ဂျူဗလီစိန် (ခန့်မှန်း ၁၉၀၇-၁၉၆၁) သည် မြန်မာ တေးရေး ဖြစ်သည်။

အနုပညာခရီး ပြင်ဆင်ရန်

အမည်ရင်းမှာ ဝင်းမောင် ဖြစ်သည်။ စစ်ကြိုခေတ်က (၁၀)တန်း အောင်သော်လည်း ဝန်ထမ်းမလုပ်ဘဲ အနုပညာနယ်ပယ်တွင် ကျင်လည်ခဲ့သည်။ သဟာယဆရာတင်ထံတွင် တေးစပ်မှုကို နည်းခံပြီး တေးသီချင်းများ စပ်ဆိုခဲ့သည်။ အေဝမ်း ဓာတ်ပြားကုမ္ပဏီမှ ထုတ်လုပ်သည့် ပြည်လှဖေ၏ နဂါးနိုင်မင်းမင်းမဟာဂီရိ နှင့် ဣန္ဒာနွယ် တို့မှာ ဂျူဗလီစိန်၏ ထင်ရှားသော သီချင်းများဖြစ်သည်။

စစ်ပြီးခေတ်တွင် အရှေ့ပိုင်းတူရိယာအဖွဲ့တွင် တင်တင်မြ၊ ခင်စန်းကြည်၊ ဘေဘီနွဲ့၊ နုနုဝေ၊ တင်တင်အောင်၊ မြင့်စိုး၊ တင်မောင်လှ၊ ကိုကျော်စိန်၊ မယ်ဒလင် တိုးဝင်း၊ ကိုလှဝင်းတို့အတွက် ရေဒီယိုသီချင်းပုဒ်ရေ (၇၀) ကျော် ရေးသားပေးခဲ့သည်။ ရုပ်ရှင်ကားများတွင်လည်း အရန်သရုပ်ဆောင် အဖြစ်လည်း ပါဝင်ဖူးသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၁၉၆၁ ခု၊ ဇွန်လ ၂၂ ရက်တွင် ကွယ်လွန်သည်။ ဇနီးနှင့် သား (၁) ယောက်၊ သမီး (၂) ယောက် ကျန်ရစ်သည်။

ကိုးကား ပြင်ဆင်ရန်