသည့် ဂူများတွင်လည်း ၃ - ၅ ရာစုကာလက ဗြဟ္မဏီဘာသာစကားဖြင့် ရေးထိုးထားသည့် ကျောက်စာများကို မြင်တွေ့ရသည်။
သို့သော်လည်း ကျောင်းတော်အတွင်း အချို့သော တည်ဆောက်မှုများသည် ဘီစီ ၃ ရာစုက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ [၃]ရှေးဟောင်းကန်နှစ်ခု၏ အကြွင်းအကျန်များနှင့် အနုရာဒပူရခေတ် စေတီ၊ အနီးအနားရှိ နံရံဆေးရေးပန်ချီရှိသည့် ဂူများသည် ဘီစီ ၃ ရာစုကာလက ဖြစ်သည်ကို ဖော်ပြနေသည်။ စေတီတော်တစ်ခု၏ အပျက်အစီးများမှ Chatra ကျောက်တုံးများ၊ ကြီးမားသည့် အဆောက်အဦတစ်ခု၏ အပျက်အစီးများနှင့် ကျောက်တိုင်များ၊ ကျောက်ခင်းထားသည့် စောင်းတန်းများကို ကျောင်းတော်၏ ပရဝုဏ်ပတ်ပတ်လည်တွင် မြင်တွေ့ရသည်။
ဆေးရေးပန်းချီများ
ပြင်ဆင်ရန်၁၉၉၆ ခုနှစ်တွင် ရှေးဟောင်းသုတေသနဌာနသည် အေစီ ၃ ရာစုအချိန်ကာလက ရေးဆွဲခဲ့ကြသည့် ဆေးရေးပန်းချီများကို ကျောင်းတော်ရှိ ဂူတစ်ခု၏ အမိုးခုံးမျက်နှာကြက်တွင် တွေ့ရှိခဲ့ကြသည်။ [၄]ပန်းချီတွင် ငယ်ရွယ်သည့် အမျိုးသမီးကချေသည်တစ်ဦးနှင့် ဗောဓိသတ္တဟု ယူဆရသည့် အမျိုးသားတစ်ဦး၏ ပုံကို မြင်တွေ့ရသည်။ အမျိုးသမီး၏ ရုပ်ပုံသည် သိဂိရိယရှိ အပျိုစင်ရုပ်ပုံများ (၅ ရာစု) နှင့် ချွတ်စွပ်နီးပါး တူလျက်ရှိသည်။ ဤကျောင်းတော်နှင် သိဂိရိယရှိ ရုပ်ပုံနှစ်ခုစလုံးသည် အနီ၊ အဝါ၊ အစိမ်းနှင့် အဖြူရောင်များကို အသုံးပြုကာ မျဉ်းပါးများကို အသုံးပြုကာ ရေးဆွဲထားသည်။ [၅]ထိုပန်းချီများမှလွဲ၍ အခြားသောပန်းချီများသည် သမိုင်းမတိုင်မီက Vedda က ရေးဆွဲခဲ့ကြသည်များ ဖြစ်ကြပြီး ၎င်းလက်ရာများကို ကျောင်းတော်ရှိ ဂူအနည်းငယ်တွင် မြင်တွေ့နိုင်သေးသည်။ [၅]
ဝိဟာရရှိ ကျောက်စာများ
ပြင်ဆင်ရန်ကျောက်စာအပိုင်း ၁
ပြင်ဆင်ရန်ကျောက်စာအပိုင်း ၂
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ Gonagolla။ Department of Archaeology။ 6 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2016 တွင် ပြန်စစ်ပြီး။
- ↑ Gazette 1884 & 10 October 2014, p. 922.
- ↑ Gonagolla Monastery (Punchi Seegiriya), Ampara။ Easternsrilanka။ 15 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2016 တွင် ပြန်စစ်ပြီး။
- ↑ Mural paintings in Sri Lanka, Process of evolution။ Daily news (4 February 2004)။ 3 September 2016 တွင် ပြန်စစ်ပြီး။
- ↑ ၅.၀ ၅.၁ Frescoes at Gonagolla Punchi Sigiriya – ගොනාගොල්ල පුංචි සීගිරියේ බිතුසිතුවම්။ Amazing Lanka။ 3 September 2016 တွင် ပြန်စစ်ပြီး။