ဂျင်းဂေါ့ဂျိ (神護寺) သည် ဂျပန်နိုင်ငံကျိုတိုမြို့တွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ဤကျောင်းတော်သည် ကျိုတိုမြို့လယ်မှ အနောက်မြောက်ဘက်တွင် တည်ရှိသည့် တခအိုတောင်ပေါ်တွင် တည်ရှိသည်။ ဤကျောင်းတော်သည် ရှင်းဂွန်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်၏ အဓိကရုပ်ပွားတော်ကြီးမှာ Bhaisajyaguru ရုပ်ပွားတော် ဖြစ်သည်။

ဂျင်းဂေ့ါဂျိ
Jingo-ji
神護寺
Godai-dō (left) and Bishamon-dō (right)
အချက်အလက်များ
တည်နေရာ5 Takao-chō, Ume-ga-hata, Ukyō-ku Kyoto, Kyoto Prefecture
ဘာသာရေး နှီးနွယ်မှုShingon Buddhism
နိုင်ငံJapan
ဗိသုကာ
စတင်သည့်နှစ်824
ပြီးစီး1934 (Reconstruction)
Kondō
Rōmon (view from within the temple)

ကျောင်းတော်ကို ၈၂၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ဝခဲနိုခိယောမရိုက အစောပိုင်း ရှိနှင့်ပြီး ကိုယ်ပိုင်ကျောင်းနှစ်ခုကို ပေါင်းစည်းကာ ဤကျောင်းတော်ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထိုပေါင်းစည်းခဲ့သည့် ကျောင်းနှစ်ခုမှာ ဂျင်းဂန်းဂျိ (神願寺)နှင့် တခအိုဆန်းဂျိ (高雄山寺) တို့ ဖြစ်ကြသည်။

အဖိုးတန်ပစ္စည်းများ

ပြင်ဆင်ရန်

ဂျင်းဂေါ့ဂျိတွင် ဂျပန်နိုင်ငံ၏ အဖိုးထိုက်သည့်နိုင်ငံရတနာ ၁၆ ခု ရှိသည်။ ၎င်းတို့တွင် ဟွန်းဇွန်း (honzon) နှင့် အခြားရုပ်တုများ ပါဝင်သည်။ အခြားသောတစ်ခုမှာ ၈၁၂ ခုနှစ်တွင် ခူးခိုင်ကရေးသားခဲ့သည့် "အဘီရှီခ (Abhisheka) အမည်စာရင်း" ဟူသည့် စာရင်းဖြစ်သည်။[][]

အဆောက်အဦများ

ပြင်ဆင်ရန်

ဂျင်းဂေါ့ဂျိရှိ အဆောက်အဦများသည် စစ်ဖြစ်ပွား၍ မီးဖြင့် ဖျက်ဆီးခံခဲ့ရသည်။ အိုးနင်းစစ်ပွဲတွင် ဒိုင်းရှိဒိုးကျောင်းဆောင်သာ ဖျက်ဆီးမှုမှ လွတ်မြောက်ခဲ့သည်။ သို့သော်လည်း လက်ရှိကာလ ဒိုင်းရှိဒိုးသည် သက်တမ်းမည်မျှရှိသည်ကိုမူ မသိရှိရပေ။ အိတခုရခဆွတ်ဟိဂဲ (Itakura Katsuhige) သည် ၁၆၂၃ ခုနှစ်တွင် ကျောင်းတော်ကို ပြန်လည်တည်ဆောက်ရန် အမိန့်ပေးခဲ့သည်။ ၁၉၃၀ ခုနှစ်တွင်လည်း အခြားသော ပြန်လည်တည်ဆောက်မှုများကို ပြုခဲ့သည်။

  1. "Takaosan, Jingoji Buddhist Temple" (leaflet published by Jingo-ji)
  2. Guṇabhadra, 394-468။ Buddhist Sutra "Bimashōkyō"World Digital Library

ကိုဩဒိနိတ်: 35°3′18.06″N 135°40′15.12″E / 35.0550167°N 135.6708667°E / 35.0550167; 135.6708667