ဂျာမန်အသံ
Deutsche Welle (အသံထွက် – ဒွက်ရှာ ဗှယ်လာ) သို့မဟုတ် DW သည် ဂျာမနီနိုင်ငံမှ နိုင်ငံတကာသို့ ထုတ်လွှင့် အသံလွှင့် သတင်းဌာန ဖြစ်သည်။ နိုင်ငံတကာရှိ ပရိသတ်များသို့ ဦးတည် ထုတ်လွှင့်သည်။ သတင်းနှင့် သုတ နည်းပညာများကို လှိုင်းတို၊ အင်တာနက်နှင့် ဂြိုဟ်တုမှ ထုတ်လွှင့်သည့် ရေဒီယိုများကို ဘာသာစကား ၃၀ ဖြင့် ထုတ်လွှင့်သည်။ရုပ်မြင်သံကြား ထုတ်လွှင့်မှုကို ဘာသာစကား ၄ မျိုးဖြင့် ထုတ်လွှင့်သည်။ ဒွက်ရှာ ဗှယ်လာ ၏ အဓိပ္ပာယ်မှာ "ဂျာမန် အသံ" ဟု အဓိပ္ပာယ် ရသည်။ "မြန်မာ့အသံ" ကဲ့သို့သော အဓိပ္ပာယ်မျိုး ဖြစ်သည်။
ဘွန်းမြို့ ရှိ အဓိကရုံးဌာနချုပ် | |
အမျိုးအစား | International public broadcaster |
---|---|
နိုင်ငံ | ဂျာမနီနိုင်ငံ |
တည်ထောင်သည့်နှစ် | ၃ မေလ ၁၉၅၃ |
ဌာနချုပ် | ဘွန်းမြို့, ဂျာမနီနိုင်ငံ |
ထုတ်လွှင့်သည့် ဧရိယာ | ပြည်တွင်း နှင့် ကမ္ဘာတစ်ဝန်း |
စတင်ထုတ်လွှင့်သည့်ရက် | ၃ မေလ ၁၉၅၃ |
မိတ်ဖက်အဖွဲ့အစည်း | World Radio Network |
တရားဝင် ဝက်ဘ်ဆိုဒ် | dw.com |
DW ကို ၁၉၅၃ ခုနှစ် ကတည်းကပင် အသံလွှင့် လုပ်ကိုင်သည်။ ၂၀၀၃ ခုနှစ်ထိတိုင် ကိုလုန်းမြို့မှ ထုတ်လွှင့်ခြင်းဖြစ်ကာ နောက်ပိုင်းတွင် ဘွန်းမြို့ မှ ထုတ်လွှင့်သည်။ ရုပ်မြင်သံကြား အစီအစဉ်ကိုဘာလင်မြို့ မှ ထုတ်လွှင့်ကာ အင်တာနက် စာမျက်နှာများ စီစဉ် ရေးသားခြင်းကိုဘာလင်မြို့ နှင့် ဘွန်းမြို့ တို့မှ ထုတ်လုပ်သည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်၁၉၅၃ ခုနှစ် မေလ ၃ ရက်နေ့တွင် ထိုအချိန်က အနောက် ဂျာမနီနိုင်ငံ၏ သမ္မတ သီရိုဒို ဟက်(စ်) ၏ မိန်းခွန်းတစ်ခုဖြင့် လှိုင်းတို ရေဒီယို ထုတ်လွှင့်ခြင်း စတင်သည်။ ၁၉၆၀ ခုနှစ်တွင် လွတ်လပ်စွာ စီမံ ခန့်ခွဲနိုင်သည့် ပြည်သူ့ ဝန်ဆောင်မှုကဏ္ဍ ဖြစ်လာသည်။ တရားရုံး၏ ဆုံးဖြတ်ချက်အရ ပြည်ထောင်စု အစိုးရ၏ နိုင်ငံခြားရေး လုပ်ငန်းများထဲမှ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်လာသည်။
ထုတ်လွှင့်သည့် ဘာသာစကားများ
ပြင်ဆင်ရန်၁၉၅၃ ခုနှစ်တွင် (အက္ခရာစဉ်အတိုင်း)
- ဂျာမန်
- ပြင်သစ်
- အင်္ဂလိပ်
၁၉၅၄ ခုနှစ်တွင် (အက္ခရာစဉ်အတိုင်း)
- ချက်
- ဂျပန်
- ဂရိ (ခေတ်ပေါ်)
- စပိန်
- စလိုဗက် (ယခင် ချက်ကိုစလိုဗက်ကီးယားတွင် သုံး)
- ဆဗ်–ခရိုအေးရှန်း
- ဆလိုဗင်း (ဆလိုဗေးနီးယား နိုင်ငံတွင် သုံး)
- ဆွာဟီလီ (အာဖရိကတိုက်တွင် သုံး)
- တရုတ်
- တူရကီ
- ဒတ်(ခ်ျ)
- ဒန်းနစ် (ဒိန်းမတ် နိုင်ငံသုံး)
- ဒါရီ (အာဖဂန်နစ္စတန် နိုင်ငံတွင်သုံး)
- နော်ဝေး
- ပထန် (အာဖဂန်နစ္စတန် နိုင်ငံတွင်သုံး)
- ပါရှား
- ပိုလန်
- ပေါ်တူဂီ
- ဘင်္ဂါလီ
- ဘူ(လ်)ဂေးရီးယန်း
- မက်စီဒိုးနီးယန်း
- ယူကရိန်း
- ရိုမေးနီးယန်း
- ရုရှ
- ဟင်ဒီ (အိန္ဒိယ နိုင်ငံတွင် သုံး)
- ဟန်ဂေရီ
- အမ်ဟဲရစ် (အီသီယိုးပီးယား နိုင်ငံတွင်သုံး)
- အယ်(လ်)ဘေးနီးယား
- အာရပ်
- အီတာလျံ
- အူ(ရ်)ဒူ
တို့ဖြင့် ထုတ်လွှင့်သည်။