ဂျပန်နိုင်ငံရှိ ဗုဒ္ဓဘာသာကျောင်းတော်များ

ဗုဒ္ဓဘာသာကျောင်းတော်များ (ရှင်တိုကျောင်းတော်များ အပါအဝင်) သည် ကျော်ကြားပြီး အရေးကြီးသည့် ဂျပန်နိုင်ငံ၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အဆောက်အဦးများ ဖြစ်သည်။ ဂျပန်ဘာသာစကားဖြင့် ကျောင်းတော်ကို တဲရ(寺) ဟု ခေါ်ဆိုသည်။ အချို့သော ခန်ဂျအသံထွက်တွင်မူ “ဂျိ” ဟု ထွက်လေ့ရှိသည်။ ဂျပန်နိုငံရှိကျောင်းတော်များ၏ အမည်များသည် များသောအားဖြင့် “ဒဲရ”၊ “ဂျိ” စသည့်အသံများဖြင့် အဆုံးသတ်လေ့ရှိသည်။ အခြားသော အသံထွက်တစ်ခု ဖြစ်သည့် အင်း (院) ကိုမူ ပုံမှန်အားဖြင့် အရေးပါလေ့မရှိသည့် ကျောင်းများအတွက် အသုံးပြုသည်။

ကိုးကား ပြင်ဆင်ရန်