ငါန်းမြာကြီးမြို့

(ငါန်းမြာကြီး မှ ပြန်ညွှန်းထားသည်)

ငါန်းမြာကြီးမြို့သည် မြင်းခြံခရိုင်ငါန်းဇွန်မြို့နယ်တွင် ပါဝင်သော မြို့ဖြစ်သည်။ သမိုင်းဝင် ရွာကြီးတစ်ရွာဖြစ်ခဲ့ပြီး ယခု မြို့အဆင့် ဖြစ်သည် ။ []ငါန်းမြာဆေးရွက်ကြီးမှာ နာမည်ကျော်ကြားသည်။ စည်ပင်သာယာဈေး ၊ တိုက်နယ်ဆေးရုံ၊ အထက်တန်းကျောင်းများ ရှိသည်။ ရပ်ကွက်ကြီး ၁၁ ခုဖြင့် ဖွဲ့စည်းထားသည်။ အိမ်ခြေ ၁၂၀၀ ကျော် ရှိသည်။ ရွာလယ် မြစကြာ စာကြည့်တိုက်မှာ ထင်ရှားသည်။[]

ငါန်းမြာကြီးမြို့သည် မြောက်ဘက်တွင် ငါန်းဇွန်မြို့၊တောင်ဘက်တွင် ဆီမီးခုံမြို့၊ အရှေ့တောင်ဘက်တွင် မြို့သာစက်မှုဥယျာဉ်မြို့တော်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြား၍ စစ်ကိုင်းခရိုင် မြောင်မြို့နှင့် ထိစပ်နေသည်။

သမိုင်းဝင်ရွာ ငါန်းမြာ သည် ယခင်က ငါန်းဇွန်မြို့နှင့်အတူ စစ်ကိုင်းတိုင်းအတွင်းကဖြစ်သည်။ ယခုအခါ မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်း ထည့်သွင်းဖွဲ့စည်းထားသည်။ စာပေလောကတွင် ထင်ရှားသည့် ကဗျာတပုဒ်ဖြစ်သည့် လူဦးမင်း (မြန်မာသက္ကရာဇ် ၁၁၆၂-၁၂၃၃) ‌ရေးစပ်သည့် ကဗျာတွင်

‘တံတားဦးက ကွမ်းနုဝါ၊ ငါန်းမြာ က ဆေး။ ကိုင်း ထုံးဖြူ ပြည် ရှားနဲ့၊ သာဝါးလို့ထွေး။’

ဟူ၍ အဆိုပါခေတ်က မြန်မာနိုင်ငံ ဈေးကွက်တွင် ထင်ရှားသော ထုတ်ကုန် ‌ငါန်းမြာ ဆေးရွက်ကြီးအကြောင်းကို ထည့်သွင်း ရေးစပ်ထားသည်ကို ‌တွေ့ရသည်။[]

ငါန်းမြာနယ် ဆေးရွက်ကြီးမှာ မင်းပေါက်စိုးပေါက်ဖြစ်ခဲ့ကာ စီပင်ဖွံ့ဖြိုးခဲ့သည့် လက္ခဏာအဖြစ် ရှေးဟောင်း သာသနိက အဆောက်အဦအများအပြားကို ငါန်းမြာ နှင့် အနီးဝန်းကျင်ရွာများတွင် အနေရာအနှံ့ ‌ေေ့နိုင်ပါသည်။[]

စီးပွားရေး

ပြင်ဆင်ရန်

ရှေး အစဉ်အဆက်ကတည်းက ငါန်းမြာ အပါအဝင် ဒေသတဝိုက်ရွာများ၏ စီးပွားရေးမှာ ‌ဗမာဆေးရွက်ကြီးထုတ်လုပ်သည့် လုပ်ငန်းဖြစ်သည်။ ကျွန်း‌ေးဖြစ်သည်။

ယခုအခါ ပြောင်း ကို ပိုမိုစိုက်ပျိုးလာကြသည်။

  1. ငါန်းမြာကဆေး ဆောင်းပါး၊ အရှင်သုမင်္ဂလ (စစ်ကိုင်း)[၁]
  2. အညာမြေကဆေးရွက်ကြီး ‌ောင်းပါး၊ [၂]
  3. ဆေးတံတို ဆောင်းပါး၊ ရန်ဝင်း (တောင်တံခါး) ရေး၊ သစ်ထူးလွင်
  4. ငါန်းမြာ ‌ကောင်းကင်ဓါတ်ပုံများ