ငရုတ်သီးပိုး အစပ်မကြောက်

ငရုတ်သီးပိုး အစပ်မကြောက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ငရုတ်သီး၌ ခိုအောင်းနေသော ပိုးသည် အပူအစပ်ကို မကြောက်တော့သကဲ့သို့ ဆင်းရဲဒုက္ခနှင့် ကြီးပြင်းလာရသူသည် ဆင်းရဲဒုက္ခကို မကြောက်တော့ချေ။ အခြားဆိုလိုရင်းတစ်ခုမှာ ငရုတ်သီး၌ ခိုအောင်းနေသောပိုးသည် အပူအစပ်ကို မကြောက်တော့သကဲ့သို့ မကောင်းမှု၌ မွေ့လျော်သူသည် မကောင်းမှုကို ပြုရန် မကြောက်တော့ချေ။

ဆိုလိုရင်းတူညီသောအခြားစကားပုံ ပြင်ဆင်ရန်

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၄၉