ဂျေဂျေလင်း

စင်္ကာပူ အဆိုတော်

ဂျေဂျေလင်း (; ၂၇ မတ်လ ၁၉၈၁ မွေး) သည် စင်္ကာပူလူမျိုး အဆိုတော်၊ သီချင်းရေးဆရာ၊ ဓာတ်ပြားထုတ်လုပ်သူနှင့် သရုပ်ဆောင် ဖြစ်သည်။[၁] သူ၏ ဂီတဖြင့် အသက်မွေးဝမ်းကျောင်းမှုသည် ၂၀၀၃ ခုနှစ် ဂီတခရီးလမ်း ဟူသော အယ်လဘမ်ဖြင့် ပွဲဦးထွက်ခဲ့ခြင်း ဖြစ်သည်။ လင်းသည် အကောင်းဆုံး မျက်နှာသစ်အနုပညာရှင်ဆု တဆုနှင့် အကောင်းဆုံး တရုတ်ကျားအဆိုရှင်ဆု နှစ်ဆု ပါဝင်သော ရွှေမယ်လိုဒီဆု သုံးဆုကို ရရှိသည်။[၂]

JJ Lin
Lin in 2012.
အချက်အလက်များ
တရုတ်အမည် (traditional)
တရုတ်အမည် (simplified)
PinyinLín Jùnjié (Mandarin)
မွေးဖွား (1981-03-27) ၂၇ မတ်၊ ၁၉၈၁ (အသက် ၄၃)
Singapore
နိုင်ငံသားSingaporean
အခြား အမည်(များ)Wayne Lim
အလုပ်အကိုင်Singer, songwriter, record producer, actor, businessman
ဂီတဟန်Mandopop
တူရိယာ(များ)Vocals, piano, guitar, drums, beatboxing
အသံအမျိုးအစား(များ)Tenor
တေးသံသွင်း ကုမ္ပဏီOcean Butterflies, Warner
တက်ကြွ ခုနှစ်များ2003–present
မျိုးရိုးKinmen, Fujian, Republic of China
မိခင်ကျောင်းSaint Andrew's Junior College
ဝက်ဘ်ဆိုဒ်jjlin.com

ငယ်ဘဝ ပြင်ဆင်ရန်

လင်းသည် စင်္ကာပူ၌ မွေးပြီး၊ အင်ဂလိုတရုတ်ကျောင်းနှင့် စိန့်အင်ဒရူး၏ ဂျူနီယာကောလိပ်တွင် စာဖတ်ခဲ့ပြီးနောက် စစ်မှုထမ်းခဲ့သည်။

အသက်မွေးဝမ်းကျောင်း ပြင်ဆင်ရန်

တရုတ်မန်ဒရင်စကားကို ပြောတတ်သည့်အပြင်၊ လင်းသည် တိုင်းရင်းဘာသာစကား ဖြစ်သော ဟော့ကင်းနှင့် အသံထွက်ပေါင်းစပ်စနစ်ကို သုံးထားသော ကန်တုံဘာသာဖြင့်လည်း သီဆိုပြီး၊ ကန်တုံသီချင်းများကို ဖြန့်ချိခဲ့သည်။ ထိုင်ဝမ်၌၊ ရွှေမယ်လိုဒီဆုပေးပွဲ၌ အကောင်းဆုံး မျက်နှာသစ်အနုပညာရှင်ဆုကို ပေးအပ်ခြင်းခံရသည်။[၃]

သီချင်းစပ် စွမ်းရည် ကောင်းလှသောကြောင့် သူသည် ကျော်ကြားသည်။ နည်းပြဆရာများ ဖြစ်သော ဘီလီကိုးနှင့် ဆန်းကစ်အင်တို့ လက်အောက်၌ လေ့ကျင့်နေသည့် အချိန် အိုးရှင်းလိပ်ပြာ၌ ရှိစဉ်ကပင် အဆိုရှင်များစွာအတွက် သီချင်းများ ရေးပေးခဲ့သည်။ သူရေးပေးခဲ့သမျှ၌ ထိုင်ဝမ်အဆိုတော် အားမေ၏ သတိရ၊ အားတို၏ လက်လွှတ်ပါ၊ ဟာလမ်ယွီ၏ နင်ဘာဖြစ်နေတာလဲ၊ ကော့မစ်ဘွိုင်းဇ်၏ ''စူပါမင်းနှလုံးသား စသော သီချင်းတို့မှာ လူသိများလှသည်။

စင်္ကာပူတွင်၊ တပ်နီချီတက်ပွဲ၏ စစ်ချီတေး ဖြစ်သော အိမ်ကို ရီမစ်လုပ်ပြီး ဖျော်ဖြေပေးရန် ၂၀၀၄ တွင် အရွေးခံရသည်။ ထိုသီချင်းသည် တပတ်တာအတွင်း ကော်ပီပေါင်း တသန်း ရောင်းချရကာ အာရှတဝန်း အထူး ကျော်ကြား လူကြိုက်များသည်။

ဇူလိုင် ၂၀၀၇ တွင်၊ ၂ နာရီနှင့် မိနစ် ၃၀ အတွင်း စီဒီပေါင်း ၃၀၅၂ ကို ဆိုပြပြီး ဂင်းနစ်စံချိန်ကို ချိုးလိုက်သည်။ သီဆိုနေစဉ်အတွင်း ရေမသောက် ထမင်းမစားရချေ။ စီဒီတချပ်ကို ပျမ်းမျှ ၂.၇ စက္ကန့်ဖြင့် သူသီဆိုခဲ့သည်။[၄]

၂၀၁၀ မေလတွင်၊ လင်းသည် အာရှပစိဖိတ် အမေရိကန်အမွေအနှစ်တလ နယ်လှည့် ဖျော်ဖြေပွဲ၌ ပထမဦးဆုံးအနေနှင့် အမေရိကန်တွင် ဖျော်ဖြေခဲ့သည်။[၅]

အခြားအနုပညာ ပြင်ဆင်ရန်

လင်းသည် Sprite, Durex, Dota 2 နှင့် Cornetto Royale စသော တံဆိပ်များအတွက် ကြော်ငြာများတွင် ပါဝင်သည်။

သူသည် စင်္ကာပူအတွက် ခရီးသွားသံအမတ်လည်း ဖြစ်သည်။

သူသည် ထိုင်ဝမ်၌ သံအမတ်အနေဖြင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်၌လည်း ပါဝင်ခဲ့သည်။ ထိုလှုပ်ရှားမှုအတွက် အဓိကသီချင်းမှာ Westside ဆိုသော အယ်လဘမ်မှ ဘေဘီဘေဘီရေ သီချင်း ဖြစ်သည်။

၁၄ ဩဂုတ် ၂၀၁၅ တွင် The voice of China (season 4) တရုတ်ပြည်၏အသံ (ရာသီ ၄) အစီအစဉ်တွင် ဟာလမ်ယွီအဖွဲ့၌ အကြံပေးလုပ်ရန် အရွေးခံရသည်။

၄ နိုဝင်ဘာ ၂၀၁၆ ၌၊ ကျန်းအားမေ၊ ရှောင်းကျင့်ထိန်၊ ထျင်ဖုကျိန်း နှင့် ယွီချွင်တို့နှင့် အပြိုင် နည်းပြဆရာများအနက် တဦးအဖြစ် Dream Voice စုံစိရှိုးတွင် ပါဝင်ပူးပေါင်းသည်။[၆]. အောက်တိုဘာ ၂၀၁၇ တွင် ထုတ်လွှင့်သော ရှိုး၏ ဒုတိယရာသီ၌ နည်းပြအဖြစ် ဆက်လက် တည်ရှိသည်။[၇].

တေးသံသွင်း ပြင်ဆင်ရန်

  • Music Voyager (2003)
  • Haven (2004)
  • No. 89757 (2005)
  • Cao Cao (2006)
  • Westside (2007)
  • Sixology (2008)
  • Hundred Days (2009)
  • She Says (2010)
  • Lost N Found (2011)
  • Stories Untold (2013)
  • Genesis (2014)
  • From M.E. to Myself (2015)
  • Message in a Bottle (2017)

ရုပ်ရှင် ပြင်ဆင်ရန်

  • Hanazakarino Kimitachihe (2006)
  • Legend of the Sea (2007)
  • Pretty Ugly (2008)
  • The Wonderful Wedding (2015)
  • The Secret (2016)

နယ်လှည့်ဖျော်ဖြေပွဲ ပြင်ဆင်ရန်

  • Just JJ World Tour (2006–2007)
  • I Am World Tour (2010–2011)
  • Timeline World Tour (2013–2015)
  • Sanctuary World Tour (2018)

ဆုများ ပြင်ဆင်ရန်

Year Award Category Nominated work Result Ref.
2003 Singapore Hit Awards Best New Artist (Gold) ဆုရရှိ
2004 Golden Melody Awards Best New Artist Music Voyager ဆုရရှိ [၈]
2005 Singapore Hit Awards Best Local Male Singer ဆုရရှိ
Best Singer-Songwriter ဆုရရှိ
Best Performing Male Singer ဆုရရှိ
Best Local Composition "A Thousand Years Later" from No. 89757 ဆုရရှိ
"No. 89757" from No. 89757 ဆုရရှိ
2006 Compass Awards Best Local Youth Songwriter ဆုရရှိ
2007 Best Local Singer ဆုရရှိ
Best Local Film Song "Summer Breeze" (feat. Kym) from No. 89757 ဆုရရှိ
Singapore Hit Awards Best Local Singer Westside ဆုရရှိ
2008 Compass Awards Best Local Songwriter ဆုရရှိ
2009 ဆုရရှိ
Best Local Singer ဆုရရှိ
Best Local Film Song "Freedom" from Westside ဆုရရှိ
Singapore Hit Awards Best Local Singer ဆုရရှိ
2010 Golden Melody Awards Best Mandarin Male Singer Hundred Days ဆန်ခါတင်
Compass Awards Best Local Singer ဆုရရှိ
Best Local Songwriter ဆုရရှိ
2011 Golden Melody Awards Best Mandarin Male Singer She Says ဆန်ခါတင် [၉]
2014 Mnet Asian Music Awards Best Asian Artist ဆုရရှိ [၁၀]
Golden Melody Awards Best Mandarin Male Singer Stories Untold ဆုရရှိ
Compass Awards Best Local Singer ဆုရရှိ
Best Local Songwriter ဆုရရှိ
2015 Golden Melody Awards Best Composer "Listen Up" from Rice & Shine by Eason Chan ဆန်ခါတင်
Best Single Producer "Listen Up" from Rice & Shine by Eason Chan ဆန်ခါတင်
2016 Golden Melody Awards Song of the Year "Twilight" from From M.E. to Myself ဆန်ခါတင်
Best Music Video "I Am Alive" (feat. Jason Mraz) from Genesis ဆန်ခါတင်
Best Album Producer From M.E. to Myself ဆန်ခါတင်
Best Composer "Twilight" from From M.E. to Myself ဆုရရှိ
Best Mandarin Male Singer From M.E. to Myself ဆုရရှိ
Mnet Asian Music Awards Best Asian Artist ဆုရရှိ

ကိုးကား ပြင်ဆင်ရန်

  1. JJ Lin - singer/actor။ 29 November 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 May 2018 တွင် ပြန်စစ်ပြီး။
  2. (တရုတ်) GIO, Taiwan 15th Golden Melody Awards winners list Archived 25 November 2011 at the Wayback Machine. Error in webarchive template: Check |url= value. Empty. 12 May 2004. Retrieved 2011-06-20
  3. Birchmeier၊ Jason။ Biography: JJ LinAMG။ 16 May 2010 တွင် ပြန်စစ်ပြီး။
  4. JJ Lin Earns Autograph-Signing World Record။ CRIENGLISH (2007-07-23)။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-05-08 တွင် ပြန်စစ်ပြီး။
  5. Connecting with American Fans: an interview with JJ Lin and Evonne Hsu။ Asia Pacific Arts (18 August 2010)။ 26 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 May 2018 တွင် ပြန်စစ်ပြီး။
  6. "《梦想的声音》第二期收视大涨 萧敬腾、林俊杰玩合体" (in zh)၊ 联合早报网၊ 16 November 2016။ 21 April 2018 တွင် ပြန်စစ်ပြီး 
  7. 《梦想的声音2》导师林俊杰回归,什么歌曲让JJ表示压力山大?_娱乐_新闻_新视听网站 (in zh-CN)။ 18 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2018-04-17 တွင် ပြန်စစ်ပြီး။
  8. "Biography of JJ Lin" Archived 4 June 2013 at the Wayback Machine. Error in webarchive template: Check |url= value. Empty. .JJ Lin Official Website.Retrieved 2013-06-14.
  9. (တရုတ်) GIO, Taiwan 22nd Golden Melody Awards nomination list Archived 25 November 2011 at the Wayback Machine. Error in webarchive template: Check |url= value. Empty. 13 May 2011. Retrieved 2011-06-20
  10. Mnet Asian Music Awards 2014 WinnersMnet Asian Music Awards။ 4 May 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2014 တွင် ပြန်စစ်ပြီး။

ပြင်ပလင့် ပြင်ဆင်ရန်