ဂျမီလာ (ဝတ္ထု)

ချင်ဂီဇ် အီမာတော့ဗ် ရေးသားသော စာအုပ်

ဂျမီလာ (ရုရှား: Джамиля [dʐəmʲɪˈlʲa], ကာဂျစ်: Жамила, Jamila, တမ်းပလိတ်:IPA-ky) သည် ချင်ဂီဇ် အီမာတော့ဗ်၏ ပထမဆုံး အထင်ကရလက်ရာတစ်ခုဖြစ်ခဲ့ပြီး ရုရှားဘာသာဖြင့် ၁၉၅၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ဝတ္ထုမှာ ကလေးဘဝကို ပြန်ပြောင်းအောက်မေ့ ပြောပြနေသော ကာဂျစ်ပန်းချီဆရာ Seit ၏အမြင်ကို ရေးဖွဲ့ထားသော ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ သူအကို ဆာဒစ်သည် ရှေ့တန်းတစ်နေရာသို့ရောက်နေစဉ် (ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်စစ်သားအဖြစ်) သူ့မရီး ဂျမီလာနှင့် ဒေသခံ မသန်စွမ်းလူငယ် ဓနိယကြား အချစ်ဇာတ်လမ်းကို အသေးစိတ်ပြောပြနေပုံကို ချယ်မှုန်းထားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။

ဇာတ်လမ်းအတွင်း သဲလွန်စများကို အခြေခံကြည့်လျှင် ကာဂျစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း တာလပ်စ်ပြည်နယ်ဖြစ်နိုင်သည်။ ဝတ္ထုမှာ စုပေါင်းလယ်ယာယဉ်ကျေးမှုကို အမြင့်ဆုံးအခြေအနေရောက်နေချိန်ကို နောက်ခံအဖြစ် ရေးဖွဲ့ထားခြင်း ဖြစ်သည်။

လူဝစ် အာရာဂွန်က ထိုဝတ္ထုငယ်အား "ကမ္ဘာ့အလှဆုံးအချစ်ပုံပြင်"ဟု ချီးကျူးခဲ့သည်။[၁]

ထိုဝတ္ထုကို ဆရာမြသန်းတင့်မှ မိုးအဆုံး မြေအဆုံး ဟုသော အမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

အွန်လိုင်းတွင် ရရှိနိုင်သော မူများ ပြင်ဆင်ရန်

  • Jamila — A translation of Jamilia into English by Fainna Glagoleva
  • Джамиля — Download of the 1968 movie production of the story

ပုံနှိပ်မူဖြင့် ရရှိနိုင်သော အင်္ဂလိပ်ဘာသာပြန်ဝတ္ထု ပြင်ဆင်ရန်

  • Jamilia, translated James Riordan, Telegram Books, London, 2012

ကိုးကား ပြင်ဆင်ရန်

  1. Erich Follath and Christian Neef, "Kyrgyzstan Has Become an Ungovernable Country", SPIEGEL ONLINE International, 8 October 2010.