Clerodendron siphonanthus R.Br (ငရံ့ပတူ) ပြင်ဆင်ရန်

  • Botany Term : Clerodendron siphonanthus R.Br
  • Species/Family : Verbenaceae
 
ငရံ့ပတူပင်

ပုံသဏ္ဌာန် : အပင် အပင်ငယ်မျိုးဖြစ်၍ ၅ ပေ မှ ၆ ပေခန့်ထိ မြင့်တတ်၏။ ပင်စည်အတွင်း၌အခေါင်းပါရှိသည်။ အရွက်ထွက်သည့် အဆစ်နေရာများ ခရမ်းရောင်ရှိသည်။ အရွက် ၃ ရွက်စီ ပင်လုံးတန်းကိုပတ်၍ အဆင့်ဆင့်ထွက်၏။ ရှည်မျောမျော ဘဲဥပုံဖြစ်သည်။ အရင်းသွယ်၍ အဖျား ချွန်သည်။ ၆ လက်မထိရှည်သည်။ ရွက်ပြားချော၍ ရွက်နားညီသည်။ အပွင့် အပင်ရိုးတံ ထိပ်ဖျားတွင် အပွင့်များပွင့်သည်။ အနီ သို့မဟုတ် အဖြူရောင်ရှိသည်။ ကဆုန်လမှ ဝါခေါင်လ အတွင်းပွင့်သည်။ အသီး အသီးမှည့်က နီညိုရောင်ရှိသည်။ ဝါခေါင်လမှ သီတင်းကျွတ်လ အတွင်းသီးမှည့်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက်၊ အမြစ်၊ အစေ့။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ။ ။ သဘာ၀အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : မြန်မာဆေးကျမ်းများအလိုအရ ငရံ့ပတူ အမြစ်နှင့် အရွက်သည် ပူ၊ခါး သော အရသာရှိ၏။ ကြေညက်၍ ပူသော ဂုဏ်သတ္တိရှိ၏။ သွေးကို ကြွစေပြီး လေကို ရစေသည်။ အသုံးပြုပုံ- အရွက် ၁။ အရွက်နှင့် အမြစ်တို့ကို အနာကြီးရောဂါဆေးများနှင့် မီးယပ်ဆေး များဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။ ၂။ အရွက်သည် ကိုယ်ပူနာ၊ လေနာ၊ ချောင်းဆိုးနာတို့ကိုနိုင်၏။ မီးယပ်သွေးခဲ၊ သွေးကျန်တို့ကို ကြေပျက်၍ ကျစေသည်။ ၃။ အရွက်ကိုပြုတ်၍ သုပ်စားခြင်းဖြင့် လေကောင်း၍ ဝမ်းမှန်စေသည်။ ၄။ သန်ကျဆေး ဖော်စပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုသည်။ အမြစ် ၁။ အမြစ်ကိုသွေး၍ ချင်းခြောက်မှုန့်နှင့်ရောပြီး ရေနွေးနှင့်သောက်ပါက အဆုတ်နာပျောက်၏။ ၂။ အမြစ်နှင့် ဖော်စပ်သောဆေးသည် ဒူလာ၊ ညောင်းကျ၊ ပန်းနာ၊ ရင်ကျပ်၊ ချောင်းဆိုး၊ အကိုက်အခဲ ကို ပျောက်ကင်းစေနိုင်သည်။ အစေ့ ၁။ အစေ့ကို လူပျိုနာကြောင့်ဖြစ်သော အဆစ်ရောင် ရောဂါများအတွက် အသုံးပြုရ၏။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. http://arogyamonline.com/commodity/materials/?raw=50[လင့်ခ်သေ]