ဂျက်မား သို့ မားယွန် ( ၁၉၆၄ စက်တင်ဘာ ၁၀ မွေး) သည် တရုတ်စီးပွားရေးသမား သူဌေးတစ်ဦး ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူနှင့် ပရဟိတသမားတစ်ဦးလည်း ဖြစ်သည်။ သူသည် နိုင်ငံတကာ နည်းပညာ ကုမ္ပဏီအစုအဖွဲ့တစ်ခု ဖြစ်သော အလီဘာဘာ စီးပွားရေးလုပ်ငန်းစု ကို ပူးတွဲတည်ထောင်ခဲ့သူနှင့် ယခင် အမှုဆောင် ဥက္ကဋ္ဌ လည်း ဖြစ်သည်။ ဂျက်မားသည် တံခါးဖွင့်ပြီး ဈေးကွက်မှ မောင်းနှင်သော စီးပွားရေးကို အပြင်းအထန် ထောက်ခံအားပေးသူ တစ်ဦး ဖြစ်သည်။[၁]

ဂျက်မား
ဂျက်မား
မွေးသက္ကရာဇ် ၁၉၆၄၊ စက်တင်ဘာ ၁၀ ရက်
ဟန်ကျိုး၊ တရုတ်
နိုင်ငံသား တရုတ်
အလုပ်အကိုင် Alibaba ၏ ပူးတွဲတည်ထောင်သူ နှင့် အမှုဆောင်ဥက္ကဋ္ဌဟောင်း
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၅၀.၆ ဘီလျံ (၂၀၂၀ ဒီဇင်ဘာ)
ကြင်ဖော် ကျန်ယင်း
သားသမီး

ဂျက်မားသည် တရုတ် စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတကာ သံတမန် တစ်ဦးဖြစ်ပြီး ကမ္ဘာတွင် ဩဇာအရှိဆုံး ပုဂ္ဂိုလ်များစာရင်းတွင် မကြာခဏ ထည့်သွင်းဖော်ပြခြင်း ခံရကာ ဖော်ဘီမဂ္ဂဇင်းမှ သူ့အား ကမ္ဘာ့ဩဇာအရှိဆုံးပုဂ္ဂိုလ်စာရင်းတွင် အဆင့် ၂၁ နေရာ၌ ဖော်ပြခဲ့သည်။[၂] သူသည် ကနဦး စီးပွားရေး လုပ်ငန်းငယ်များအတွက် စံပြပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။[၃]၂၀၁၇ ခုနှစ်တွင် ဂျက်မားအား ဖော်ကျွန်းမဂ္ဂဇင်းမှ ကမ္ဘာ့ အကြီးကျယ်ဆုံးခေါင်းဆောင် ၅၀ စာရင်း တွင် ဒုတိယနေရာ၌ ဖော်ပြခဲ့သည်။[၄]၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် သူသည် အလီဘာဘာမှ အနားယူပြီး ပညာရေးလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများကိုသာ ဆက်လက်ဆောင်ရွက်တော့မည်ဟု ကြေညာခဲ့ပြီး [၅][၆][၇][၈]နောက်တစ်နှစ်တွင် ဒယ်နီယယ် ကျန်းမှ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌနေရာကို ဆက်ခံခဲ့သည်။[၉]

၂၀၂၀ ဇူလိုင်လတွင် သူ၏ ကြွယ်ဝမှုသည် အမေရိကန်ဒေါ်လာ ၄၈.၂ ဘီလီယံ ရှိသဖြင့် တရုတ်နိုင်ငံတွင် မား ဟွာတန် ပြီးလျှင် ဒုတိယမြောက် အချမ်းသာဆုံး ဖြစ်ပြီး ဖော်ဘီမဂ္ဂဇင်း၏ ကမ္ဘာ့အချမ်းသာဆုံး စာရင်းတွင်လည်း နံပါတ် ၂၀ တွင် ပါဝင်ခဲ့သည်။[၁၀] ၂၀၁၉ တွင် ဖော်ဘီမှ ဂျက်မားအား အာရှ၏ ၂၀၁၉ ခုနှစ် ပရဟိတ သူရဲကောင်းများ စာရင်းတွင် ထည့်သွင်းခဲ့ပြီး တရုတ်၊ အာဖရိက၊ ဩစတြေးလျ နှင့် အရှေ့အလယ်ပိုင်းတို့ရှိ ဖွံ့ဖြိုးစဲ လူ့အဖွဲ့အစည်းများကို ကူညီထောက်ပံ့ပေးခဲ့သော သူ၏ လုပ်ငန်းများကြောင့် ဖြစ်သည်။[၅][၁၁]

ကိုးကား ပြင်ဆင်ရန်

  1. "China will struggle to produce another Jack Ma" (in en)၊ The Economist 
  2. "Jack Ma" (in en)၊ Forbes 
  3. "How Jack Ma became the role model for startup generation"၊ www.bloomberg.com 
  4. "Theo Epstein" (in en-US)၊ Fortune၊ 23 March 2017။ 29 July 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 25 December 2018။ 
  5. ၅.၀ ၅.၁ Jack Ma Outlines Bold Vision For His Philanthropy FoundationForbes (2 December 2019)။
  6. China's richest man Jack Ma to stand down from AlibabaMargi Murphy။ Telegraph (8 September 2018)။ 8 September 2018 တွင် ပြန်စစ်ပြီး။
  7. Billionaire Jack Ma prepares for life after Alibaba. He'll retire Monday, report saysLULU YILUN CHEN and TOM MACKENZIE။ Los Angeles Times (7 September 2018)။ 8 September 2018 တွင် ပြန်စစ်ပြီး။
  8. "Alibaba's Jack Ma, China's richest man, to retire from company he co-founded"၊ 8 September 2018။ 5 January 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 25 December 2018။ 
  9. Choudhury၊ Saheli။ "Alibaba announces Jack Ma succession plan: CEO Daniel Zhang to take over as chairman in a year" (in en)၊ CNBC 
  10. Jack Ma (in en)။ 29 July 2020 တွင် ပြန်စစ်ပြီး။
  11. Chung၊ Grace။ Asia's 2019 Heroes Of Philanthropy: Catalysts For Change (in en)။ 3 January 2020 တွင် ပြန်စစ်ပြီး။