ငါးပါး (Thrissocles Purava) သည် ငအုပ်ဖားနှင့်အတူ 'အန်ချိုဗီ'ငါးမျိုးစုတွင် ပါဝင်သည်။ ငါးပါးကို ရှောက်အသင်းဟူ၍လည်း ခေါ်သည်။ သိပ္ပံအမည်မှာ 'တြစ်စော့ကလီပါရေးဗား' ဖြစ်သည်။ ငါးပါး တွင် ဆူးတောင်တို့သည် ကြီးထွားဖွံ့ဖြိုးသည်။ အမြီးခွ ရှည် သည်။ အကြေးခွံများသည် အလျားလိုက် ညီညီညာညာရှိသည်။ ကျောဆူးတောင်နှင့် စအိုဆူးတောင်တို့အောက်ခြေတွင် အကြေး ခွံငယ်များ စီတန်းလျက် ရှိသည်။ ပါးစပ်ပေါက် အလွန် ကျယ် သည်။ မေးရိုး ၂ ခုလုံးတွင် သွားများပါရှိသည်။ ငါးပါးသည် ၁၂ လက်မခန့်အထိ ကြီးထွားသည်။ အရောင်မှာ ငွေရောင် ဖြစ်၍ ကျောတွင်အပြာရောင် ဦးခေါင်းတွင် ရွှေရောင် ထလျက် ရှိသည်။ ကျောဆူးတောင်နှင့် အမြီးဆူးတောင်တို့၌ ဝါကြန့်ကြန့် အရောင်ရှိသည်။ အခြားဆူးတောင်တို့၌ အရောင် မရှိချေ။ ငါးပါးသည် အသားနှင့်အရိုး နူးညံ့သောငါးမျိုး ဖြစ် သည်။ ရခိုင်ကမ်းရိုးတန်းတွင် အများအပြား တွေ့ရသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)