ဂွတ်ဘိုင် ဂိုလိုဗင်
ဂွတ်ဘိုင် ဂိုလိုဗင် (အင်္ဂလိပ်: Goodbye Golovin) ဒါရိုက်တာ မက်သယူး ဂရီမာဒ် ရိုက်ကူးပြီး ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့သည့် ကနေဒါ ရုပ်ရှင်ဇာတ်လမ်းတိုတစ်ပုဒ်ဖြစ်သည်။ အဓိကဇာတ်ဆောင်အဖြစ် အိုလက်ဆန်ဒါ ရူဒင်းစကီးက ဖခင်သေဆုံးပြီးနောက် နိုင်ငံသစ်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ရန် စဉ်းစားနေသူ ယူကရိန်း လူငယ် အီယန် ဂိုလိုဗင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။[၁]
ဂွတ်ဘိုင် ဂိုလိုဗင် | |
---|---|
ရုပ်ရှင်ပိုစတာ | |
အခြေခံအချက်အလက် | |
ဒါရိုက်တာ | မက်သယူး ဂရီမာဒ် |
ထုတ်လုပ်သူ | ဆိုင်မွန် ကော်ရီဗျူး ဂါ့ဂ်နေး မက်သယူး ဂရီမာဒ် |
စာရေးသူ | မက်သယူး ဂရီမာဒ် |
သရုပ်ဆောင် | အိုလက်ဆန်ဒါ ရူဒင်းစကီး ဒါရယာ ပလက်တီ မာရီယာ စတော့နျက် |
ဓာတ်ပုံ | အေရီယယ် မတ်သော့ဘယ်လီမဲ |
တည်းဖြတ် | မက်သယူး ဂရီမာဒ် |
ကြာမြင့်ချိန် | 14 minutes |
နိုင်ငံ | ကနေဒါနိုင်ငံ |
ဘာသာစကား | ရုရှားဘာသာစကား |
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း | |
ဖြန့်ချိသည့်နေ့ |
|
ထုတ်ဝေသူ | H264 Distribution |
၂၀၁၉ ခုနှစ်က ကျင်းပသည့် Abitibi-Témiscamingue နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပထမဆုံး ပြသခဲ့ပြီး Prix SPIRA အကဲဖြတ်အဖွဲ့ဝင်များထံမှ မှတ်ချက်ကောင်းများရရှိခဲ့သည်။[၂] ထို့နောက် ၂၀၂၀ ဘာလင်ရုပ်ရှင်ပွဲတော်တွင် ထပ်မံပြသခဲ့ရာတွင်လည်း Generation 14plus အကဲဖြတ်များထံမှလည်း ချီးကျူးမှုများရရှိခဲ့သည်။[၃] ၂၀၂၁ ပလိန်းအေကန်ပွဲတော်တွင် ပြသခဲ့ရာ အထူးဆုကြီးကို ဆွတ်ခူးခဲ့သည်။[၄]
(၉) ကြိမ်မြောက် ကနေဒါရုပ်ရှင်ဆုပေးပွဲ၌ အကောင်းဆုံးဇာတ်လမ်းတိုဆုအတွက်လည်းကောင်း၊[၅] (၂၂) ကြိမ်မြောက် ကွီဘက်ရုပ်ရှင်ဆုပေးပွဲ၌ အကောင်းဆုံးရုပ်ရှင်တိုဆုအတွက်လည်းကောင်း[၆]ဆန်ခါတင်ဇာတ်ကားအဖြစ် ရွေးချယ်ခံရသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Artur Korniienko, "Film critic: Ukraine you’d never leave in flashy ‘Goodbye Golovin’ short". Kyiv Post, October 13, 2020.
- ↑ Jean-François Vachon, "Le cinéma régional triomphe au FCIAT". Le Citoyen, October 31, 2019.
- ↑ "Deux courts métrages québécois récompensés à la Berlinale". Ici Radio-Canada, February 29, 2020.
- ↑ Éric Moreault, "Goodbye Golovin remporte le grand prix Plein(s) écran(s)". Le Soleil, January 23, 2021.
- ↑ Brent Furdyk (March 30, 2021)။ Canadian Screen Awards Announces 2021 Film Nominations (in en-US)။ 30 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 March 2022 တွင် ပြန်စစ်ပြီး။
- ↑ Jean-François Vandeuren, "La déesse des mouches à feu part en tête des nominations du Gala Québec Cinéma 2021". Showbizz.net, April 26, 2021.
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်- အိုင်အမ်ဒီဘီပေါ်ရှိ ဂွတ်ဘိုင် ဂိုလိုဗင်