ပင်မ ဥက္ကာ ခါးပတ်
ပင်မ ဥက္ကာခါးပတ် သည် နေအဖွဲ့အစည်းရှိ ဂျူပီတာဂြိုဟ်နှင့် အင်္ဂါဂြိုဟ် ပတ်လမ်းကြားရှိ စက်ဝိုင်းလုံးပုံစံ ချပ်ပြားဖြစ်သည်။ ယင်းတွင် ဥက္ကာပျံများ သို့မဟုတ် ဂြိုဟ်ငယ်များကဲ့သို့သော ပုံစံအတည်တကျမရှိသည့် အရာဝတ္ထုများ တည်ရှိသည်။ ခါးပတ်အား အခြားသော ကမ္ဘာမြေအနီးရှိ ဥက္ကာပျံများ၊ ထရိုဂျင် ဥက္ကာပျံများနှင့် ကွဲပြားစေရန် ပင်မ ဥက္ကာခါးပတ်ဟု ခေါ်ဆိုသည်။[၁] ခါးပတ်၏ ထုထည် ထက်ဝက်ခန့်ကို အကြီးဆုံး ဥက္ကာပျံများဖြစ်သော စီးရပ်စ်၊ ဗီစတာ၊ Pallas နှင့် Hygiea တို့က ပိုင်ဆိုင်ထားကြသည်။[၁] ဥက္ကာ ခါးပတ်၏ စုစုပေါင်းထုထည်သည် လကမ္ဘာ၏ ၄%၊ ပလူတို၏ ၂၂%၊ ချာရွန်၏ ၂၂% နီးပါးခန့် ရှိသည်။ စီးရပ်စ်သည် ခါးပတ်၏ တစ်ခုတည်းသော ဂြိုဟ်ပုဖြစ်ပြီး အချင်းအားဖြင့် ၉၅၀ ကီလိုမီတာ ရှိကာ ဗီစတာ Pallas နှင့် Hygiea တို့မှာ ၆၀၀ ကီလိုမီတာအောက် ရှိကြသည်။[၂][၃] ကျန်သော ကိုယ်ထည်များမှာ ဖုန်မှုန်အရွယ်အစားခန့်မျှသာ တည်ရှိကြသည်။ ဥက္ကာ ခါးပတ်ရှိ အရာဝတ္ထုများသည် ပါးလွှာစွာ ပြန့်နှံ့တည်ရှိသောကြောင့် လူသားမဲ့ အာကာသယာဉ်များစွာတို့သည် ထိတိုက်မှုမရှိဘဲ ပျံသန်းခဲ့သည်။[၄] သို့သော်လည်း ကြီးမားသော ဥက္ကာပျံများကြားတွင်ကား ထိတိုက်မှု ရှိလေသည်။
နေ ဂျူပီတာ ထရိုဂျင်များ ဂြိုဟ်များ၏ ပတ်လမ်းကြောင်းများ | ဥက္ကာ ခါးပတ် ဟဲလ်ဒါ ဥက္ကာပျံများ (Hildas) ကမ္ဘာအနီး အရာဝတ္ထုများများ (selection) |
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Matt Williams (2015-08-23)။ What is the Asteroid Belt?။ Universe Today။ 2016-01-30 တွင် ပြန်စစ်ပြီး။
- ↑ Krasinsky, G. A. (July 2002). "Hidden Mass in the Asteroid Belt". Icarus 158 (1): 98–105. doi: . Bibcode: 2002Icar..158...98K.
- ↑ Yeomans၊ Donald K. (July 13, 2006)။ JPL Small-Body Database Browser။ NASA JPL။ 29 September 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-09-27 တွင် ပြန်စစ်ပြီး။
- ↑ Brian Koberlein (2014-03-12)။ Why the Asteroid Belt Doesn't Threaten Spacecraft။ Universe Today။ 2016-01-30 တွင် ပြန်စစ်ပြီး။