ဂျိုင်းယင့်၏ ရေကျော်လမ်း

ဂျိုင်းယင့်၏ ရေကျော်လမ်း သည် ရှေးခေတ် မီးတောင် ပန်းထွက် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မီးတောင်ချော်နက်တိုင် ၄၀,၀၀၀ ခန့် တွဲဆက် နေသည့် နေရာဖြစ်သည်။ [၁][၂] ၎င်းသည် အိုင်ယာလန်နိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းရှိ အန့်ရင်းမ်ကောင်တီတွင် တည်ရှိပြီး ဘွတ်ရှ်မေးလ်မြို့၏ အရှေ့မြောက်ဘက် ၃မိုင်( ၅ကီလိုမီတာ) ခန့် အကွာတွင် တည်ရှိသည်။

ဂျိုင်းယင့်၏ ရေကျော်လမ်း နှင့် ရေကျော်လမ်းကမ်းရိုးတန်း*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

ဂျိုင်းယင့်၏ ရေကျော်လမ်း
တည်ရှိသည့် နိုင်ငံ  ယူနိုက်တက်ကင်းဒမ်း
အမျိုးအစား သဘာဝ
ရွေးချယ်သည့်စံနှုန်း vii, viii
ကိုးကား ၃၆9
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၆  (ဒသမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

၁၉၈၆ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ကြေညာခဲ့ပြီး မြောက်အိုင်ယာလန် သဘာဝပတ်ဝန်းကျင်ဌာနမှ ၁၉၈၇ ခုနှစ်တွင် အမျိုးသားသဘာဝထိန်းသိမ်းစောက်ရှောက်ရေး ဒေသ အဖြစ် ကြေညာခဲ့သည်။ ၂၀၀၅ ခုနှစ် ရေဒီယိုတိုင်းမ် ဖတ်ရှူသူများအား မဲပေးခိုင်းရာတွင် ဂျိုင်းယင့်၏ ရေကျော်လမ်းအား ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ စတုတ္ထမြောက် အကြီးကျယ်ဆုံး သဘာဝ အံ့ဖွယ်အဖြစ် မဲပေးရွေးချယ်ခဲ့ကြသည်။[၃] တိုင်များ၏ ထိပ်သည် ခြေနင်းစရာ ကျောက်တုံးများအဖြစ်ရှိပြီး တောင်စွန်း၏အခြေမှ စတင်ကာ ပင်လယ်ရေအောက်သို့ ငုပ်လျှိုးပျောက်ကွယ်သွားသည်။ တိုင်အများစုမှ ဆဌဂံပုံ ဖြစ်ကြသော်လည်း အချို့မှာ ထောင့်အရေအတွက် ၄၊၅၊ ၇ နှင့် ၈ ခုတို့ ဖြစ်ကြသည်။[၄] အမြင့်ဆုံးတိုင်မှာ ၁၂ မီတာ (၃၉ပေ) မျှ မြင့်ပြီး တောင်စွန်းရှိ ခဲနေသောချော်ရည်များမှာ ၂၈ မီတာ (၉၂ ပေ) အထိ အထူ ရှိကြသည်။

ဂျိုင်းယင့်၏ ရေကျော်လမ်းနှင့် ရေကျော်လမ်း ကမ်းရိုးတန်း ကမ္ဘာ့အမွေအနှစ်နေရာ၏ နေရာအများစုအား အမျိုးသားထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ပိုင်ဆိုင်ပြီး စီမံခန့်ခွဲသည်။ ၎င်းသည် မြောက်အိုင်ယာလန်တွင် ရေပန်းအစားဆုံး ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာတစ်ခု ဖြစ်ပြီး [၅] ၂၀၁၉ တွင် လာရောက်လည်ပတ်သူ ၉၉၈,၀၀၀ ဦး မျှ ရှိသည်။[၆] ဂျိုင်းယင့်၏ ရေကျော်လမ်းသို့ လည်ပတ်ရာတွင် အခမဲ့ဖြစ်ပြီး အခကြေးငွေကောက်ခံသော ဧည့်သည်ဌာနသို့ သွားရောက်ရန် မလိုအပ်ပေ။ [၇] ကျန်ရှိသော နေရာများမှာ နန်းတော်ပိုင် နေရာများ နှင့် ပုဂ္ဂလိကပိုင်ရှင်အချို့ ပိုင်ဆိုင်သော နေရာများ ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Giant's Causeway and Causeway Coast။ UNESCO World Heritage Centre။ 21 June 2009 တွင် ပြန်စစ်ပြီး။
  2. Jack Challoner, John Farndon, Rodney Walshaw (2004)။ Rocks, Minerals and the Changing Earth။ Southwater။ p. 19။ ISBN 9781842159750CS1 maint: uses authors parameter (link)
  3. Report of poll result BBC.co.uk Retrieved 10 December 2006.
  4. "Generation of numerical models of anisotropic columnar jointed rock mass using modified centroidal Voronoi diagrams" (9 November 2018). Symmetry 10 (11): 618. doi:10.3390/sym10110618. 
  5. "Giant's Causeway remains Northern Ireland's Top Attraction" (သတင်းထုတ်ပြန်ချက်)။ Northern Ireland Tourist Board။ 18 August 2008။ 14 July 2011 တွင် မူရင်း အား မော်ကွန်းတင်ပြီး19 March 2009 တွင် ပြန်စစ်ပြီး
  6. ALVA – Association of Leading Visitor Attractions။ 23 October 2020 တွင် ပြန်စစ်ပြီး။
  7. "Giant's Causeway: Public right of way to be protected"၊ BBC News Online၊ 14 March 2018။