ငါးကြင်းဆီနှင့် ငါးကြင်းကြော်

မြန်မာ့ရိုးရာစကားပုံ

ငါးကြင်းဆီနှင့် ငါးကြင်းကြော် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ငါးကြင်းမှ ရသော အဆီဖြင့် ငါးကြင်းကို ကြော်သကဲ့သို့ ကိစ္စတစ်ရပ်မှ ရရှိသည့် အကျိုးအမြတ်ဖြင့်ပင် ထိုကိစ္စပြီးမြောက် အောင်မြင်စေသည်။

မူလရင်းမြစ် ပြင်ဆင်ရန်

  • "ကုန်သည်လုပ်ငန်းတွင် ပထမမြတ်သော အမြတ်ဖြင့် ဆက်၍ ရင်းရသဖြင့် ရှုံးသွားလျှင် အရေးမကြီး၊ ငါးကြင်းဆီနှင့် ငါးကြင်းကြော်ပဲဟု ဆိုစမှတ်ပြု၏။" [၁၃၂၅] ရှုမဝ၊ ၁၆၊ ၁၈၈။ ၁၄၇။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၅၀