ဂျမီးလား အား ယခင်က ကွီကယ်လ် ဟု ခေါ်ပြီး အယ်လ်ဂျီးရီးယားနိုင်ငံ ရှိ တောင်ပေါ်ရွာငယ်ကလေးတစ်ခု ဖြစ်ကာ မြောက်ဘက်ကမ်းရိုးတန်း အနီး အယ်လဂျီးယားမြို့ ၏ အရှေ့ဘက်တွင် တည်ရှိသည်။ မြောက်အာဖရိကရှိ အကောင်းဆုံး ထိန်းသိမ်းထားရှိသော ဘာဘာရို-ရိုမန် အပျက်အစီး အချို့ တည်ရှိရာ နေရာ ဖြစ်သည်။ ကွန်စတန်တီနွိုက် နှင့် ပီတစ် ကာဘီလီ တို့နှင့် နယ်စပ်ဖြစ်ရာ ဒေသတွင် တည်ရှိသည်။

ဂျမီးလား*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  အယ်လ်ဂျီးရီးယား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii, iv
ကိုးကား ၁၉၁
ဒေသ** အာရပ်နိုင်ငံများ
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၂  (ဆဋ္ဌမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

၁၉၈၂ ခုနှစ်တွင် ရောမဗိသုကာပညာအား တောင်ပေါ်ဒေသနှင့် သီးသန့်စပ်ဟပ်အောင် တည်ရှိသည့်အတွက် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ကွီကယ်လ်ရှိ ထင်ရှားသော ရှေးခေတ် အဆောက်အဦးများမှာ ဇာတ်ရုံ တစ်ခု၊ ဖိုရမ် ၂ ခု၊ ဘုရားကျောင်းများ၊ ဘာဆေးလီကာများ၊ အမိုးခုံးများ၊ လမ်းများ နှင့် အိမ်များတို့ ဖြစ်သည်။ အကောင်းတကာ့ အကောင်းဆုံး ထိန်းသိမ်းထားနိုင်သော အပျက်အစီးများမှာ နန်းဆန်သော အမိုးခုံ အဝင်ဝရှိသည့် ကျယ်ဝန်းသော ကျောက်စီရင်ပြင်တစ်ခုဖြစ်သည့် ဟာ့ရှ် အမည်ရသော ဖိုရမ်၏ ပတ်လည်တွင် ရှိသည်။


ကိုးကား ပြင်ဆင်ရန်