ဂျော့ရှ် ဂေါဒွန် ဘိုင်ယွန် (၂၂ ဇန်နဝါရီ ၁၇၈၈ - ၁၉ ဧပြီ ၁၈၂၄) ကို လောဒ် ဘိုင်ယွန်အဖြစ် လူသိများပြီး အင်္ဂလိပ် ကဗျာဆရာ တစ်ယောက်ဖြစ်သည်။ ထို့ပြင် ရိုမန့်တစ်စာပေ၏ ဦးဆောင်လှုပ်ရှားသူဖြစ်သည် ဟုလည်း ဆိုကြသည်။

ဂျော့ရှ် ဘိုင်ရွန်
George Gordon Byron
George Gordon Byron, 6th Baron Byron by Richard Westall (2).jpg
မွေးဖွား22 January 1788
လန်ဒန်မြို့။
ကွယ်လွန်19 April 1824 (aged 36)
Missolonghi, Aetolia-Acarnania, Ottoman Empire (Greece)
ကျော်ကြားမှုအရင်းခံDon Juan, Childe Harold's Pilgrimage, She Walks in Beauty .
လက်မှတ်
Autograph-LordByron.png

ဘိုင်ယွန်ရဲ့ အကောင်းဆုံးလက်ရာ တစ်ခုမှာ ဒွန်ဂျင်းန်လင်္ကာရှည်ကြီးဖြစ်ပြီး အလင်္ကာပိုဒ်ရေ ၁၆ ပုဒ်ပါဝင်ကာ ၁၇ခုမြောက်မှာ ကွယ်လွန်သွားသောကြောင့် လက်စမသတ်နိုင်ခဲ့ချေ။ Childe Harold's Pilgrimage ကဗျာရှည်နှင့် She Walks in Beauty ကဗျာတို့မှာလည်း ထင်ရှားသည်။

ဘိုင်ယွန်ကို အတော်ဆုံးဗြိတိသျှလူမျိုး ကဗျာဆရာ တစ်ယောက်ဟု အားလုံးက အသိအမှတ်ပြုကြသည်။ ယခုအချိန်ထိ သူ့ကဗျာများကို ဖတ်နေကြဆဲဖြစ်ပြီး ၊ ယခုအချိန်ထိ လွှမ်းမိုးမှုလည်းရှိနေသေးသည်။ ဘိုင်ယွန်သည် ဥရောပတစ်တိုက်လုံး ခြေဆန့်ခဲ့ပြီး အီတလီနိုင်ငံကို အထူးသဘောကျကာ ထိုနိုင်ငံမှာ ၇ နှစ်ကြာ နေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဂရိလွတ်မြောက်ရေးတိုက်ပွဲတွင် အော်တိုမန် အင်ပါယာကို တိုက်ခိုက်ရာတွင် ဝင်ရောက်ပါဝင် တိုက်ပွဲဝင်ပေးခဲ့သည်။ ထိုကြောင့် ဂရိတို့က ဘိုင်ယွန်ကို အမျိုးသား သူရဲကောင်းအဖြစ် အလေးအမြတ်ပြုကြသည်။ ဂရိနိုင်ငံ မစ်ဆိုလွန်ဂီမြို့တွင်နေစဉ် ဖျားနာခဲ့ပြီး တစ်နှစ်အကြာ အသက် ၃၆ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ဘိုင်ရွန်ရဲ့ ဘဝဟာ ကောင်းဆိုးနှစ်တန် ရောထွေးနေပြီး သူရဲ့ မင်းစိုးရာဇာဆန်ဆန် ပြုမူမှုတွေ၊ ကြွေးမြီများပြားမှုတွေ၊ ချစ်မှုရေးရာ ရှုပ်ထွေးမှုများရှိနေပြီး ကောလဟာလများအရ သူ၏ ညီမများ(မအေတူဖအေကွဲ (သို့) ဖအေတူမအေကွဲ)နှင့် ရှုပ်ထွေးမှုများရှိနေပြီး ကိုယ်တိုင် ပြည်ပသို့ထွက်ခွာခဲ့ခြင်းဟု ဆိုကြသည်။