ဂျက်ကလင် မားဇ် (အင်္ဂလိပ်: Jacqueline Mars) သည် ဖောရက်စ် မာ့ဇ် (စီနီယာ) ၏သမီးဖြစ်ပြီး Mars အမည်ရှိ အမေရိကန်သကြားကုမ္ပဏီ ကို စတင်တည်ထောင်ခဲ့သူ Frank C. Mars ၏မြေးဖြစ်သည်။ သူမပိုင်ကုမ္ပဏီရှယ်ယာများသည် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံမျှရှိသည်။

ဂျက်ကလင် မားဇ်
မွေးသက္ကရာဇ် (1939-10-10) ၁၀ အောက်တိုဘာ၊ ၁၉၃၉ (အသက် ၈၄)

ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၄၁.၈ ဘီလျံ
သားသမီး ၃ ဦး

၂၀၁၀ ခုနှစ် မတ်လတွင် သူမသည် ကမ္ဘာပေါ်တွင် ၅၉ ယောက်မြောက် အချမ်းသာဆုံးဖြစ်လာပြီး Forbes မဂ္ဂဇင်းသတင်းအရ United States တွင် ၁၉ ယောက်မြောက်အချမ်းသာဆုံးနှင့် ၄ ယောက် မြောက် အချမ်းသာဆုံး အမေရိကန်အမျိုးသမီးစာရင်းဝင်ခဲ့သည်။ သူမသည် နှစ်ကြိမ်ကွာရှင်းခဲ့ပြီး သားသမီးသုံးယောက်ရှိသည်။

သူမသည် Pittsfield, Massachusetts ရှိ Miss Hall ၏ကျောင်းတွင် တက်ရောက်အောင်မြင်ခဲ့သည်။ ၁၉၆၁ တွင်တော့ Bryn Mawr ကောလိပ်မှ ဘွဲ့ရခဲ့သည်။

အပိုဆောင်းကြည့်ရှုစရာများ ပြင်ဆင်ရန်