ဂေဟစနစ်ဆိုသည်မှာ ဇီဝဆိုင်ရာ သဘာဝပတ်ဝန်းကျင်တစ်မျိုးဖြစ်ပြီး ဒေသတစ်ခုအတွင်းနေထိုင်ကြသော သက်ရှိများနှင့် သက်မဲ့ (အေဘီရောတစ်)များအားလုံး၊ သက်ရှိတို့နှင့် အပြန်အလှန်ဆက်စပ်နေသော ရေ၊ မြေ၊ လေနှင့် နေရောင်ခြည် စသည့် သဘာဝပတ်ဝန်းကျင်၏ ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများ ပါဝင်ကြသည်။

သန္တာကျောက်တန်းတို့သည် ဂေဟစနစ် တစ်မျိုးပင် ဖြစ်သည်။

မိတ်ဆက် ပြင်ဆင်ရန်

ဂေဟစနစ် တစ်မျိုးအတွင်း နေထိုင်ကြသော သက်ရှိများ အားလုံးတို့ကို ကွန်မြူနတီ ဟု ခေါ်သည်။ ကွန်မြူနတီတစ်ခုတွင် မျိုးစိတ်ပေါင်းမြောက်မြားစွာ ပါဝင်နိုင်သကဲ့သို့ မျိုးစိတ်တစ်ခုတည်းလည်းဖြစ်နိုင်သည်။ ပုံမှန် ဂေဟစနစ်တစ်ခုတွင် အပင်များနှင့် နေရောင်ခြည်ဖြင့် အစာချက်လုပ်သော သက်ရှိများမှာ အစာကို ပံ့ပိုးပေးသူများဖြစ်ကြသည်။ ဂေဟစနစ်သည် အမြဲတစေတည်ရှိနိုင်သကဲ့သို့ ခေတ္တခဏမျှသာလျှင်တည်ရှိသော ဂေဟစနစ်လည်းဖြစ်နိုင်သည်။ ဂေဟစနစ်များမှ အစာကွန်ယက်အများအပြားကို ဖြစ်ပေါ်စေသည်။