ဂုဏ်ထူးဆောင်တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ်
တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်-မန္တလေး (အင်္ဂလိပ်: Glory Farmer Development Bank Limited; အတိုကောက် G Bank)[၁] သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။
အမျိုးအစား | အများနှင့်သက်ဆိုင်သော |
---|---|
လုပ်ငန်း | ဘဏ် |
တည်ထောင်သည့်နှစ် | ၈ ဇွန်၂၀၁၈ |
ဌာနချုပ် | မြန်မာ |
အရေးပါ ပုဂ္ဂိုလ်များ | ဦး မောင်ကို (ဥက္ကဋ္ဌ) |
ဝက်ဘ်ဆိုက် | gbank.com |
သမိုင်းကြောင်း
ပြင်ဆင်ရန်ဂုဏ်ထူးဆောင်တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၈ ခုနှစ် ဇွန် ၆ ရက်နေ့တွင် ဘဏ်လုပ်ငန်းလိုင်စင်ခွင့်ပြုခဲ့သည်။ ဂုဏ်ထူးဆောင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ ပထမဆုံး ဘဏ်ခွဲကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ စတင်ဖွင့်လှစ် ခဲ့သည်။ ဘဏ် ဥက္ကဋ္ဌ ဖြစ်သူမှာ ဦးမောင်ကို ဖြစ်သည်။ ဘဏ်ခွဲများကို ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ကရင်ပြည်နယ်နှင့်ရှမ်းပြည်နယ် တို့တွင် ဖွင့်လှစ်ထားပြီး ၂၀၂၂ နိုဝင်ဘာလအထိ စာရင်းများအရ ဘဏ်ခွဲ ၁၉ ခုအထိရှိသည်။[၂] [၃] ဘဏ်ရုံးချုပ်များကိုမူ အမှတ် (၁၄၉)၊ ဗိုလ်ချုပ်လမ်းနှင့် မြို့ပတ်လမ်းထောင့်၊ မုံရွာတောင် ရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး နှင့်ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် အိမ်ရာ၊ ည/၄၃၊ ယုဇနလမ်း တို့တွင် ဖွင့်လှစ်ထားသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ List of Private Banks။
- ↑ ဘဏ်ခွဲများ။
- ↑ ကလေးမြို့တွင် ဂုဏ်ထူးဆောင်တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ်ခွဲ ဖွင့်။