[၁] သီချင်းသံဖြင့် တရားဟောသောပုဂ္ဂိုလ်၏ အပြစ်ငါးပါးတို့ကို ဟောတော်မူသည့်သုတ်။ [၂]


ဂီတဿရသုတ် သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ရှည်စွာသော သီချင်းသံဖြင့် တရားဟောသော ပုဂ္ဂိုလ်၏ အပြစ်ငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၃]

ဂီတဿရသုတ် ပြင်ဆင်ရန်

ရဟန်းတို့ ရှည်စွာသော သီချင်းသံဖြင့် တရားဟောသော ပုဂ္ဂိုလ်၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်းဟူမူ -

  • မိမိကိုယ်တိုင်လည်း ထိုအသံ၌ စွဲမက်၏။
  • သူတပါးတို့သည်လည်း ထိုအသံ၌ စွဲမက်ကုန်၏။
  • “ငါတို့ သီချင်းဆိုသကဲ့သို့ ထို့အတူ သာကီဝင်မင်းသား ဘုရားသားတော် ရဟန်းတို့သည် သီချင်းဆိုကုန်၏” ဟု လူဒါယကာတို့သည် ကဲ့ရဲ့ကုန်၏။
  • အသံပြုပြင်ခြင်းကို အလိုရှိသော ရဟန်းအား သမာဓိပျက်စီးခြင်း ဖြစ်၏။
  • နောင်လာနောက်သားသည် အတုလိုက်၏။

ရဟန်းတို့ ရှည်စွာသော သီချင်းသံဖြင့် တရားဟောသော ပုဂ္ဂိုလ်တို့၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။[၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၂၁၉။ အံ၊မြန်၊၂၊၂၇၆။ အံ၊ဋ္ဌ၊၃၊၇၈။ အံ၊ဋီ၊၃၊၇၇-၈။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ပဉ္စမပဏ္ဏာသက၊ (၂၁)၁-ကိမိလဝဂ္ဂ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ ၅ - ပဉ္စမ ပဏ္ဏာသက၊ ၅-ပဉ္စမသုတ် ငါးဆယ်၊ (၂၁) ကိမိလဝဂ်၊ ၉-ဂီတဿရသုတ်။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ သာသနာ - ၂၅၄၁၊ ကောဇာ - ၁၃၅၉၊ ၁၉၉၈ ခုနှစ်။ pp. ၂၇၆။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)