ဂျန် မာဆာရစ်
ဂျန် မာဆာရစ်သည် မတ်မာဆာရစ်၏ သားဖြစ် ၍ ၁၈၈၆ ခုနှစ်တွင် ပရာဟမြို့၌ဖွားမြင်သည်။ ပရာဟတက္ကသိုလ် နှင့် ဗော့စတန် တက္ကသိုလ်တို့တွင် ပညာ သင်ကြားပြီးနောက် ၁၉၁၉ ခုနှစ်မှစ၍ ချက်အစိုးရ၏ နိုင်ငံခြားရေးဌာနသို့ ဝင်ရောက်အမှုထမ်းသည်။ ၁၉၁၅ ခုနှစ်တွင် ဗြိတိန်နိုင်ငံသို့ သံအမတ်အဖြစ်ဖြင့် သွားရောက်ရသည်။ ၁၉၃၈ ခုနှစ်အထိ ယင်းရာထူးတွင် အမှုထမ်းရ သည်။ ၁၉၃၉ ခုနှစ်တွင် သံအမတ်ရာထူးမှ နုတ်ထွက်လိုက် သည်။
ထိုနောက် ဒုတိယကမ္ဘာစစ်အတွင်း လန်ဒန်မြို့၌ ၁၉၄ဝ ပြည့်နှစ်တွင် ဖွဲ့စည်းထားသော ချက်ကိုဆလိုဗားကီးယား ယာယီ အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည်။ ၁၉၄၁ ခုနှစ် မှ ၁၉၄၅ ခုနှစ်အတွင်း အဆိုပါ အစိုးရအဖွဲ့၏ ဒုတိယဝန်ကြီးချုပ် အဖြစ် အမှုထမ်းဆောင်ရပြန်သည်။ စစ်ကြီးအပြီး ၁၉၄၅ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရလေသည်။ ကမ္ဘာ့ကုလ သမဂ္ဂ၏ ဆန်ဖရန်စစ္စကို ညီလာခံတွင် ယန်မာဆာရစ်သည် ချက်ကိုဆလိုဗားကီးယား ကိုယ်စားလှယ်များ၏ ခေါင်းဆောင်အဖြစ် ဖြင့် ဦးစီး၍ တက်ရောက်ခဲ့လေသည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကွန်မြူနစ် အစိုးရတက်လာပြီးသည့်နောက် နိုင်ငံခြားရေး ဝန်ကြီးအဖြစ်ဖြင့် ဆက်လက်ဆောင်ရွက်နေခဲ့ရာမှ ထိုနှစ် မတ်လ ၁ဝ ရက်နေ့တွင် မိမိကိုယ်ကို အဆုံးစီရင်လိုက်သည်ဟုဆိုသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)