ဂျပန်နိုင်ငံရှိ မြစ်များစာရင်း
ဂျပန်နိုင်ငံရှိ မြစ်များသည် များသောအားဖြင့် အရှည်မှာတိုတောင်းကြပြီး တောင်ထူထပ်သည့် ပထဝီသွင်ပြင်ကြောင့် မြစ်များသည် နက်စောက်ကြသည်။ ၎င်းနှင့်ပတ်သက်ပြီး ဒတ်ချ်လူမျိုးအင်ဂျင်နီယာတစ်ဦးဖြစ်သည့် Johannis de Rijke သည် တိုယာမစီရင်စု၊ ဂျောဂန်ဂျိမြစ်သို့ သွားရောက်လည်ပတ်သည့်အခါတွင် "ဤအရာတို့သည် မြစ်မဟုတ်၊ ရေတံခွန်တစ်ခုဖြစ်သည်" ဟူ၍ ဖြစ်သည်ဟု ဆိုခဲ့သည်။
ဂျပန်နိုင်ငံရှိ မြစ်များသည် တောင်ထူထပ်သည့်တောများထဲမှ စတင်ဖြစ်ပေါ်လာခဲ့ပြီး V ပုံသဏ္ဌာန်ရှိကြသည်။ မြစ်များ၏ အောက်ပိုင်းတွင် သီးနှံများကို စိုက်ပျိုးကြပြီး မြို့များ တည်ရှိကြသည်။ အချို့မြစ်များတွင် ဆည်များကို တည်ဆောက်ကာ ရေနှင့် လျှပ်စစ်ထောက်ပံ့ပေးကြသည်။
အရှည်ဆုံးမြစ်မှာ ရှိနနိုမြစ် ဖြစ်သည်။ ၎င်းမြစ်သည် နဂနိုစီရင်စုမှ နီးဂတစီရင်စုအထိ စီးဆင်းနေသည်။ တိုတဲမြစ်သည် ရေဝေရေလဲအကြီးဆုံးဖြစ်ပြီး တိုကျိုမြို့ပြဒေသရှိ လူပေါင်း ၃၀ ကျော်ကို ရေအထောက်အပံ့ပေးလျက်ရှိသည့် မြစ်တစ်ခု ဖြစ်သည်။