ငါးပေါင်းထုပ် သည် ငါးကို ရဲယိုရွက်ဖြင့် ထုပ်ကာ ပေါင်းထားသည့် မွန်ရိုးရာ ဟင်းလျာတမျိုး ဖြစ်သည်။

ပါဝင်ပစ္စည်းနှင့် လုပ်နည်း ပြင်ဆင်ရန်

ငါးပေါင်းထုပ် လုပ်ရန် ငါးခူငါးရံ့ကကတစ်တို့ကို အသုံးများသည်။ [၁] မြန်မာပြည်အထက်ပိုင်းတွင် အသားများသော ငါးကြင်းကို သုံးလေ့ရှိသည်။ ထုပ်ရန်အတွက် ရဲယိုရွက်ကို သုံးသည်။ မရနိုင်က ငှက်ပျောရွက်နုကို သုံးသည်လည်း ရှိ၏။

အခြားပါဝင်ပစ္စည်းများမှာ ကြက်သွန်ဖြူကြက်သွန်နီ၊ ချင်း၊ ဆား၊ သကြား၊ ငရုပ်သီးအစိမ်းမှုန့် (သို့) စဉ်းထားသော ငရုပ်သီးစိမ်း၊ ဆန်လှော်မှုန့်၊ နနွင်းမှုန့်၊ ဆီစပါးလင်တို့ ဖြစ်သည်။ [၂]

အစာတိုးစေရန် မျှစ်ကို၎င်း၊ ငှက်ပျောဖူးကို၎င်း ထည့်တတ်သေးသည်။ [၃]

မူကွဲများ ပြင်ဆင်ရန်

ထိုင်းနိုင်ငံတွင် စားသည့် ငါးပေါင်းထုပ်မှာ နွားနို့၊ နံနံပင်၊ သံပရာရည်တို့ သုံးကာ ချဉ်ချိုချိုအရသာ ရှိသည်။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. "သထုံငါးပေါင်းထုပ်နှင့်ထမင်းဝါ". Myanmar Digital News. 2020-07-19.
  2. "ငါးပေါင်းထုပ်လုပ်နည်း". Food Industry Directory. 2018-09-17.
  3. "တောင်စွန်းငါးပေါင်းထုပ် Archived 2 September 2021 at the Wayback Machine.". မြန်မာတိုင်းမ်. 2020-11-19.
  4. Sofia. "ယိုးဒယားငါးပေါင်းထုပ် (Steamed Fish in Banana Leave) Archived 2 September 2021 at the Wayback Machine.". Taste Window Magazine. 2018-08-01.