ဂေးရှား
ဂေးရှား (芸者 )(/ˈɡeɪʃə/; ဂျပန်: [ɡeːɕa])[၁][၂]၊ ဂေးကို (芸子 ) သို့မဟုတ် ဂေးဂိ (芸妓 ) ဆိုသည်မှာ ဂျပန်ရိုးရာ အမျိုးသမီး ဖျော်ဖြေသူများ ဖြစ်ကြပြီး သူတို့ တတ်ကျွမ်းသော ပညာများတွင် ဂျပန် အနုပညာ အမျိုးစုံတို့ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း ပါဝင်သည်။ ဂျပန်နိုင်ငံတွင် လေ့ကျင့်သင်ကြားထားသော အိမ်တွင်းမှုပညာ အရပ်ရပ်နှင့် နှံ့စပ်ကျွမ်းကျင်သူ ပျော်တော်ဆက် မိန်းကလေးဖြစ်သည်။ ဂေးရှားအစစ်မှာ စာရိတ္တ ပျက်စီးသူများ မဟုတ်ပေ။ အလွန်အဖိုးတန်သော လက်ရွေးစင် မိန်းကလေးများဖြစ်၍ အနည်းငယ်သာရှိသည်။ အသက် ၅-နှစ်အရွယ်မှ စ၍ အဆို၊ အက၊ အပျော်၊ အပြုအပြင်၊ ဧည့်ဝတ် စသည်တို့ကို အထူးလေ့ကျင့် သင်ကြားထားကြသည်။[၃]
ကိုးကား
ပြင်ဆင်ရန်- ↑ How to pronounce geisha။ Forvo Media။ 1 June 2020 တွင် ပြန်စစ်ပြီး။
- ↑ English geisha translations။ E-Z-Glot။ 1 June 2020 တွင် ပြန်စစ်ပြီး။
- ↑ လှသမိန် (ဧပြီ ၁၉၇၈)။ "ဂေးရှား" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်ဝီကီမီဒီယာ ကွန်မွန်းစ်တွင် ဂေးရှား
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။