ဂုဏ်မလိုကဂုဏ်ပို ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

မုံရွာမြို့ ဇောင်ချမ်းပင်တိုက်ဆရာတော်အား ဂိုဏ်းချုပ်ဘွဲ့အပ်နှင်းသောအခါ ငြင်းပယ်သောကြောင့် သာသနာပိုင်အမိန့်တော်နှင့် တဖန်ပြန်အပ်ရသည်ကို ချီးကျူးဖွဲ့ဆိုထားသော သံချိုကဗျာ ဖြစ်သည်။

ဂုဏ်မလိုကဂုဏ်ပို ပြင်ဆင်ရန်

နန်းတော်ကို ကွမ်းဆော်၍ဆက်စဉ်က၊ ပန်းခက်တင်၊ ပင်ဇောင်ချမ်းသို့၊ တင်ကမ်းချေ၊ ရေတမှုတ်ကဲ့ပြင်၊ တဆုပ်စာသုဒ္ဓါမွှေးဟု၊ လုပ်ကျွေးကာပူဇော်ဖူးနေကျ၊ ကျေးဇူကို သိုမမြှုပ်သင့်ဘု၊ ထိုရုက္ခေဒေဝတံက၊ ပြေပုဂံမှာငွေနဝဒဏ် ဆောင်းရလိမ့်၊ ပြန်ပြောင်းကာ နှုတ်ချိုဖွင့်သတဲ့၊ ကျောင်းဖြူမင်းရာဇဝင်။

အဘိဓမ္မာနှင့်၊ ဝိနယာ သုတ္တန်ကျမ်းတို့၊ နှုတ်စွမ်းငုံ ကုန်အောင်သင်ခဲ့၊ ဇောင်ချမ်းပင်သမိုက်တဲ့၊ ဒုရင် စိုက်ကာဝိဟာရနှင့်၊ သီလသိက္ခာပုဒ်ကယ်တို့ မြူမတင်အောင် ဖြူစင်တဲ့အလုပ်တွေမို့၊ ပင်ရုက္ခေဒေငတာက၊ စေတနာအတုံနှင့်၊ နာဂရာ ရွှေဘုံ မြေ ကုန်ဆုံးစေရော့၊ ထေရ်ဘုန်းခင် ဝင်သာကိတို့၊ တိုင်းအထွာ၊ ဂိုဏ်းဂဏာရှိသမျှ၊ နှိုင်းညှိသော့သွင်။

ဘာဝနေ၊ စာပေကမ္မဋ္ဌာန်းနှင့်၊ ရွှေဇောင်ချမ်းပင် ဥစာရှိတဲ့၊ ကုဋိကာဝိဟာရက၊ စာချသင်ရှင်ရဟန်းတို့၊ ရွှင်လန်းစွာတေဇာဂုဏ်ကြောင့်၊ ရတနာပုံမြို့ရွှေမန်း၏၊ ရဟန်းဘုရင် သင်္ဃာရာဇ်ကယ်က၊ ခွန်းလှစ်ဖော်မိန့်တော်ထုတ်လို့၊ ဂိုဏ်းတော်ချုပ်အရာတင်၊ တကမ္ဘာတွင်လိမ့် ခေတ်မညှိုး။

အရွက်စိပ်ကယ်နှင့်၊ မျက်ရိပ်မှောင်မြရောင်လျှမ်းသည့်၊ ဇောင်ချမ်းအပင်ပေါ်က၊ မောင်ကွမ်းဆော်ကို၊ နန်းတော်ဝထိ၊ လမ်းပြသူဒကာနတ်ကဲ့သို့၊ ဆရာမြတ်မှာဓာတ်သမ္ဘာအရင်းကြောင့်၊ တံဆိပ်ပါ အိတ်ပါနှင်းလှာတော့၊ ငါချင်းတွင်ငါမတူတန်ဘူ့၊ ငြင်းဆန်လျှင် မင်းမာန်မျက်မည်ကြောင့်၊ ခံလက်ဝယ်ယူ၍ထားတော့၊ မြတ်သားတော် နောင်ကြည်စိုးနှင့်၊ ညီအကိုစုက္ကတေးသို့၊ လုပ်ကျွေးပြင်ဘောဇဉ်ဆွမ်းနှင့် သင်္ကန်းတော်လှူရန်ချုပ်လို့၊ အတင်းပင် မင်းတင်လုပ်အလုပ်ကဲ့သို့၊ ဂိုဏ်းချုပ်တော် ထုတ်ဖော်သည့်အမိန့်ငယ်က၊ တော်လှိမ့်ကာ မြေရေစောင်းလို့၊ ဘွေကောင်းကင်ငတိန်မှာညံလိမ့်၊ ကျောင်းဖြူစံ သဏ္ဌာန်မှီးလောက်တဲ့၊ ဇောင်းချမ်းပင် လမ်းထွင်၍နီးပေတဲ့၊ နန်းကြဉ်ရှောင်၊ ရဟန်းရှင် မထီးကဲ့သို့၊ ကြီးတဲ့တန်ခိုး။

ခက်ဆစ် ပြင်ဆင်ရန်

၁။ ဒေဝတံ = ဒေဝတာ (ပါ)၊ နတ်။

၂။ နဝဒဏ် = နဝဒဏ္ဍ (ပါ)၊ ထီးရွက် ကိုးဆင့်ရှိသော ထီးဖြူ။

၃။ အဘိဓမ္မာ = ဘုရားဟော သဘောတရားစာပေ။

၄။ ဝိနယာ = ဝိနည်း၊ ရဟန်းတို့အား ပညတ်သော ဒေသနာ။

၅။ သုတ္တန် = ဘုရားဟောပုံပြင်ဝတ္ထု၊ ကျမ်းဂန်။

၆။ ဒုရင် = အဆောက်အဦး၏ ထိပ်ဖျားတွင် ထင်ရှားစွာပြထားသောအရာ။

၇။ ဘာဝနေ = ဘာဝနာတရား။

၈။ ကုဋီကာ = ကုဋီကာရ (ပါ)၊ လက်သမား။

၉။ သင်္ဃရာဇ် = သံဃရာဇာ၊ ရဟန်းတို့၏ အကြီးအကဲ။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။