ငါးမြင်းရင်း၏ ပါဏဗေဒအမည်မှာ 'ဆူဒူတြိုပိယပ်ဂွန်ဂဝါရီ' (Eutropiichthys goongwaree) ဖြစ်သည်။ အသွင်အားဖြင့် ငါးမြင်းရင်းသည် ငါးမြင်းနှင့်ဆင်တူယိုးမှားဖြစ်သည်။ ငါးမြင်းရင်းကိုယ်သည် ငါးမြင်းကဲ့သို့ ငါးမြင်းကလောင်ကိုယ်ထက် ပိုရှည်သည်။ ဦးခေါင်းထက် ပို၍ချွန်သည်။ ယင်း၏ စအိုဆူးတောင်သည်လည် အမြီးဆူးတောင်နှင့် ထိလုနီးပါးပင် ရှည်လျားသည်။ ငါးသံချိတ်ဖား၊ ငါးသက္ကလတ်တို့သည် ငါးမြင်းရင်းနှင့် မျိုးချင်းနွှယ်သောငါးများ ဖြစ်ကြပေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)