ဂျွန် အိုကဲလ် (John Okell) သည် လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးကျောင်း (SOAS) မှ တွဲဖက် သုတေသီတစ်ဦးဖြစ်သည်။ မြန်မာဘာသာစကားနှင့် ယဉ်ကျေးမှုတွင် ကမ္ဘာ့ထိပ်တန်း ဦးဆောင်ပညာရှင်ထဲမှ တစ်ဦးဖြစ်သည်။ ဆရာကြီး ဂျွန် အိုကဲသည် အောက်စဖို့ဒ်တက္ကသိုလ် တွင် ဂန္ထဝင်စာပေကို လေ့လာသင်ယူခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံသို့ မြန်မာစာပေသင်ယူရန် မသွားမီ SOAS တွင် အာရ်. ကေ. စပရစ်ဂ် (R. K. Sprigg) နှင့် အခြား ဘာသာဗေဒပညာရှင်များထံတွင် ဆက်လက်လေ့လာဆည်းပူးသည်။ ဆရာကြီးရွှေပြည်ဦးဘတင် စသူတို့ထံတွင် မြန်မာစာပေကို ဆည်းပူးခဲ့ဖူးသူဟု ဆိုကြသည်။ မြန်မာသဒ္ဒါကျမ်း နှစ်တွဲကိုလည်း ရေးသားခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် အက်ပဲလ် ကွန်ပျူတာများတွင် အသုံးပြုရန် 'Ava Laser' Font ကိုပြုစုပေးခဲ့သည်။ လန်ဒန်တက္ကသိုလ်တွင် တွဲဖက်သုတေသီအဖြစ် ဆောင်ရွက်လျက်ရှိပြီး မြန်မာစာပေကို ပို့ချခဲ့သည်။ သူ့အား မြန်မာအမည် ဦးလှသိန်း၊ ကိုအုတ်ခဲ စသည့် နာမည်များဖြင့်သိကြသည်။[၁]

ဂျွန် အိုကဲလ်
ဦးလှသိန်း
မွေးဖွား၁၉၃၄ (အသက် ၈၉–၉၀)
ဆုံးပါး (အသက် ၈၆)
လန်ဒန်မြို့
မိခင်ကျောင်းအောက်စဖို့ဒ်တက္ကသိုလ် (B.A., M.A.)
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များဗြိတိသျှ ဘုရင်မ၏ အိုဘီအီး (ဗြိတိသျှအင်ပါယာရဲ့ အရာရှိ) ဘွဲ့ ၂ဝ၁၄၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (လန်ဒန်တက္ကသိုလ်) ၂ဝ၁၆၊

ပညာသင်ဘဝ ပြင်ဆင်ရန်

ဂျွန်အိုကယ်ကို အင်္ဂလန်တောင်ပိုင်း ဘရိုက်တန် ကမ်းခြေမြို့၌ ၁၉၃၄ က မွေးခဲ့ပြီး အောက်စဖို့ဒ်တက္ကသိုလ် ဘုရင်မကောလိပ်တွင် ရောမနဲ့ ဂရိ ဂန္ထဝင်စာပေများ သင်ကြားခဲ့သည်။ ထို့နောက် ၁၉၅၉တွင် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကပညာရပ်များကျောင်း၌ မြန်မာစာ ပါမောက္ခ ဒေါက်တာလှဘေထံတွင် မြန်မာစာ ကို တစ်နှစ်ခွဲ သင်ယူခဲ့သည်။ ၁၉၆ဝ တွင် ဂျွန်အိုကယ်သည် မြန်မာပြည်သို့ ရောက်ရှိပြီး မြန်မာစာနှင့် ယဉ်ကျေးမှုများကို ဆက်လက်ဆည်းပူးခဲ့သည်။ ထိုခေတ်က ရန်ကုန်မြို့တွင် မြန်မာစကား ပြောဖို့ကြိုးစားတိုင်း လူတွေက အင်္ဂလိပ်လိုသာ ပြန်ပြောကြသဖြင့် မြန်မာပြည် အထက်ပိုင်းတွင် သွားသင်ခဲ့ရသည်ဟု ဂျွန်အိုကယ်က သူ့၏ မြန်မာစာသင်ခရီးကို ၂ဝဝ၆ က မြန်မာလေ့လာရေး ဘူလက်တင် စာစောင်တွင် ရေးသားထားသည်။

မြန်မာစာပေဆိုင်ရာ ပြင်ဆင်ရန်

ဆရာကြီး ဂျွန် အိုကဲသည် တယောထိုး ဝါသနာပါသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

လန်ဒန်တက္ကသိုလ် မြန်မာစာဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့သော ဂျွန်အိုကယ်သည် ၂၀၂၀ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့ လန်ဒန်မြို့တွင် ကွယ်လွန်ခဲ့သည်။ ဂျွန်အိုကယ်သည် အသက် (၈၆) နှစ် အရွယ် မကွယ်လွန်မီ တလခန့် အထိ ကျောင်းသားများအား မြန်မာစာ သင်ကြားပေးသွားခဲ့သည်။ [၂]

ပြစုခဲ့သော စာအုပ်များ ပြင်ဆင်ရန်

  • Hla Pe, Anna J. Allott, John Okell (1963). "Three 'Immortal' Burmese Songs." Bulletin of the School of Oriental and African Studies . 26.3: 559-571.
  • Okell, John. "Learning Music from a Burmese Master" Man 64: 183
  • Okell, John (1965). "Nissaya Burmese: a case of systematic adaptation to a foreign grammar and syntax". Lingua 15: 186-227.
  • Okell, John (1969). A reference grammar of colloquial Burmese. London: Oxford University Press.
  • Okell, John (1971). "The Burmese Double-Reed "Nhai"". Asian Music 2.1: 25-31
  • Okell, John (1971). "K Clusters in Proto-Burmese". Sino-Tibetan Conference, October 8-9, 1971, Bloomington, Indiana. ms.
  • Okell, John (1971). A guide to the romanization of Burmese. London: Luzac [for] The Royal Asiatic Society of Great Britain and Ireland.
  • Okell, John (1979). "'Still' and 'anymore' in Burmese." Linguistics of the Tibeto-Burman area 4.2: 69-82.
  • Okell, John (1988). ‘Notes on Tone Alternation in Maru Verbs’. David Bradley, Eug´enie J.A. Henderson and Martine Mazaudon (eds), Prosodic analysis and Asian linguistics: to honour R.K. Sprigg. (Pacific Linguistics C-104). Canberra, A.C.T., Australia: Dept. of Linguistics, Research School of Pacific Studies, Australian National University:109-114.
  • Okell, John (1989). First steps in Burmese. London: School of Oriental and African Studies, University of London.
  • Okell, John (1989). "Yaw: a dialect of Burmese". South East Asian linguistics: essays in honour of Eugénie J A Henderson. Ed. J H C S Davidson. London, SOAS:199-219.
  • Okell, John (1995). Burmese: an introduction to the spoken language. [De Kalb]: Northern Illinois University, Center for Southeast Asian Studies.
  • Okell, John (1995). Burmese: an introduction to the script. [De Kalb]: Northern Illinois University, Center for Southeast Asian Studies.
  • Okell, John (1995). Burmese: an introduction to the literary style. [De Kalb]: Northern Illinois University, Center for Southeast Asian Studies.
  • Okell, John (1995). "Three Burmese Dialects." D. Bradley (ed.). Papers in Southeast Aisan linguistics no. 13: Studies in Burmese Languages. (Pacific Linguistics, A-83). : 1-138.
  • Okell, John and Anna Allott (2001). Burmese/Myanmar dictionary of grammatical forms. Curzon Press.
  • Okell, John (2002). Burmese by ear, or Essential Myanmar. London: Audio-Forum, Sussex Publications Limited. (Now available for free download from http://www.soas.ac.uk/bbe/ Archived 3 January 2010 at the Wayback Machine.)
  • Okell, John (2007). "Dr. U Hla Pe (1913-2007)". Bulletin of Burma Research 5.1-2: 1-4.

မြန်မာဘာသာဖြင့် ပြုစုသောစာအုပ် ပြင်ဆင်ရန်

  • First Steps in Burmese by John Okell, University of London, School of Oriental and African Studies Staff School of Oriental & African Studies, ISBN 0-7286-0146-X

ကိုးကား ပြင်ဆင်ရန်

  1. ဂျွန်အိုကယ် - နှစ် ၆၀ ကျော်မြန်မာစာ သင်ပေးသွားခဲ့သူ။ BBC Burmese။ ၆ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. လန်ဒန်တက္ကသိုလ် မြန်မာစာဌာနမှူး (ငြိမ်း) John Okell ကွယ်လွန်။ VOA Burmese။ ၆ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ ပြင်ဆင်ရန်