ဂျပန်ဘာသာစကား(နိဟွန်း-ဂို "Nihon-go" သို့ နစ်ပွန်ဂေါ့ "Nippon-go")(日本語) သည် အရှေ့အာရှရှိ ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံတွင် ရေးသားပြောဆို အသုံးပြုသော ဘာသာစကားတစ်ခုဖြစ်သည်။ တူညီသောဘာသာစကားမိသားစုမှ ဆင်းသက်လာသည့် တားကစ်ချ်၊ မွန်ဂိုလီယမ်း နှင့် ဂျပန်ဘာသာစကားတို့၏ မူလရင်းမြစ်ဖြစ်သည် အော်တာအစ်ဘာသာစကားဖြစ်သည်ဟု သီအိုရီအရ သိရှိရသည်။ ဂျပန်နိုင်ငံနှင့် ပတ်သက်သည့် အစောဆုံး မှတ်တမ်းကို တရုတ်လူမျိုးတို့၏ စာရွက်စာတမ်းများမှ တဆင့် တွေ့ရသည်။ ထိုမှတ်တမ်းများထဲမှ တစ်ခု၏ အဆိုအရ ဂျပန်တွင် အလွန်သေးငယ်သော နိုင်ငံပေါင်း မြောက်မြားစွာ ရှိပြီး စစ်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ ရှိကာ နောက်ဆုံးတွင် ဘုရင်မ အုပ်ချုပ်ပြီး ခိုင်မာတောင့်တင်းသော နိုင်ငံ တစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့၍ ငြိမ်းချမ်းရေး ရခဲ့သည် ဟု ဆိုသည်။ ဂျပန်တို့သည် ၅ရာစု နှင့် ၆ရာစု လွန်ပြီးနောက်တွင် သူတို့ဘာသာ စတင်၍ သမိုင်းရေးသားလာခဲ့ကြသည်။ ကိုရီးယား နှင့် တရုတ်နိုင်ငံမှ လူတို့က ဂျပန်တို့အား တရုတ်စာရေးနည်း စနစ်ကို သင်ကြားပေးခဲ့ကြသည်။

နိဟွန်းဂေါ့
ဂျပန်အက္ခရာများ

အင်္ဂလိပ်ဘာသာစကားတွင် စကားလုံးများ၏ အစီအစဉ်သည်အလွန်အရေးပါသည်။ ဥပမာအနေဖြင့် "Is it?" နှင့် "It is" ဝါကျ၏ အဓိပ္ပာယ်သည် ကွဲပြားခြားနားသည်။ ဂျပန်ဘာသာစကားတွင် စကားလုံး၏နောက်ဆုံးတွင် ထပ်မံပေါင်းထည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းဖြင့် များပြားလှသော ထိုကွဲပြားမှုများကို ပြုလုပ်ကြသည်။ ထို့ကြောင့် ဂျပန်စကားလုံးများတွင် ကိုယ်ခန္ဓာ(Body)ဟုခေါ်သည့် တိုင်(stem) ရှိပြီး အစိတ်အပိုင်းများပေါင်းထည့်ခြင်း(နောက်ဆက်တွဲများ-suffix)ရှိသည်။ နောက်ဆက်တွဲအားပြောင်းလဲပေးခြင်းဖြင့် စကားလုံး၏အဓိပ္ပာယ်ကို ပြောင်းလဲနိုင်သည်။

ဂျပန်ဘာသာစကားတွင် သရ အက္ခရာ ၅မျိုး(a,i,u,e,o)ရှိပြီး တစ်မျိုးစီတွင် အတိုအရှည်မတူသည့် အသံနှစ်မျိုးရှိသည်။ ၎င်းတို့မှာ ah, ee, oo, eh, နှင့် o တို့ဖြစ်ကြသည်။ ထိုသို့ သရအက္ခရာ၏အရှည်ကို ပြောင်းလဲခြင်းဖြင့် စကားလုံး၏ အဓိပ္ပာယ်အား ပြောင်းလဲစေနိုင်သည်:ojisan (おじさん, ဦးလေး) and ojiisan (おじいさん, အဘိုး)။ ထို့အပြင် အင်္ဂလိပ်ဘာသာရှိ "L" နှင့်တူသည့် အသံထွက်တစ်မျိုး ရှိသည့်အပြင် ယင်းသည် အင်္ဂလိပ်အက္ခရာ "R" အသံထွက်နှင့် တူနေပြန်သည်။ ထို့ကြောင့် ယင်းစကားလုံးအသံထွက်သည် ဂျပန်လူမျိုးအများစုအား အင်္ဂလိပ်ဘာသာစကားလေ့လာရာတွင် "L" and "R" အသံထွက်ခက်ခဲစေသည့် အကြောင်းအချက်တစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် အင်္ဂလိပ်ဘာသာတွင် မရှိသော အသံထွက်တစ်ခုဖြစ်သည့် Tsu (つ) ဆိုသည့်စကားသည် ဂျပန်ဘာသာတွင်ရှိသည်။ ၎င်းအသံထွက်အား "tsunami" (つなみ) ဟူသည့် စကားလုံးတွင် တွေ့ရနိုင်ပြီး ၎င်းစကားလုံးမှာ ထူးခြားသည့်ရာသီ သို့မဟုတ် မြေငလျင်ကြောင့် ဖြစ်ပေါ်လာသော ကြီးမားသည့် ပင်လယ်လှိုင်းကြီးများအားရည်ညွှန်းသည့် ဂျပန်စကားလုံး ဖြစ်သည်။

ဂျပန်ဘာသာစကားတွင် ကြိယာသည် ဝါကျတစ်ခု၏ နောက်ဆုံးတွင်သာ ရှိပြီး ကတ္တား (ပြုလုပ်သူ) သည် အစတွင်ရှိသည်ကို တွေ့ရသည်။ များစွာသော ဝါကျများတွင် ကတ္တားမရှိချေ။ နားထောင်သူသည် ဝါကျတွင် ပါဝင်သည့် ကြိယာပုံစံနှင့် စကားအရှေ့အနောက် အစီအစဉ်ကို စဉ်းစားသုံးသပ်ကာ မည့်သည်အရာသည် ကတ္တား( ပြုလုပ်သူ)ဖြစ်သည်ဟု ခန့်မှန်းနိုင်သည်။

ဂျပန်အခေါ် နိဟွန်းသည် ဂျပန်နိုင်ငံဖြစ်ပြီး ဂျပန်ဘာသာစကားကို နိဟွန်ဂေါ့ (日本語) ဟု ခေါ်ကြသည်။ ဂေါ့ ၏ အဓိပ္ပာယ်မှာ ဘာသာစကားဖြစ်သည်။ နိဟွန်းဆိုသည့်စကားလုံးအား ပုံမှန်စကားလုံးအဖြစ်အသုံးပြုနေချိန်၌ တစ်ခါတရံတွင် နိပွန်ဆိုသည့် စကားလုံးနှင့် နိပွန်ဂေါ့ဆိုသည့် စကားလုံးတို့ကို အသုံးပြုကြပြီး ယင်းစကားနှစ်လုံးအား မျိုးချစ်စိတ်ပိုရှိသည်ဟု တွေးထင်ကြသည်။ ခန်ဂျီစကားလုံး၏ ထူးခြားသော လက္ခဏာများ အဓိပ္ပာယ်မှာ "နေအမျိုးအနွယ်" ဟူ၍ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဂျပန်နိုင်ငံသည်အရှေ့ဘက်အစွန်းပိုင်းတွင်ရှိပြီး နေသည် ဂျပန်နိုင်ငံတည်ရှိရာဘက်မှ ထွက်လာခြင်းကြောင့်ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် ဂျပန်နိုင်ငံအား "နေထွက်ရာ တိုင်းပြည် (Land of the Rising Sun)"ဟု ခေါ်ကြခြင်းဖြစ်သည်။[]

ဗျည်းသရအက္ခရာများ

ပြင်ဆင်ရန်


ဂျပန်စာသင်ပုန်းကြီးကို ဂျပန်ဘာသာအားဖြင့် ဂေါ်ဂျူးအွန်း( Gojuu-on )ဟု ခေါ်ကာ အသံပေါင်း ၅၀ ဟု ဆိုလိုသည်။ မြန်မာ၌ ဗျည်းအက္ခရာ ၃၃ လုံးကဲ့သို့ဖြစ်သည်။

ဗျည်းများ အ ကော်လံ အိ ကော်လံ အု ကော်လံ အဲ ကော်လံ အို့ ကော်လံ
အ တန်း
(A)
အိ
(I)
အု
(U)
အဲ့
(E)
အို့
(O)
က သို့ ခ တန်း(K) က/ ခ
(KA)
ကိ/ ခိ
(KI)
ကု ခု
(KU)
ကဲ့/ ခဲ့
(KE)
ကို့/ ခို့
(KO)
စ သို့ ဆ တန်း(S) စ/ ဆ
(SA)
ရှိ
(SHI)
စု/ ဆု
(SU)
စဲ့/ ဆဲ့
(SE)
စို/ ဆို
(SO)
တ တန်း(T)
(TA)
ချိ
(CHI)
ဆွတ်
(TSU)
တဲ့
(TE)
တို
(TO)
န တန်း(N)
(NA)
နိ
(NI)
နု
(NU)
နဲ
(NE)
နို
(NO)
ဟ တန်း(H)
(HA)
ဟိ
(HI)
ဖု
(FU)
ဟဲယ်
(HE)
ဟို
(HO)
မ တန်း(M)
(MA)
မိ
(MI)
မု
(MU)
မဲ
(ME)
မို့/ မော့
(MO)
ယ တန်း(Y)
(YA)
- ယု
(YU)
- ယို/ ယော်
(YO)
ရ တန်း(R)
(လျှာလိပ်သံ)

(RA)
ရိ
(RI)
ရု
(RU)
ရဲယ်
(RE)
ရို
(RO)
ဝ တန်း(W)
(WA)
- အို့/ ဝို့
(WO)
- အွန်း
(-N)
ဖြည့်စွက်အသံများ
စကားလုံးတလုံး၏
ဒုတိယအသံအနေဖြင့်
လာပါက ငသံဖြင့် ဖတ်

(GA)
ဂိ
(GI)
ဂု
(GU)
ဂဲယ်
(GE)
ဂို/ဂေါ်
(GO)
စမှ ပြောင်းလဲလာ
(ZA)
ဂျိ
(JI)
ဇု
(ZU)
ဇဲ့
(ZE)
ဇို့/ဇော့
(ZO)
တမှ ပြောင်းလဲလာ
(DA)
ဂျိ
(JI)
ဇု
(ZU)
ဒဲ့
(DE)
ဒို့/ဒေါ့
(DO)
ဟမှ ပြောင်းလဲလာ
(BA)
ဘိ
(BI)
ဘု
(BU)
ဘဲ့
(BE)
ဘို့/ဘော
(BO)
ဘကို အသံပြန်ဖော့
(PA)
ပိ
(PI)
ပု
(PU)
ပဲ့
(PE)
ပို့/ပေါ့
(PO)

ဝေါဟာရမိတ်ဆက်

ပြင်ဆင်ရန်
ဂျပန်စာ ရိုမာဂျိ မြန်မာအသံထွက် ပုဒ် အဓိပ္ပာယ်
Watashi ဝတရှိ N ကျနော်
Watakushi ဝတခုရှိ N ကျမ
Anata အာနတာ N နင်/ရှင်
Kare ခါ့ရေ N သူ
Kanojo ခါနို့ဂျော့ N သူမ
Chichi
Otoosan
ချိချိ
အိုတိုးစန်
N ဖခင်
အဖေ
Haha
Okaasan
ဟဟ
အိုခါးစန်
N မိခင်
အမေ
Oni
Oniisan
အိုနိ
အိုနီးစန်
N အစ်ကို
Otooto
Otootosan
အိုတိုးတို
အိုတိုးတိုစန်
N ညီ / မောင်
Ane
Oneesan
အာ့နဲယ်
အိုနဲစန်
N အစ်မ
Imooto
Imootosan
အီမိုးတို
အီမိုးတိုစန်
N ညီမ / နှမ
Ookii အိုးခီး ADJ ကြီးသော
Chisai ချီးစိုင်း ADJ ငယ်သော
Taberu တာ့ဘဲ့ရု V စားသည်
Totemo တိုတဲ့မို့ ADV အလွန်

သဒ္ဒါမိတ်ဆက်

ပြင်ဆင်ရန်

မြန်မာသဒ္ဒါနှင့် အချို့သော နေရာမှလွဲ၍ အလွန်ဆင်တူသည်။

ကတ္တား ကံ ကြိယာ
ဝတရှိ ဝ
(ကျနော် က)
အာနတာ င
(ခင်ဗျား ကို)
စုခိ ဒက်စ်။
(သဘောကျပါတယ်။)
Watashi ha anata ga suki desu.
မြန်မာ၌ ကတ္တား၊ ကံ၊ ကြိယာနောက်ဆက် ရှိသလို ဂျပန်ဘာသာ၌လည်း နောက်ဆက်ရှိသည်။ ပိုများ၍ အတန်ငယ် ရှုပ်ထွေးသည်သာ ရှိလေသည်။

နာမဝိသေသန(ကေးယောရှိ) ၂ မျိုးရှိသည်။ ၎င်းတို့မှာ

  1. အိဖြင့်ဆုံးသော နာမဝိသေသန(အိကေးယောရှိ)နှင့်
  2. နဖြင့်ဆုံးသော နာမဝိသေသန(နကေးယောရှိ)တို့ဖြစ်ကြသည်။
  • ဥပမာ-
နာမဝိသေသန နာမ်
အိဖြင့်ဆုံးသော အိုအိရှီး ဂေါ်ဟန်း
အရသာရှိသော ထမင်း
နဖြင့်ဆုံးသော ခီရဲအိ-န အွန်းနနောဟီတို
လှပသော မိန်းကလေး
ပိုင်ဆိုင်မှုကို ပြလိုသောအခါ နော့/နို့(no)ကို ခံသုံးရသည်။
  • ဥပမာ - ခါ့နို့ဂျော့ နော့ ဟွန်း(Kanojo no hon) = သူမ ၏ စာအုပ်။