[၁] အရှင်အာနန္ဒာသည် ကောသမ္ဗီမြို့၊ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဓာတုနာနတ္တနှင့်ဆက်စပ်၍ ဃောသိတဂဟပတိ၏ လျှောက်ထားချက် အရ “ထင်ရှားရှိသော အဇ္ဈတ္တိကာယတန ၆-ပါး၊ ဗဟိဒ္ဓါယတန ၆-ပါး၊ ဝိညာဏဓာတ် ၇-ပါးတို့ဖြစ်ရာဝယ် သုခဝေဒနိယဖဿကိုစွဲ၍ သုခဝေဒနာ၊ ဒုက္ခဝေဒနိယဖဿကိုစွဲ၍ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနိယဖဿကို စွဲ၍ ဥပေက္ခာဝေဒနာတို့ ဖြစ်ပေါ်လာမှုကို ဓာတုနာနတ္တ-ဟု ဟောတော်မူကြောင်း ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -ဤသုတ်ဝယ် ဓာတ်ပေါင်း ၂၃-မျိုးတို့၏အစွမ်းအားဖြင့် ဓာတုနာနတ္တဖြစ်ပုံကို ဟောတော်မူကြောင်း ဖွင့်ပြထားပါသည်။

ဋီကာ၌-ဓာတ် ၂၃-ပါးဟူသည် ပဉ္စဒွါရ၌ ၂၀၊ မနောဒွါရ၌ ၃-ပါး ဖြစ်ကြောင်း ဖွင့်ပြထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၂၊၃၃၁-၂။ သံ၊မြန်၊၂၊၃၂၅-၆။ သံ၊ဋ္ဌ၊၃၊၄၀-၁။ သံ၊ဋီ၊၂၊၃၁၁-၂။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ (၁၃)၃ ဂဟပတိဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ