ငါးပျံ
Temporal range: Eocene–Present[၁]
Sailfin flying-fish
en:Parexocoetus brachypterus
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Beloniformes
မျိုးစဉ်သေး: Exocoetoidei
Superfamily: Exocoetoidea
မျိုးရင်း: Exocoetidae
Risso, 1827[၂]
Genera

see text

ငါးပျံ (Flying Fish) သည် 'အိပ်ဇိုစီတီဒေး'ငါးမျိုးရင်းတွင် ပါဝင်သည်။ ငါးပျံ၏ ရင်ဆူးတောင်သည် အလွန်ကြီး၍ အမြီးဆူးတောင်၏ အောက်ခွမှာ အလွန်ရှည်သည်။ ငါးပျံသည် အမြီးနှင့် ပြင်းထန် စွာ ရေကို ရိုက်ခတ်၍ အပေါ်သို့ခုန်ပြီးလျှင် ရင်ဆူးတောင်ကို ငှက်တောင်များသဖွယ်ဖြန့်၍ လေဟုန်စီးနိုင်သည်။ ဤနည်းဖြင့် ကိုက် ၂ဝဝ အဝေးအထိပင် ပျံနိုင်၏။ ပျံသန်းသည်မှာ ငမန်း၊ လင်းပိုင်စသော ရန်သူတို့၏ဘေးမှ လွတ်မြောက်ရန် ဖြစ် ကောင်း ဖြစ်မည်ဟု ယူဆကြသည်။ ငါးပျံအမျိုး ၅ဝ ခန့်ရှိသည်။ ငါးပျံကို နွေးသောပင်လယ် များတွင် တွေ့ရသည်။ အာဖရိကတိုက်ရှိ ရေချိုပိုင်း၌ တွေ့ရ သော ပင်တိုဒန်ခေါ် ငါးသည်ငါးပျံတစ်မျိုးဖြစ်၏။ ထိုငါးပျံ သည် တောင်အမေရိကမြစ်များရှိ 'ဂက်စတရိုပီလီးကပ်'ခေါ် ငါးပျံလောက် မပျံသန်းနိုင်ပေ။ ထိုငါးပျံ၏ ဝမ်းပိုက်သည် သင်္ဘောဝမ်းနှင့်တူ၍ ပျံလိုသောအခါ ရင်ဆူးတောင်များဖြင့် ရေကိုရိုက်ခတ်ကာ အပေါ်သို့တက်လေသည်။ ကာလီဖိုးနီးယား ပြည်နယ်တောင်ပိုင်း၌ တွေ့ရသော ငါးပျံတစ်မျိုးသည် ၁၈ လက်မခန့်ပင်ရှည်၍ ကြီးသော ရင်ဆူးတောင်၊ ဝမ်းဆူးတောင်တို့ဖြင့် ဝေးလံစွာ ပျံသန်းနိုင်သည်။[၃]

ငါးပျံတစ်ကောင် လေထဲသို့ စတင်ပျံတက်နေပုံ


ကိုးကား ပြင်ဆင်ရန်

  1. Exocoetidae။ 23 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 November 2021 တွင် ပြန်စစ်ပြီး။
  2. "Family-group names of Recent fishes" (2014). Zootaxa 3882 (2): 001–230. doi:10.11646/zootaxa.3882.1.1. PMID 25543675. 
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)