ဂျီဆူး (အဆိုတော်)

တောင်ကိုရီးယား အဆိုတော်

ကင်မ်ဂျီဆူး (ကိုရီးယား김지수; ၁၉၉၅ခုနှစ်၊ ဇန်နဝါရီလ ၃ရက်နေ့ဖွား) သည် တောင်ကိုရီးယားနိုင်ငံသူ အဆိုတော်၊ သရုပ်ဆောင်တစ်ဦး ဖြစ်ပြီး သူမ၏ စတိတ်စင်အမည်ဖြစ်သော ဂျီဆူး ဟု ပို၍လူသိများသည်။ သူမ၏ အနုပညာခရီးကို ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် YG Entertainment လက်အောက်ရှိ ဘလက်ပင့်ခ် မိန်းကလေးအဆိုတော်အဖွဲ့ဝင်အဖြစ်မှ စတင်ခဲ့သည်။ သူမ၏ မိခင်ဘာသာစကားဖြစ်သော ကိုရီးယားအပြင် ဂျပန်၊ တရုတ်နှင့် အင်္ဂလိပ်ဘာသာစကားများကိုလည်း ပြောဆိုနိုင်သည်။[၂][၃]

.
ကင်မ်ဂျီဆူး
ဂျီဆူး
၂၀၁၉ခုနှစ် Golden Discဆုပေးပွဲတွင် ဂျီဆူးကို တွေ့ရစဉ်
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းကင်မ် ဂျီဆူး
မွေးဖွား (1995-01-03) ဇန်နဝါရီ ၃၊ ၁၉၉၅ (အသက် ၂၉)
ဂန်ပို၊ ဂျောင်ဂျီခရိုင်၊ တောင်ကိုရီးယား
မူလတိုင်းပြည်ဆိုးလ်မြို့၊ တောင်ကိုရီးယား
ဂီတဟန်
အလုပ်အကိုင်
  • အဆိုတော်
  • သရုပ်ဆောင်
တက်ကြွသည့်နှစ်များ၂၀၁၄–လက်ရှိ
တေးသံသွင်း ကုမ္ပဏီ
ပူးတွဲ ပါဝင်မှု
Korean name
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်김지수
ဟန်ဂျာ
RRအက္ခရာဖလှယ်ခြင်း:Gim Ji-su
MRအက္ခရာဖလှယ်ခြင်း:Kim Chisu

အတ္ထုပ္ပတ္တိ ပြင်ဆင်ရန်

ငယ်ဘဝ ပြင်ဆင်ရန်

ကင်မ်ဂျီဆူးကို ၁၉၉၅ခုနှစ်၊ ဇန်နဝါရီလ ၃ရက်နေ့တွင် ဂန်ပိုမြို့၊ ဂျောင်ဂျီခရိုင်၊ တောင်ကိုရီးယားနိုင်ငံ၌ မွေးဖွားခဲ့သည်။ သူမတွင် မွေးချင်း အကိုတစ်ယောက်နှင့် အမတစ်ယောက်ရှိသည်။[၄][၅] ဂျီဆူးသည် အထက်တန်းပညာအဆင့်အတွက် ဆိုးလ်ဖျော်ဖြေရေးအနုပညာကျောင်းသို့ တက်ရောက်ခဲ့သည်။

ပွဲဦးမထွက်မီ အနုပညာသက်တမ်းအစနှင့် ဘလက်ပင့်ခ်အဖွဲ့ဝင်ဘဝ ပြင်ဆင်ရန်

၂၀၁၁ခုနှစ်တွင် သူမသည် YG Entertainment တွင် အသံစစ်ဆေးမှုအောင်မြင်ပြီး သင်တန်းသားအဖြစ် ဝင်ရောက်ခဲ့သည်။ ၂၀၁၅ခုနှစ်တွင် ဂျီဆူး သည် KBS2 ရုပ်သံလိုင်းမှ ထုတ်လွှင့်သည့် ဇာတ်လမ်းတွဲဖြစ်သောThe Producers တွင် 2NE1 အဖွဲ့မှ ဆန်ဒါရာ ပါခ့်၊ Winner အဖွဲ့မှ ကန်ဆောင်ယွန်း တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ အဆိုတော်အဖြစ် ပွဲဦးမထွက်မီ၌ပင် ဂျီဆူးသည် သရုပ်ဆောင် လီမင်ဟို နှင့်အတူ သရုပ်ဆောင်ခဲ့သော Samsonite ကြော်ငြာ အပါအဝင် Smart Uniform၊ LG Electronics၊ Nikon စသည်တို့နှင့် ကြော်ငြာအမြောက်အမြား ရိုက်ကူးခဲ့သည်။

ဂျီဆူး သည် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ဘလက်ပင့်ခ်၏အဖွဲ့ဝင်လေးဦးထဲတွင် စတင်ပါဝင်လာခဲ့ပြီး အဖွဲ့ထဲတွင် အသက်အကြီးဆုံးလည်း ဖြစ်သည်။[၃]

တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုများ ပြင်ဆင်ရန်

၂၀၁၇ ဖေဖော်ဝါရီ ၅ ရက်မှ ၂၀၁၈ ဖေဖော်ဝါရီ ၄ ရက်အထိ ဂျီဆူးသည် GOT7 အဖွဲ့မှ ဂျင်ယောင်း၊ NCT အဖွဲ့မှ ဒိုယောင်း တို့နှင့်အတူ တေးဂီတအစီအစဉ် Inkigayo တွင် အစီအစဉ်တင်ဆက်သူ အဖြစ်ဝင်ရောက်ခဲ့သည်။[၆]

၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်တွင် တောင်ကိုရီးယားရုပ်သံလိုင်းတစ်ခုဖြစ်သော tvN ၏ Arthdal Chronicles ဇာတ်လမ်းတွဲ အခန်းအနည်းငယ်တွင် ဂျီဆူး ပါဝင်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။[၇]

သူမ၏ပထမဦးဆုံးခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သောJTBC Romance စီးရီး Snowdrop သည်လည်းအောင်မြင်မှုများရရှိခဲ့သည်။

 
ဂျီဆူး

[၈]

အခြားလုပ်ဆောင်ချက်များ ပြင်ဆင်ရန်

Endorsements ပြင်ဆင်ရန်

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ဂျီဆူးနှင့် ရိုဆဲတို့သည် တောင်ကိုရီးယားအလှကုန်အမှတ်တံဆိပ် Kiss Me အတွက် မော်ဒယ်များဖြစ်လာသည်။[၉] ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ တွင် ဂျီဆူးသည် ဒီအော အလှကုန်အမှတ်တံဆိပ်၏ "Dior Beauty" Local Ambassador ဖြစ်လာခဲ့သည်။[၁၀] ၂၀၂၀၊ ဇူလိုင်လတွင် ဂျီဆူးသည် ဒီအော်၏ အလှကုန်ပစ္စည်းကြော်ငြာတွင် ပါဝင်ခဲ့သည်။[၁၁]

Impact and influence ပြင်ဆင်ရန်

Gallup Korea ကုမ္ပဏီ၏ ၂၀၁၈ ခုနှစ်အတွက် ဂီတဆိုင်ရာ နှစ်စဉ်စစ်တမ်းတွင် ဂျီဆူးသည် မဲ ၄.၈ ရာခိုင်နှုန်းရရှိပြီး တောင်ကိုရီးယားတွင် ဆယ်ယောက်မြောက် ထင်ပေါ်‌ကျော်ကြားသူ ဖြစ်လာခဲ့သည်။[၁၂][၁၃] ၂၀၁၉ ဧပြီလတွင် သူမသည် Instagram ပေါရှိ ကေပေါ့ပ် အဆိုတော်များအနက် ဆယ်ယောက်မြောက် Follower အများဆုံးဖြစ်ပြီး Followers ၁၂.၈ သန်း ရှိသည်။[၁၄] ၂၀၁၉ ခုနှစ်တွင် ဂျီဆူး သည် တောင်ကိုရီးယား စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်နေသည့် စစ်သားများမှ ကောက်ယူသော နာမည်ကျော် ကေပေါ့ပ်အမျိုးသမီးများစာရင်းတွင်လည်း အဆင့်(၆)နေရာတွင် ရရှိခဲ့သည်။[၁၅] ဂျီဆူး သည် ၂၀၂၀ ခုနှစ်၏ ပထမငါးလအတွက် အလှကုန်ကမ္ဘာတွင် ဦးဆောင်နေသည့် ထိပ်တန်းအကျော်အမော်ဆယ်ဦးနှင့် ဩဇာလွှမ်းမိုးမှုရှိသူစာရင်း တွင်ပါဝင်ခဲ့သည်။ "Bible of Fashion" အမည်ဖြင့် ဖက်ရှင်လုပ်ငန်းကုန်သွယ်မှုလုပ်ဆောင်နေသော ဂျာနယ်ဖြစ်သည့် Women's Wear Daily မှ ထုတ်ပြန်ချက်အရ ဂျီဆူးသည် ပိုစ့်တစ်ခုချင်းစီအတွက် လူအများကြားရောက်ရှိမှုတွင် ဦးဆောင်နေပြီး ရီဟားနား နှင့် ကိုင်လီဂျန်နာတို့က ဂျီဆူး၏နောက်တွင် ရပ်တည်နေသည်။[၁၆] သူမသည် ထိုစာရင်းတွင်ပါဝင်သည့် တစ်ဦးတည်းသောအာရှသူ ဖြစ်သည်။[၁၇]

၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် ဂျီဆူးသည် ဘလက်ပင့်ခ် ၏ Comeback သီချင်းဖြစ်သော “How You Like That” ၏ Teaser မှ သူမ၏အလှအပကြောင့် နာမည်ကျော်ခဲ့သေးသည်။ ဆယ်လီများ၊ အထူးသဖြင့် တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် ဂျီဆူး ကိုယ်တိုင်ဖန်တီးထားသော “Two-bow" ဆံပင်စတိုင် နှင့် မိတ်ကပ်ကို ပြန်လည်ဖန်တီးမှုများ ခေတ်စားခဲ့သည်။ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များတွင်လည်း ပျံ့နှံ့သွားပြီး လူအများမှ ပုံစံတူ တုပလိုက်လုပ်ခြင်းများ ရှိခဲ့သည်။ အဆိုပါ Trend သည် နွေဦးရာသီတလျှောက်လုံး ဆက်လက်တည်ရှိခဲ့သည်။[၁၈]

၂၀၂၀၊ ဇူလိုင်လတွင် ဂျီဆူးသည် ကမ္ဘာ့ထိပ်တန်း ဘောလုံးသမား စီရော်နယ်ဒို နှင့်အတူ ဂျာမန်အားကစားကုန်ပစ္စည်းအမှတ်တံဆိပ် Adidas အား အကြီးမားဆုံးရောင်းအားမြှင့်တင်ပေးသူတစ်ဦးအဖြစ် ဖော်ပြခံခဲ့ရသည်။[၁၉]

Filmography ပြင်ဆင်ရန်

တီဗီရှိုးများ ပြင်ဆင်ရန်

နှစ် ရုပ်သံလိုင်း အစီအစဉ် နေရာ ကိုးကားချက်
၂၀၁၇–၂၀၁၈ SBS Inkigayo အစီအစဉ်တင်ဆက်သူ [၆]

ဇာတ်လမ်းတွဲများ ပြင်ဆင်ရန်

Year Title Role Network Notes Ref.
၂၀၁၅ The Producers ကိုယ်ပိုင်အမည်ဖြင့် KBS2 ဧည့်သည်သရုပ်ဆောင် [၂၀]
၂၀၁၇ Part-Time Idols SBS
၂၀၁၉ Arthdal Chronicles ဆဲနာရယ် tvN, Netflix
TBA Snowdrop TBA JTBC ခေါင်းဆောင်မင်းသမီး [၈]

ဂီတ ဗီဒီယိုများ ပြင်ဆင်ရန်

Year Title Artist Ref.
၂၀၁၄ "Spoiler + Happen Ending" Epik High
"I'm Different" Hi Suhyun ft. Bobby

ကိုးကားချက်များ ပြင်ဆင်ရန်

  1. Herman၊ Tamar။ "BLACKPINK Sign With Interscope Records & UMG in Global Partnership With YG Entertainment: Exclusive"၊ Billboard၊ October 22, 2018။ 
  2. Jisoo (September 30, 2019)။ 3 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2020 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ "Everything to Know About K-Pop Group BLACKPINK" Time. April 3, 2019.
  4. "BLACKPINK Members Spotted at Jisoo’s Brother Wedding Party"၊ May 11, 2019။ 
  5. "BLACKPINK members join Jisoo in celebrating the marriage of her older brother"၊ May 13, 2019။ 
  6. ၆.၀ ၆.၁ 블랙핑크 지수 "'인기가요' MC 하차, 블랙핑크로 돌아오겠다" 소감 (in ko) (February 4, 2018)။ May 29, 2019 တွင် ပြန်စစ်ပြီး။
  7. BLACKPINK's Jisoo & 2PM's Nichkhun Are Confirmed To Appear On Arthdal Chronicles (June 11, 2019)။
  8. ၈.၀ ၈.၁ 블랙핑크 지수, '설강화' 여주인공..'SKY캐슬' 제작진 조우[공식] (August 18, 2020)။
  9. 블랙핑크 지수X로제, 메이크업 브랜드 모델 발탁..트렌디 매력UP (September 27, 2018)။
  10. '블랙핑크' 지수, 디올 뷰티 로컬 앰버서더로 발탁 (December 18, 2019)။
  11. 디올의 뮤즈 지수, 청량한 여름을 닮은 (July 3, 2020)။
  12. 2018년 올해를 빛낸 가수와 가요 - 최근 12년간 추이 포함 (in ko) (November 30, 2018)။
  13. Gallup Korea names favorite singers, songs in 2018 (December 26, 2018)။ 30 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 29, 2019 တွင် ပြန်စစ်ပြီး။
  14. Blackpink's Lisa most followed K-pop idol on Instagram (April 17, 2019)။ May 29, 2019 တွင် ပြန်စစ်ပြီး။
  15. Sana de Twice es elegida la cantante más popular por los soldados de Corea del Sur (in Spanish) (November 10, 2019)။ June 13, 2020 တွင် ပြန်စစ်ပြီး။
  16. Beauty Celebs, Influencers Keep Engaging Better Than Brands on Social Media (June 30, 2020)။ July 8, 2020 တွင် ပြန်စစ်ပြီး။
  17. Beauty, Kylie Jenner, and Rihanna are the biggest influencers (July 6, 2020)။ 9 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 8, 2020 တွင် ပြန်စစ်ပြီး။
  18. Black Pink vừa ra MV, chị em đã thi nhau làm tóc giống Jisoo, nhuộm tóc như Jennie, ai cũng xinh chất phát hờn (June 27, 2020)။
  19. Nike ist die weltweit sichtbarste Twitter-Marke (July 16, 2020)။
  20. Template error: argument title is required. 

ပြင်ပလင့်များ ပြင်ဆင်ရန်