ဂျောရင်းရေတံခွန်
ဂျောရင်းရေတံခွန်(浄蓮の滝, Jōren-no-taki) သည် ဂျပန်နိုင်ငံ၊ ရှိဇုအိုခစီရင်စု၊ ယုဂရှိမခရိုင်၊ အိဇုမြို့ရှိ ရေတံခွန်တစ်ခု ဖြစ်သည်။ အိဇုကျွန်းဆွယ်၏ အလယ်ပိုင်း ခနိုမြစ်၏ အထက်ဘက်ပိုင်းတွင် တည်ရှိသည်။ ရှိဇုအိုခစီရင်စုသဘာဝနေရာတစ်ခုလည်း ဖြစ်သည်။ ၁၉၉၀ ခုနှစ် ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် “ဂျပန်နိုင်ငံရှိ အကောင်းဆုံး ရေတံခွန် ၁၀၀” တွင် ပါဝင်ခဲ့သည်။
ဂျောရင်းရေတံခွန် | |
---|---|
တည်နေရာ | Izu, Shizuoka, Japan |
ကိုဩဒိနိတ် | 34°52′19″N 138°55′20″E / 34.871807°N 138.922144°Eကိုဩဒိနိတ်: 34°52′19″N 138°55′20″E / 34.871807°N 138.922144°E |
အမျိုးအစား | block |
စုစုပေါင်း အမြင့် | 25 m |
ပျမ်းမျှ အလျား | 7 m |
ရေလမ်း | Kano River |
ဂျပန်ရိုးရာအစဉ်အလာသမိုင်းများအရ ဂျောရင်းရေတံခွန်သည် ဂျောရင်းရေတံခွန်သခင်မ နေထိုင်ရာအိမ် ဖြစ်သည်။ ထိုသခင်မသည် ပင့်ကူတစ်ကောင် ဖြစ်ပြီး ၎င်းသည် စွဲမက်စရာကောင်းသည့် အမျိုးသမီးအသွင် ပြောင်းလဲနိုင်သည်။
ပြင်ပလင့်များ
ပြင်ဆင်ရန်- Jōren Falls tourism home page
- Ministry of Environment Archived 6 October 2017 at the Wayback Machine. (in ဂျပန်)