ဂျိုဆောန်(ကိုရီးယား: 조선 朝鮮; အလယ်ခေတ် ကိုရီးယား: 됴ᇢ션·)၊ တရားဝင်အမည်အားဖြင့် ဂျိုဆောန်နိုင်ငံတော်(ကိုရီးယား: 대조선국 大朝鮮國)သည် ကိုရီးယားကျွန်းဆွယ်တွင် တည်ရှိခဲ့သော နိုင်ငံဟောင်း ဖြစ်သည်။[] ၁၃၉၂ ခုနှစ်တွင် ရီဆောင်းဂယ်မှ တည်ထောင်ခဲ့ပြီး[] ၁၈၉၇ ခုနှစ် ဂိုဂျွံဘုရင်မှ ကိုရီးယားဧကရာဇ်နိုင်ငံတော်ကို တည်ထောင်သည်အထိ တည်တံ့ခဲ့သည်။ မြို့တော်သည် ယခု ဆောအူလ်အထူးမြို့ဖြစ်သော ဟန်ယံဖြစ်သည်။[] ဂျိုဆောန်မင်းဆက်သည် ဂိုလျောမင်းဆက်ကို ဆက်ခံသော မင်းဆက်ဖြစ်ပြီး ကိုရီးယားနိုင်ငံ သမိုင်း၏ နောက်ဆုံး မင်းဆက်ဖြစ်သည်။

  1. (ကိုရီးယား) 조선, 한국민족문화대백과사전
  2. (ကိုရီးယား) 태조 이성계, 한국사연대기, 우리역사넷
  3. (ကိုရီးယား) 임용한, 〈조선초기 한성부의 기능과 한성판윤〉, 《서울과 역사》, 2017년, 통권 제95호, pp. 129-168 (40 pages)