ဂျရတ် ဝတ်သ်ဟိုင်းမား
ဂျရတ် ဝတ်သ်ဟိုင်းမား(ပြင်သစ်အသံထွက် ရူဟက် ဝါ့သ်သီမီ) (၁၉၅၁ ခုနှစ်ဖွား)သည် ပြည်သစ်ပြည်အခြေစိုက် House of Chanel ရေမွှေးကုမ္ပဏီကို သူ့၏ညီ အလန် ဝတ်သ်ဟိုင်းမား နှင့်အတူ ပိုင်ဆိုင်လုပ်ကိုင်နေသာ ပြင်သစ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။Jacques Wertheimer နှင့် Eliane Fischer တို့၏ သားဖြစ်ပြီး Chanel စီးပွားရေးလုပ်ငန်းများကို တည်ထောင်ခဲ့သူ Pierre ၏ မြေးဖြစ်သည်။ တစ်ဦးထဲပိုင် House of Chanel ကို ထိုနာမည်ဖြင့်မဟုတ်ဘဲ Eres Lingerie၊ Tanner Krolle မြင်းကုန်းနှီးနှင့် လယ်သာထုတ်ကုန်များ လုပ်ငန်း၊ Holland &Holland စသည့်အမည်များဖြင့် လုပ်ငန်းများစွာကိုပိုင်ဆိုင်သော Alain Wertheimer က စီမံလုပ်ကိုင်နေခြင်းဖြစ်သည်။ ပြင်သစ်တွင် ရုံးထိုင်ကာ Wertheimer ညီအစ်ကိုတို့သည် oenophiles ၏ အထင်ကရ ဝေဖန်ရေးဆုများကို ရထားသော Margaux ရှိ Rauzan-Segla ကဲ့သို့သော စပျစ်ခြံများ၊ Saint-Emilion ရှိ Chate au Canon တို့ကိုပိုင်ဆိုင်ထားသည်။
ဂျရတ် ဝတ်သ်ဟိုင်းမား | |
---|---|
မွေးသက္ကရာဇ် | ၁၉၅၁ (အသက် ၇၂–၇၃) ပြင်သစ် |
ကြွယ်ဝမှု | အမေရိကန်ဒေါ်လာ ၈.၀ ဘီလျံ |
ညီအစ်ကို နှစ်ယောက်စလုံးပင် မြင်းစီးရာတွင် စိတ်အားထက်သန်ကြပြီး La Presle Farm ဟုအမည်ပေးထားသော အရေးကြီးသည့် မျိုးကောင်းမျိုးသန့်မြင်းများအတွက် ပြိုင်ပွဲဝင် မြင်းကွင်းမြင်းဇောင်းများကို ဖွင့်လှစ်လုပ်ဆောင်ထားသည့် အပြင် အမေရိကန်ပြည်ထောင်စုတွင် ပြိုင်ပွဲများပြုလုပ်ရန်အတွက် Wertheimer Farm နှင့် ပြင်သစ်ပြည်အတွက် Wertheimer et Frere တွဲဖက်လုပ်ငန်းဟု ပြုလုပ်ထားသေးသည်။
အရင်းမြစ်များ
ပြင်ဆင်ရန်- Forbes.com Wertheimer, Alain & Gerard Archived 19 August 2010 at the Wayback Machine.
- Forbes.com: Forbes World's Richest People 2004 Archived 22 May 2011 at the Wayback Machine.
- Forbes.com: Forbes World's Richest People 2003 Archived 22 May 2011 at the Wayback Machine.
- Times on line[လင့်ခ်သေ]
- Horse breeders cup 2003