ဂျမား ဟာရှော့ဂျီ
ဂျမား အာမက် ဟာရှော့ဂျီ (English pronunciation: /kəˈʃʊɡdʒi, kəˈʃoʊɡi/; အာရပ်: جمال أحمد خاشقجي Jamāl Aḥmad Ḫāšuqji) (၁၃၊ အောက်တိုဘာ၊ ၁၉၅၈ – ၂၊ အောက်တိုဘာ၊ ၂၀၁၈) သည် ဆော်ဒီအာရေဗျ ဂျာနယ်လစ်၊ စာရေးဆရာနှင့် အယ်လ်-အာရပ် သတင်းဌာန၏ အထွေထွေမန်နေဂျာနှင့် အယ်ဒီတာချုပ်ဟောင်းတစ်ဦး ဖြစ်သည်။ ဟာရှော့ဂျီသည် ၂၀၁၇၊ စက်တင်ဘာလတွင် ဆော်ဒီအာရေဗျမှ ထွက်ခွာခဲ့ပြီး ကိုယ့်သဘောနဲ့ကိုယ် ပြည်နှင်ဒဏ်ကျခံမှုလုပ်ခဲ့သည်။ ဆော်ဒီအစိုးရမှ သူ့ကို တွစ်တာမှ ပိတ်ပင်ခဲ့သည်ဟု ဆိုပြီး နောက်ပိုင်းတွင် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆော်လမန်နှင့် ဘုရင် ဆော်လမန်တို့ကို ဝေဖန်ရေး သတင်းဆောင်းပါးများကို ရေးသားခဲ့သည်။ ဟာရှော့ဂျီသည် ဆော်ဒီဦးဆောင်သော ယီမင်ပြည်တွင်းရေးစွက်ဖက်မှု [၂]ကို ဆန့်ကျင်သည်။ ဟာရှော့ဂျီသည် အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးသို့ အောက်တိုဘာလ ၂ရက်နေ့ ၂၀၁၈တွင် ဝင်သွားခဲ့ပြီး အဆောက်အအုံတွင်းမှ ပြန်ထွက်မလာခဲ့ပါ။ အာမစ်သတင်းမှ ကောင်စစ်ဝန်ရုံးအတွင်း၌ ဟာရှော့ဂျီအသတ်ခံလိုက်ရပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြတ်တောက်ခံရကြောင်း ရေးသားခဲ့ပြီးနောက် အောက်တိုဘာ ၁၅ရက်နေ့တွင် တူရကီအရာရှိများနှင့် ဆော်ဒီအရာရှိများက ကောင်စစ်ဝန်ရုံးအတွင်းရှာဖွေခဲ့သည်။[၃] ကနဦးအစပိုင်း၌ ဆော်ဒီအစိုးရမှ သေဆုံးမှုသတင်းကို ငြင်းဆန်ခဲ့ပြီး ဟာရှော့ဂျီသည်း အသက်ရှင်လျက် ကောင်စစ်ဝန်ရုံးမှ ထွက်ခွာသွားသည်ဟု အခိုင်အမာဆိုခဲ့သည်။ သို့သော် အောက်တိုဘာ ၂၀ရက်တွင် ဟာရှော့ဂျီသည် ကောင်စစ်ဝန်ရုံးအတွင်း သေဆုံးခဲ့သည်ကို ဝန်ခံခဲ့ပြီး သူသည် တိုက်ခိုက်မှုတခုအတွင်း အသတ်ခံ ခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။
ဂျမား ဟာရှော့ဂျီ Jamal Khashoggi | |
---|---|
Khashoggi in 2018 | |
မွေးဖွား | ဂျမား အာမက် ဟာရှော့ဂျီ Jamal Ahmad Khashoggi ၁၃ အောက်တိုဘာ၊ ၁၉၅၈ မဒီနာမြို့၊ ဆော်ဒီအာရေးဘီးယား |
ကွယ်လွန် | ၂ အောက်တိုဘာ၊ ၂၀၁၈[၁] ဆော်ဒီအာရေဗျကောင်စစ်ဝန်ရုံး၊ အစ္စတန်ဘူလ်မြို့၊ တူရကီနိုင်ငံ | (အသက် ၅၉)
ဌာနေ | အမေရိကန်ပြည်ထောင်စု |
နိုင်ငံလူမျိုး | ဆော်ဒီအာရေဗျ |
မိခင်ကျောင်း | အင်ဒီယားနားပြည်နယ် တက္ကသိုလ် |
အလုပ်အကိုင် | ဂျာနယ်လစ်၊ စာရေးဆရာ။ |
လက်တွဲဖော်(များ) | Hatice Cengiz (ဇနီးလောင်း 2018) |
ဆွေမျိုးသားချင်း | Nabila Khashoggi (cousin) Emad Khashoggi (cousin) Dodi Fayed (cousin) Adnan Khashoggi (uncle) Samira Khashoggi (aunt) Soheir Khashoggi (aunt) Muhammad Khashoggi (grandfather) |
ဝက်ဘ်ဆိုဒ် | jamalkhashoggi.com |
ကိုးကား
ပြင်ဆင်ရန်- ↑ "ပျောက်နေတဲ့ ဆော်ဒီသတင်းထောက် ဟာရှော့ဂျီ အသတ်ခံရကြောင်း ထုတ်ပြန်"၊ BBC၊ 20 October 2018။
- ↑ "ယီမင် အပစ်ရပ်မှု ကျိုးပျက်ပြီ"၊ BBC၊ 2 January 2016။
- ↑ "သတင်းထောက် ပျောက်ဆုံးနေမှု အဖြေထွက်တော့မလား"၊ BBC၊ 17 October 2018။