ဂုဏ်ဆယ်ပါး
ဂုဏ်ဆိုသည်မှာ "ဂုဏ" ဟူသော ပါဠိမှလာသော စကား ဖြစ်သည်။ အဓိပ္ပာယ်ကား အထင်အရှားပြခြင်းဟူ၍ ဖြစ်လေသည်။ သို့ဖြစ်၍ အထည်ကိုယ်ဒြပ်ကို ထူးခြားထင်ရှားအောင်မြင်ပြသော အခြင်းအရာကို ဂုဏ်ဟု ခေါ်ဝေါ်သုံးနှုန်းကြလေသည်။ ဂုဏ်သည် သက်ရှိသက်မဲ့အရာအားလုံးနှင့် သက်ဆိုင်သည်။
စာပေ၌လည်း ဂုဏ်ဟုခေါ်သော ထူးခြားသည့် အခြင်းအရာရှိသည်။ စာဆိုပုဂ္ဂိုလ်တို့သည် စာကိုပညာရှိများ နှစ်သက်ကြစေရန် တန်ဆာဆင်၍ ရေးသားဖွဲ့ဆိုလေ့ရှိကြရာ ယင်းသို့ဖွဲ့ဆိုသဖြင့် ထင်ရှားစွာပေါ်ပေါက်လာသည့် နှစ်သက်ဖွယ်အခြင်းအရာကိုပင် စာပေ၌ဂုဏ်ဟုခေါ်ရသည်။ ယင်းကိုသဒ္ဒါလင်္ကာရ ဟူ၍လည်းခေါ်သည်။ သုဗောဓာလင်္ကာရကျမ်း၌ စာပေအရေးအသားနှင့်ဆိုင်သော ဂုဏ် ၁ဝ ပါးရှိကြောင်း ပြထားလေသည်။[၁] ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်လေသည်။
- ပသာဒဂုဏ် – ကြည်ညိုဖွယ်ရှိခြင်း
- ဩဇဂုဏ် – သိပ်သည်းလေးနက်ခြင်း
- မဓုရတာဂုဏ် – ချိုသာနာပျော်ဖွယ်ရှိခြင်း
- သမ္မတာဂုဏ် – အသံညီမျှခြင်း
- သုခုမာလတာဂုဏ် – သိမ်မွေ့နူးညံ့ခြင်း
- သိလေသဂုဏ် – ပြေပြစ်သောပုဒ်ရှိခြင်း
- ဥဒါရတာဂုဏ် – လွန်ကဲသောဂုဏ်ရှိခြင်း
- ကန္တိဂုဏ် – နှစ်သက်ဖွယ်ရှိခြင်း
- အတ္ထဗျတ္တိဂုဏ် – အနက်ထင်ရှားခြင်း
- သမာဓိဂုဏ် – တင်စားခြင်း
ရှင်းလင်းချက်
ပြင်ဆင်ရန်ပသာဒဂုဏ်
ပြင်ဆင်ရန်စကားစပ်နီး၍ အနက်သိလွယ်သောပုဒ်များဖြင့် ရေးသားသောအဖွဲ့မျိုးကို ပသာဒဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုရသည်။
“ | ပရိက္ခရာ၊ ဥစ္စာ အိမ်ထောင်၊ ကုန်အောင် ခြွေရွေ၊ စွန့်ခဲ့ပေ၍၊ မနေလူရပ်၊ တောသို့ကပ်လည်း၊ (ပါရမီခန်း)။ | ” |
ဩဇဂုဏ်
ပြင်ဆင်ရန်စကားလုံးများကို သိပ်သည်းကျစ်လျစ်အောင် ပေါင်းစပ်၍ ရေးသားသောအဖွဲ့ အကျဉ်းကိုအကျယ်ချဲ့၍ အကျယ်ကိုအကျဉ်းချုံး၍ ရေးသားသော အဖွဲ့မျိုးကိုဩဇဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုရသည်။
“ | သံဝိအစ၊ ဝဓလေးလီ၊ ဌာယီနှစ်ပါး၊ပျက်ပွားတည်မှု၊ ကမ္ဘာပြုကို အနုသန္ဓေ၊ ရွှန်းရွှန်းဝေစိမ့် (လောကဝိဒူမော်ကွန်း)။ | ” |
မဓုရတာဂုဏ်
ပြင်ဆင်ရန်အသံတူဌာန်တူ အက္ခရာများပါသည့်ပုဒ်ကို များစွာအသုံးပြု၍ ရေးသားသောအဖွဲ့၊ အက္ခရာတူပုဒ်တို့ကို ထပ်ကာထပ်ကာ အသုံးပြု၍ ရေးသားသောအဖွဲ့မျိုးကို မဓုရတာဂုဏ်နှင့် ပြည့်စုံသည်ဟုဆိုရသည်။
“ | နီလာပတ္တမြား၊ မျက်ကိုးပါးလည်း၊ ဘုရားမြတ်မွန်၊ လာမည်မှန်ဟု၊ (ဂါထာခြောက်ဆယ်ပျို့)။ | ” |
သမ္မတာဂုဏ်
ပြင်ဆင်ရန်ပဒတိုင်း၌ အသံနူးညံ့သော သိထိလအက္ခရာများများ အညီအမျှထား၍ဖြစ်စေ၊ အသံကြမ်းတမ်းသော ဓနိတအက္ခရာများများ အညီမျှစီထား၍ဖြစ်စေ၊ သို့မဟုတ်နှစ်မျိုးအညီအမျှ စီထား၍ဖြစ်စေ ရေးသားသောအဖွဲ့မျိုးကို သမတာဂုဏ်နှင့် ပြည့်စုံသည်ဟုဆိုရသည်။
သုခုမာလတာဂုဏ်
ပြင်ဆင်ရန်အသံနူးညံ့သော သိထိလအက္ခရာများများသုံး၍ အရွတ်အဆိုခက်သောပုဒ်များမပါအောင် ရေးသားသောအဖွဲ့မျိုးကို သုခုမာလတာဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုရသည်။
သိလေသဂုဏ်
ပြင်ဆင်ရန်ဌာန်ချင်းနီးသော အက္ခရာများ ပေါင်းစုထားသည့် ပုဒ်မျိုးဖြင့် ရေးသားလျက် ဓနိတအက္ခရာလည်း အနည်းငယ်ပါသော အဖွဲ့မျိုးကို သိလေသဂုဏ်နှင့်ပြည့်စုံသည်ဟု ဆိုရသည်။
ဥဒါရတာဂုဏ်
ပြင်ဆင်ရန်အလွန်အကြူး ထူးခြားလွန်ကဲခြင်းကို ရေးသားသောအဖွဲ့ကို ဥဒါရတာဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုရသည်။
“ | မုန်ညင်းစေ့တွင်း၊ ဝင်၍စင်္ကြံ၊ သွားစံပပ၊ နေလကိုင်မှီ၊ (မဃဒေဝလင်္ကာ)။ | ” |
ကန္တိဂုဏ်
ပြင်ဆင်ရန်အလွန်အမင်း ချီးကျူးမှုကို လူအများ နှစ်သက်အောင် လောကပြောရိုးပြောစဉ်ထက် မလွန်စေဘဲ ရေးသားသောအဖွဲ့ကို ကန္တိဂုဏ်နှင့် ပြည့်စုံသည်ဟုဆိုရသည်။
“ | တက်ဘို့ဘဝဂ်၊ ကောင်းကင်ကက်ဖြင့်၊ ချင့်တွက်မနိုင်၊ ဉာဏ်မဏ္ဍိုင်ကို၊ (ပါရမီတော်ခန်း)။ | ” |
အတ္ထဗျတ္တိဂုဏ်
ပြင်ဆင်ရန်သဒ္ဒါအနက်အားဖြင့် ဖြည့်စွက်ရန်၊ ဆွဲယူရန် မလိုအောင် ပြည့်စုံထင်ရှားစွာ ရေးသားသောအဖွဲဲ့ကို အတ္တဗျတ္တိဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုရသည်။
“ | ပုဗ္ဗကမ္မ၊ ရှေးကပြုသား၊ကောင်းမှုထဲနှီး၊ ဘုန်းတန်းကြီး၍၊ မင်းထီးဖြစ်လောက်၊ ဘွားလတ်မြောက်က၊ ထိတ်ကြောက်အန္တရာယ်၊ ရှင်းရှင်းပယ်၍၊ မခြယ်စိုးစိ၊ မမှေးငြိတည်း၊ (ပါရမီတော်ခန်း)။ | ” |
“ | အဆွေ၌မှာ၊ သက်တရာလျှင်၊ မနာမဖျား၊ မြင်လိုငြား၏
(မဟာသုတသောမပျို့)။။ |
” |
သမာဓိဂုဏ်
ပြင်ဆင်ရန်လောကစည်းကမ်းနှင့် မဆန့်ကျင်အောင် တင်စား၍ ရေးသားသောအဖွဲ့ကို သမာဓိဂုဏ်နှင့် ပြည့်စုံသည်ဟုဆိုရသည်။ သုဗောဓာလင်္ကာရကျမ်း၌ သမာဓိဂုဏ်ကို တဖန် ၆ မျိုးခွဲခြား၍ ပြဆိုပြန်သည်။
- သက်ရှိသတ္တဝါတို့၏ သဘောကို သက်မဲ့အရာဝတ္ထု၌ တင်စား၍ ဖွဲ့ဆိုခြင်း။
“ | ထားဝယ်မှိုင်းလင်း၊ ဆိုင်းဆိုင်းဝန်းကျင်၊ဘုရားရှင်ကို အကြင်လူနတ်၊ ပရိသတ်တို့၊ ရိုညွတ်နုမော်၊ သာဓုခေါ် လျက်၊ ပူဇော်ကြထွေ၊ ဆွတ်သာစေဟု၊ ပင်ခြေမကြွင်း၊ ညွတ်ကုန်လျှင်း
သည်၊ (ဂါထာခြောက်ဆယ်ပျို့)။ |
” |
- ပုံသဏ္ဌာန်ရှိသော ဝတ္ထုတို့၏သဘောကို ပုံသဏ္ဌာန် မရှိသောအရာ၌ တင်စားခြင်း။
“ | ချမ်းသာဝင်းဝင်း၊ ပြည်မင်းဗိမာန်၊ မြိုက်နိဗ္ဗာန်နှင့်။ (ဆုတောင်းခန်း) | ” |
- အရသာရှိသော ဝတ္ထု၏သဘောကို အရသာမရှိသောဝတ္ထု၌ တင်စားခြင်း။
“ | ဓမ္မခန္ဓာ၊ ငါ့ပညာဟု၊ အင်္ဂါကိုးမည်၊ ရင်နို့ရည်ကို၊ ချမ်းကြည်သောက်များ၊ တက်စီးပွား၍၊ (ပါရမီတော်ခန်း) | ” |
- အရည်၏သဘောကို အရည်မဟုတ်ရာ၌ တင်စား၍ ဖွဲ့ဆိုရေးသားခြင်း။
“ | ဆေးသေလေးကျောက်၊ မဂ်ရည်သောက်က၊ ရှင်မြောက်လန်းလန်း။ (ဆုတောင်းခန်း) | ” |
- ပြုလုပ်တတ်သူ၏သဘောကို မပြုလုပ်တတ်သော အရာ၌တင်စားခြင်း။
“ | အကြံယုတ်မာ၊ မိစ္ဆာလည်းမည်၊ အုံစည်မှက်ရဲ၊ ကိုက်ဆွပ်ခဲဲ၍။ (ဆုတောင်းခန်း) | ” |
- အစိုင်အခဲဖြစ်သော ဝတ္ထု၏သဘောကို အစိုင်အခဲ မဟုတ်သော ဝတ္ထု၌ တင်စားခြင်း။
“ | အစောက်မတ်လတ်၊ မာန်တောင်ထွတ်ကို၊ တိမ်းညွတ်တောက်တို၊ မဂ်စွမ်းဖြို၍။ (ဆုတောင်းခန်း) | ” |
ဂုဏ်ဆယ်ပါးကဗျာ
ပြင်ဆင်ရန်ဤဂုဏ် ၁ဝ ပါး အဓိပ္ပာယ်ကို ကျက်မှတ်ရလွယ်အောင် မန်လယ်ဆရာတော်ဘုရားကြီးသည် မဃဒေဝလင်္ကာသစ်နိဂုံး၌ အောက်ပါအတိုင်း ဖွဲ့ဆိုထားသည်။
ပသာဒေါဇော၊ သဘောထင်စွာ၊ အလင်္ကာနှိုက်၊ ဂါထာယခင့်၊ ကျူးဖွင့်ဆိုသား၊ စပ်သင့်ပုဒ်စဉ်၊ နီးယှဉ်တင့်တယ်၊ သိလွယ်အနက်၊ နှစ်ချက်စုံလှ၊ ပသာဒတည့်၊
ဩဇမှကား၊ သမာသ်များနှင့်၊ စကားနာဖွယ်၊ ကျဉ်းကျယ်ချဲ့ချုံ့၊ မှတ်ပုံ့လက္ခဏာ၊ စွဲသေချာရှင့်၊
တစ်ဖြာထိုမှ၊ ဒီဃပုဒ်ချင်း၊ ရသချင်းနှင့်၊ ဌာန်ခြင်းတူဟုတ်၊ သံယုဂ်ပါယှိ၊ ဓနိပါခြင်း၊ ပုဒ်ချင်းနီးစွာ၊ လွန်သာယာသည့်၊ ပဒါသတ္တိ၊ မည်ရှိခေါ်ပြု၊ မဓုရတာ၊ ခရာတူပုဒ်၊ ထပ်ထပ်ထုတ်လည်း၊ သမုတ်သညာ၊ အနုပ္ပါသ၊ မဓုရတည့်၊
ပဒလေးလီ၊ သိထီလချင်း၊ ညီစေခြင်းနှင့်၊ မယွင်းဓနိ၊ ညီစွာချိက၊ မိဿိရောရာ၊ သုံးမျိုးပါလည်း၊ သမတာခေါ်ထုံး၊ လေးပုဒ်လုံးနှိုက်၊
စီကုံးသိထိ၊ များစေဘိလျက်၊ ဓနိတက္ခရာ၊ နည်းမျှသာလျှင် ပါသည်အချင်း၊ သိမ်မွေ့ခြင်းနှင့် သေခြင်းဟူစွာ၊ လူ့ဝေါဟာကို၊ နတ်ရွာစံကြွ၊ ဆိုခြင်းစသား၊ ဂါမ္မကင်းဝေး၊ ယဉ်ကျေးသမှု၊ ခေါ်ဝေါ်ပြုလည်း သုခုမာလ၊ မည်ထတစ်ဦး၊
ဌာန်နီးစသည် ပေါင်းတည်ပုဒ်ချင်း၊ မကွာခြင်းနှင့်၊ မကင်းဓနိ၊ ပါဘိနည်းလှ၊ သိလေသတည့်။ ကဲဆလွန်ကျူး၊ ဂုဏ်ထူးအယှိ၊ ပြဆိုဘိနှင့်၊ ဝိသေသန၊ ပါသမျှကား၊ ဥဒါရတာ၊ မှတ်ကုန်ရာ၏၊
လူ့ရွာထုံးတမ်း၊ စည်ကမ်းမလွန်၊ ပညဝန်တို့၊ ကောင်းမွန်နှစ်လို၊ ခြင်းရာတို့ကား၊ ရွှင်ပျို့နာအီ၊ ဂုဏ်ကန္တီတည့်၊ ထို့ပြီအပ၊ နေယျပြစ်ကွာ၊ သဒ္ဒါအနက်၊ မထည့်စွက်ဘဲ၊ နှစ်ချက်အရ၊ ထင်စွာလှကား၊ အတ္တဗျတ္တိ၊ သက်ယှိမူရာ၊ သက်မဲ့မှာလျှင်၊ တင်ကာခေါ်ခြင်း၊ အဆင်းယှိမြော်၊ ဆင်းမဲ့ပေါ်တွင်၊ တင်ခေါ်သာညိ၊ ရသာယှိကို၊ မယှိနှိုက်တည်၊ အရည်မဟူ၊ အရည်မူငြား၊ ကတ္တားယှိတဲ့၊ ကတ္တုမဲ့နှိုက်၊ တင်ဖွဲဲ့တဖြာ၊ စိုင်ခဲမာကို၊ ခိုင်မာမဲ့ထက်၊ တင်လျက်ခေါ်ဘိ၊ သမာဓိဟု။
ကဝိလက္ခဏာ၊ ဂုဏ်ဆယ်ဖြာလည်း၊ အလင်္ကာကြီး၊ ပုဒ်တိုင်းပြီးသည်၊ မှီးလော့နောက်လူ ဉာဏ်ခိုးတည်း။
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)