ဂိုရပ်ပါဆေးရုံ သေဆုံးမှုများ
ဂိုရပ်ပါဆေးရုံ သေဆုံးမှုများ သည် ၂၀၁၇ ခုနှစ် ဩဂုတ်လလယ်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဥတ္တရပဒေသပြည်နယ်၊ ဂိုရပ်ပါမြို့ရှိ နိုင်ငံပိုင် ဘာဘာရာဟပ်ဒတ် ဆေးကောလိပ်တွင် ကလေးငယ် ၇၀ ကျော်[၁] သည် ဆေးရုံသို့ ပေးပို့ထားသော အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးခဲ့ကြသည်။ ဆေးရုံ၏ အောက်ဆီဂျင်ထောက်ပံ့မှုကို ငွေကြေးထောက်ပံ့မှု မရှိသောကြောင့် အောက်ဆီဂျင် ထောက်ပံ့မှုပေးသူဖက်မှ ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
ဥတ္တရပဒေသပြည်နယ်အတွင်း ဂိုရပ်ပါခရိုင်၏ တည်နေရာ | |
အချိန် | ၁၀ ဩဂုတ် ၂၀၁၇–လက်ရှိ |
---|---|
ကြာမြင့်ချိန် | ဖြစ်နေဆဲ |
တည်နေရာ | ဂိုရပ်ပါမြို့၊ ဥတ္တရပဒေသပြည်နယ်၊ အိန္ဒိယနိုင်ငံ |
ကိုဩဒိနိတ် | 26°48′44″N 83°24′3″E / 26.81222°N 83.40083°Eကိုဩဒိနိတ်: 26°48′44″N 83°24′3″E / 26.81222°N 83.40083°E |
သေဆုံးသူ | ၇၂ |
ဖြစ်ရပ်များ
ပြင်ဆင်ရန်ကြွေးမြီ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ပေးရန် ကျန်ရှိနေခြင်းကြောင့် ဘာဘရာဟပ်ဒတ် ဆေးကောလိပ်သို့ အောက်ဆီဂျင်ပေးသွင်းမှုကို အောက်ဆီဂျင်ထောက်ပံ့မှုပေးသူဖက်မှ ရပ်တန့်လိုက်ခြင်း ဖြစ်သည်။[၂] ဩဂုတ် ၁၀၊ ၂၀၁၇ မှစတင်ကာ ပထမ ၄၈ နာရီအတွင်း ကလေးငယ် ၃၀ သေဆုံးခဲ့ရာ၊ မွေးကင်းစဆောင်မှ ၁၇ ဦး၊ ပြင်းထန်ဦးနှောက်ရောင်ကုသဆောင်မှ ၅ ဦး၊ အထွေထွေကုသဆောင်မှ ၈ ဦး တို့ ဖြစ်သည်။ ဥတ္တရပဒေသပြည်နယ်အစိုးရမှ ဆေးရုံအုပ်ကို "ပေါ့ဆမှု"ဖြင့် ဩဂုတ် ၁၂၊ ၂၀၁၇ တွင် ရာထူးမှ ရပ်စဲခဲ့သည်။[၃]
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ ၏ရုံးက ကျန်းမာရေးဝန်ကြီး အန်နုပရီရာ ပတေးနှင့် ပြည်ထောင်စု ကျန်းမာရေး အတွင်းရေးမှူးတို့နှင့် အတူ အခြေအနေအား "အဆက်မပြတ် စောင့်ကြည့်နေသည်" ဟု ဆိုသည်။[၄] ဥတ္တရပဒေသပြည်နယ် ကျန်းမာရေးဝန်ကြီး ဆစ်ဟပ်နတ်ဆင်းက အောက်ဆီဂျင် ပြတ်လပ်မှုသည် သေဆုံးရခြင်းများ၏ အကြောင်းရင်းမဟုတ်ဟု ငြင်းဆိုခဲ့သည်။[၅] ဥတ္တရပဒေသပြည်နယ် ဝန်ကြီးချုပ် ယိုဂီအဒစ်ရာနတ် က မတော်တဆမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်တာဝန်ပေးခဲ့ပြီး "အပြစ်ရှိသူ မည်သူကိုမျှ သက်ညှာခြင်းမရှိစေရ" ဟု ကတိပေးခဲ့သည်။ ပြည်သူလူထုမှ ဖိအားပေးခဲ့ပြီးနောက် ဆေးရုံသို့ ယိုဂီအဒစ်ရာနတ် က ဩဂုတ် ၁၃၊ ၂၀၁၇ တွင် လာရောက်ခဲ့သည်။[၆]
အိန္ဒိယအမျိုးသားကွန်ဂရက်က သီးခြားစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို အိန္ဒိယနိုင်ငံတရားရုံးချုပ်က စောင့်ကြည့်ပေးရန် တောင်းဆိုခဲ့ကြသည်။ ရှေ့နေနှင့် ကွန်ဂရက်နိုင်ငံရေးသမား ဂျဗာရှာဂေး က "သေဆုံးမှုများအတွက် ဝန်ကြီးချုပ်၊ ကျန်းမာရေးဝန်ကြီး၊ ဆေးကောလိပ်ကျောင်းအုပ် တို့တွင် တာဝန်ရှိသည်။ ဥတ္တရပဒေသပြည်နယ်အစိုးရသည်လည်း သွေးစွန်းခဲ့ပြီ။ သူတို့သည် ဖုံးကွယ်ရန်အတွက် လုပ်ဆောင်နေကြသည်။" ဟု ပြောဆိုခဲ့သည်။[၇]
ကိုးကား
ပြင်ဆင်ရန်- ↑ Gorakhpur hospital deaths: Yogi Adityanath, J P Nadda visit BRD as death toll rises to 72။ The Indian Express (13 August 2017)။ 13 August 2017 တွင် ပြန်စစ်ပြီး။
- ↑ 30 Children Die in Indian Hospital Over 2 Days; Critics Cite Oxygen Shortage။ The New York Times (11 August 2017)။ 13 August 2017 တွင် ပြန်စစ်ပြီး။
- ↑ Husain၊ Yusra (12 August 2017)။ Gorakhpur hospital deaths: BRD Medical College principal suspended။ The Times of India။ 13 August 2017 တွင် ပြန်စစ်ပြီး။
- ↑ Udayakumar၊ Ganesh Kumar Radha (12 August 2017)။ PM Narendra Modi is constantly monitoring situation in Gorakhpur, his office says။ India Today။ 13 August 2017 တွင် ပြန်စစ်ပြီး။
- ↑ Sharma၊ Aman (13 August 2017)။ Oxygen doesn’t seem to be reason for Gorakhpur children dying: UP Health Minister SN Singh။ 13 August 2017 တွင် ပြန်စစ်ပြီး။
- ↑ Basu၊ Snigdha (13 August 2017)။ Facing Anger, Yogi Adityanath Visits Gorakhpur Hospital: 10 Points။ NDTV။ 13 August 2017 တွင် ပြန်စစ်ပြီး။
- ↑ Congress Calls For Supreme Court Monitored Probe Into Gorakhpur Deaths။ NDTV (13 August 2017)။ 13 August 2017 တွင် ပြန်စစ်ပြီး။